မန်ယူမှာ ဒဏ်ရာရသူတွေ များလွန်းလို့ ဆရာဝန်ဆီပဲ ပြေးရမလား ဘာလုပ်ရမလဲ မသိတော့ဘူး ညည်းလာတဲ့ တန်ဟက်

မန်ချက်စတာ ယူနိုက်တက် ကစားသမားတွေ အများအပြားကို ဒဏ်ရာပြဿနာ ကြုံနေရတဲ့အပေါ် စိုးရိမ်စိတ် ဝင်နေရပြီ ဖြစ်ောကာင်း နည်းပြအဲရစ်တန်ဟတ်က ပြောဆိုလိုက်ပါတယ်။

အဲရစ်တန်ဟတ်ဟာ ဘိုင်ယန်မြူးနစ်နဲ့ ကစားမယ့် ချန်ပီယံလိဂ်ပွဲစဉ်အတွင် ကစားသမား ၂၁ ယောက်စာရင်းကို ပြီးခဲ့တဲ့ အင်္ဂါနေ့ သတင်းစာရှင်းလင်းပွဲမှာ အတည်ပြုပေးခဲ့ပြီး အဲဒီအထဲမှာ မန်ယူအသင်းရဲ့ ဒဏ်ရာရနေတဲ့ ကစားသမား ၉ ယောက်လောက် ပါဝင်ခွင့် မရခဲ့ပါဘူး။

ကွင်းလယ်လူ မေဆင်မောင့်နဲ့ နောက်ခံလူ ရာဖေးလ်ဗာရန်းတို့ဟာ အင်္ဂါနေ့ မနက်ပိုင်းကလုပ်ခဲ့တဲ့ လေ့ကျင့်ရေး အစီအစဉ်မှာ အသင်းနဲ့အတူ ပါဝင်လာခဲ့ပေမဲ့လည်း ဘိုင်ယန်နဲ့ ကစားမယ့် လူစာရင်းမှာတော့ မပါဝင်နိုင်သေးပါဘူး။

ကွင်းလယ်လူဖြစ်တဲ့ မိုင်နူး၊ အမ်မရာဘတ်တို့ဟာ သီးခြားစီ လေ့ကျင့်ခန်းတွေလုပ်နေရပြီး အသင်းနဲ့ မပူး ပေါင်းနိုင်သေးသလို ဘစ်ဆာကာ၊ လုခ်ရှော၊ မာလာစီယာနဲ့ အာမက်တို့လည်း ကာလရှည် အနားယူဖို့ လိုနေပါသေးတယ်။

စည်းကမ်းပိုင်းဆိုင်အရာ အား နည်းချက်ရှိခဲ့ပြီး နည်းပြတန်ဟတ်နဲ့လည်း အဖုအထစ်ဖြစ်ထားတဲ့ ဆန်ချိုဟာ အသင်း လူစာရင်းမှာ ပါဝင်ခွင့်မရသလို ရဲတွေ စစ်ဆေးမေးမြန်းတာ ခံနေရတဲ့ အန်တိုနီလည်း မန်ယူနဲ့အတူ ကစားခွင့် မရပါဘူး။

ယူနိုက်တက်ဟာ ကွင်း လယ်လူ ဗန်ဒီဘိခ်ကိုတော့ ချန်ပီယံလိဂ်လူစာရင်းထဲမှာ ထည့်သွင်း ပေးပို့ ထားတာမျိုး မရှိတဲ့အတွက် ဘိုင်ယန်နဲ့ပွဲမှာ ဗန်ဒီဘိခ်ကိုလည်း မြင်ခွင့်ရမှာ မဟုတ်ပါဘူး။

နောက်ပြီး နောက်ခံလူ မက်ဂွိုင်းယားကလည်း လေ့ကျင့်ရေး အစီအစဉ်မှာ ဒဏ်ရာပြဿနာလေး နည်းနည်းရှိနေတဲ့အတွက် မသေချာတဲ့ အနေအထားမှာရှိနေလို့ အခုလိုမျိုး ဒဏ်ရာပြဿနာတွေ များနေတဲ့အပေါ် စိုးရိမ်နေရပြီလို့ တန်ဟတ်က ဆိုပါတယ်။

” သူ့မှာ ပြဿနာ နည်းနည်းရှိ နေတယ်လို့ ကျွန်တော်တို့ သိရတယ်။ ဘယ်လောက်အထိ ဆိုးသလဲဆိုတာ ကျွန်တော်တို့ ကြည့်ရမှာပေါ့။ ဒီနေ့ လေ့ကျင့်ရေးအစီအစဉ်ကိုတော့ သူက ပြီး အောင် လုပ်သွားနိုင်ခဲ့တယ်။

ဒါပေမဲ့ ခရီးသွားရလောက်တဲ့အထိတော့ အဆင်မပြေဘူး။ ဟုတ်ပါတယ်။ အဲဒါက စိုးရိမ်စရာပါ။ ဒီဟာမျိုးတွေ ကို အရင်ကတည်းက ကျွန်တော်တို့ သိခဲ့ပြီးသားပါ။ ဒါကြောင့်လည်း ဒီအသင်းလူစာရင်းကို ထုနဲ့ထည်နဲ့ တည်ဆောက်ထားတာပေါ့။

ဒါကြောင့် ကျွန် တော်တို့ လုပ်နိုင်ကိုင်နိုင်ပါတယ်။ အသင်းလူစာရင်းက ဒီကိစ္စကို ဖြေရှင်းနိုင်ပါတယ်။ ဒီကိစ္စအတွက် ဆရာဝန်တွေဆီပဲ သွားရမလား ဒါမှမဟုတ်ရင် တာဝန်ရှိသူတွေဆီပဲ အပူကပ်ရမလား ကျွန်တော် မသိပါဘူး။

ဘာကြောင့်လဲ ဆိုတော့ သူတို့တွေဟာ ဒဏ်ရာပြဿနာတွေ တစ်ပုံကြီးနဲ့ လုံးလည်ချာလည် လိုက်နေကြတာ ” လို့ တန်ဟတ်က အင်္ဂါကနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောသွားခဲ့တာ ဖြစ်ပါတယ်။