ရာသီဝက်မှာ နည်းပြလုပ်ဖို့ လာမခေါ်နဲ့လို့ မန်ယူကို ငြင်းလိုက်တဲ့ အေဂျက်နည်းပြ တန်ဟက်

အေဂျက် အသင်းနည်းပြ အဲရစ်တန်ဟက် ကတော့ သူဟာ မန်ယူအသင်း နည်းပြရာထူးအတွက် ရာသီတဝက်မှာ အေဂျက်ကနေ ထွက်ခွာမှာ မဟုတ်ဘူးလို့ ပြောကြားလိုက်ပါတယ်။ ဆိုးလ်ရှားကတော့ မန်ချက်စတာဒါဘီမှာ မန်စီးတီးကို အရေးနိမ့်ပြီးနောက် နည်းပြရာထူးကနေ အထုတ်ခံရဖို့ ဖိအားတွေများလာပါတယ်။

မန်ယူအသင်း ဟာ ပရီးမီးယားလိဂ်နောက်ဆုံး ၆ ပွဲမှာ ၁ ပွဲသာ အနိုင်ရရှိခဲ့ပြီး လီဗာပူးကို ၅ ဂိုးပြတ် အရေးနိမ့်ခဲ့သလို မန်စီးတီးကိုလည်းအိမ်ကွင်းမှာ ၂ ဂိုးပြတ်နဲ့ အရေးနိမ့်ခဲ့ပါတယ်။

နိုင်ငံတကာ သီတင်းပတ်မှာ ဆိုးလ်ရှားတစ်ယောက် နည်းပြ ရာထူးကနေ အထုတ်ခံရမယ်လို့ သတင်းကြီးနေပြီး ပရိသတ်တွေနဲ့ ဖာဒီနန်ကလည်း ဆိုးလ်ရှားကို အပြောင်းအလဲလုပ်ဖို့ တောင်းဆိုနေကြပါတယ်။

ကွန်တီကို မရနိုင်တော့တဲ့နောက် မန်ချက်စတာ ယူနိုက်တက် နည်းပြရာထူးအတွက် တန်ဟက်က သတင်းကြီးနေပြီး ချိတ်ဆက်မှုတွေလည်း ရှိနေတာဖြစ်ပါတယ်။ နယ်သာလန်သားဟာ အေဂျက်ကို ၂၀၁၈ – ၁၉ ရာသီမှာ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပို့ဆောင်နိုင်ခဲ့တဲ့အထိ အောင်မြင်မှုရအောင် တည်ဆောက်နိုင်ခဲ့ပါတယ်။

တန်ဟက် ဟာ အခုရာသီဝက်မှာ အေဂျက်အသင်းကနေ ထွက်ခွာဖွယ်မရှိပေမယ့် နီးစပ်တဲ့သတင်းတွေအရ ရာသီကုန်မှသာ အသင်းကနေ ထွက်ခွာဖွယ်ရှိနေတယ်လို့ ဖော်ပြနေကြပါတယ်။ တန်ဟက် က ၂၀၁၇ ကတည်းက အေဂျက်ကို တာဝန်ယူခဲ့တာဖြစ်ကာ ဆုဖလား ၂ လုံး ရယူပေးထားပါတယ်။

ZG

ေအဂ်က္ အသင္းနည္းျပ အဲရစ္တန္ဟက္ ကေတာ့ သူဟာ မန္ယူအသင္း နည္းျပရာထူးအတြက္ ရာသီတဝက္မွာ ေအဂ်က္ကေန ထြက္ခြာမွာ မဟုတ္ဘူးလို႔ ေျပာၾကားလိုက္ပါတယ္။ ဆိုးလ္ရွားကေတာ့ မန္ခ်က္စတာဒါဘီမွာ မန္စီးတီးကို အေရးနိမ့္ၿပီးေနာက္ နည္းျပရာထူးကေန အထုတ္ခံရဖို႔ ဖိအားေတြမ်ားလာပါတယ္။

မန္ယူအသင္း ဟာ ပရီးမီးယားလိဂ္ေနာက္ဆုံး ၆ ပြဲမွာ ၁ ပြဲသာ အႏိုင္ရရွိခဲ့ၿပီး လီဗာပူးကို ၅ ဂိုးျပတ္ အေရးနိမ့္ခဲ့သလို မန္စီးတီးကိုလည္းအိမ္ကြင္းမွာ ၂ ဂိုးျပတ္နဲ႔ အေရးနိမ့္ခဲ့ပါတယ္။

ႏိုင္ငံတကာ သီတင္းပတ္မွာ ဆိုးလ္ရွားတစ္ေယာက္ နည္းျပ ရာထူးကေန အထုတ္ခံရမယ္လို႔ သတင္းႀကီးေနၿပီး ပရိသတ္ေတြနဲ႔ ဖာဒီနန္ကလည္း ဆိုးလ္ရွားကို အေျပာင္းအလဲလုပ္ဖို႔ ေတာင္းဆိုေနၾကပါတယ္။

ကြန္တီကို မရနိုင္ေတာ့တဲ့ေနာက္ မန္ခ်က္စတာ ယူႏိုက္တက္ နည္းျပရာထူးအတြက္ တန္ဟက္က သတင္းႀကီးေနၿပီး ခ်ိတ္ဆက္မႈေတြလည္း ရွိေနတာျဖစ္ပါတယ္။ နယ္သာလန္သားဟာ ေအဂ်က္ကို ၂၀၁၈ – ၁၉ ရာသီမွာ ခ်န္ပီယံလိဂ္ ဆီမီးဖိုင္နယ္ ပို႔ေဆာင္ႏိုင္ခဲ့တဲ့အထိ ေအာင္ျမင္မႈရေအာင္ တည္ေဆာက္ႏိုင္ခဲ့ပါတယ္။

တန္ဟက္ ဟာ အခုရာသီဝက္မွာ ေအဂ်က္အသင္းကေန ထြက္ခြာဖြယ္မရွိေပမယ့္ နီးစပ္တဲ့သတင္းေတြအရ ရာသီကုန္မွသာ အသင္းကေန ထြက္ခြာဖြယ္ရွိေနတယ္လို႔ ေဖာ္ျပေနၾကပါတယ္။ တန္ဟက္ က ၂၀၁၇ ကတည္းက ေအဂ်က္ကို တာဝန္ယူခဲ့တာျဖစ္ကာ ဆုဖလား ၂ လုံး ရယူေပးထားပါတယ္။