အကြာကြီး နားရမယ့် ဝမ် ဘစ်ဆာကာ၊ ဒေါကန်ဆူပူနေတဲ့ တန်ဟက်၊ လူငယ်ပွဲ သွားကြည့်သူ ဆန်ချိုနဲ့ နောက်ဆုံးရ မန်ယူ သတင်းတိုများ
ဘရိုက်တန်နဲ့ ပွဲပြီးခါနီးမှာ ဒဏ်ရာ သွားခဲ့တဲ့ နောက်ခံလူ ဝမ်ဘစ်ဆာကာ ဟာ တံကောက်ကြော ထိသွားတာကြောင့် သီတင်းပတ် များစွာ အနားယူရတော့မယ် လို့ ကနဦး စစ်ဆေးမှုများ အရ သိရပါတယ်။
ထိုပွဲ မှာ တိုက်စစ်မှူး ဟော့ဂျ်လန်းကို ထုတ်ပယ်ပြီး မာစီယဲလ်ကို လူစားထည့်အသုံးပြုခဲ့တဲ့ နည်းပြ တန်ဟတ်ဂ်ရဲ့ ဆုံးဖြတ်ချက်ကို မန်ယူအသင်း ပရိသတ်တွေက ဝေဖန်နေကြပါတယ်။
မန်ယူအသင်းနည်းပြ တန်ဟတ်ဂ်ကတော့ ဘရိုက်တန်ကို ရှုံးနိမ့်ခဲ့ပြီးနောက် အတော်လေး စိတ်ဆိုးဒေါသထွက်နေပြီး အသင်း ကစားသမားတွေကိုလည်း ကိုယ့်အခြေအနေကို ကိုယ်ပြန်သုံးသပ်ကြဖို့ ပြောဆိုသွားခဲ့ပါတယ်။

မန်ယူအသင်းအတွက် ပါဝင် ကစားခွင့် မရခဲ့တဲ့ ဆန်ချိုတစ်ယောက် ကာရင်တန်မှာ ကစားခဲ့တဲ့ အသက် ၁၈ နှစ်အောက် လူငယ် ပွဲစဉ်ကို သွားရောက်ကြည့်ရှုခဲ့ကြောင်း သတင်းရရှိပါတယ်။
အင်တာဂိုးသမားဟောင်း ဟန်ဒါနိုဗစ်ကတော့ အသင်းဖော်ဟောင်း အိုနာနာရဲ့ စိတ်ဓါတ်ကို သိပ်မကြိုက်ခဲ့ရကြောင်း ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။
ဘရိုက်တန်အသင်းနည်းပြ ဇာဗီ မန်ယူအသင်းကို အနိုင်ရခဲ့တာက ထူးဆန်းတဲ့ ကိစ္စမဟုတ်ကြောင်း ထုတ်ဖော်ပြောဆို သွားခဲ့ပါတယ်။
မန်ယူအသင်းတောင်ပံ ကစားသမားလေး အမတ် ဒီယာလိုကတော့ အသင်းဖော်ဟောင်း ဂရင်းဝုဒ်ရဲ့ ဂီတာဖေး ပွဲထွက်ပွဲစဉ်ကို လူမှုကွန်ယက်ကနေ အားပေးနေကြောင်း ပြသခဲ့ပါတယ်။
လက်ရှိ ရာသီ ပရီးမီးယားလိဂ်ရဲ့ အမြန်ဆုံး ကစားသမားစာရင်းကို ဘန်းမောက်တိုက်စစ်မှူး ဆိုလန်ကီက ထိပ်ဆုံးမှ ဦးဆောင်နေပြီး နယူးကာဆယ်မှ ဂေါ်ဒန်၊ မန်ယူမှ ဟော့ဂျ်လန်းတို့က ထိပ်ဆုံး ၅ ဦးစာရင်းထဲ ဝင်ရောက်ခဲ့ကြောင်း သိရှိ ရပါတယ်။