ကိန်း မရလိုက်ပေမယ့် ဟွိုင်လန်းနဲ့ အဆင်ပြေတယ်၊ နောင်တ မရဘူးလို့ တန်ဟက် အခိုင်အမာ ပြောဆို
ဘိုင်ယန်ရောက်သွားတဲ့ တိုက်စစ်မှူး ဟယ်ရီကိန်းကို အိုးလ်ထရက်ဖို့ဒ် ဆီ အရောက်မခေါ်နိုင်ခဲ့ပေမဲ့လည်း နောင်တ မရဘူးလို့ မန်ယူနည်းပြ အဲရစ် တန်ဟတ်က ပြောဆိုလိုက်ပါတယ်။
စပါးတိုက်စစ်မှူးဟောင်း ဟယ်ရီကိန်းဟာ ပြီးခဲ့တဲ့ နွေရာသီ ဈေးကွက်ထဲမှာ မန်ယူနည်းပြ အဲရစ်တန်ဟတ်ရဲ့ နံပါတ် ၁ ဦးစား ပေး ပစ်မှတ် ဖြစ်ခဲ့ပေမယ့် စပါးအသင်းရဲ့ ဈေးတင်မှုကြောင့် မန်ယူတို့ မခေါ်ဖြစ်လိုက်ဘဲ ကိန်းကို ဘိုင်ယန်မြူးနစ်က ပေါင် ၁၀၄ သန်း နဲ့ ခေါ်သွားခဲ့ပါတယ်။
ကိန်းကို မရတဲ့နောက် မန်ချက်စတာ ယူနိုက်တက်ဟာ ဥရောပရဲ့ အလားအလာအရှိဆုံး တိုက်စစ်မှူး တစ်ယောက်ဖြစ်တဲ့ ရာမတ်စ်ဟွိုင်လန်းကို ပေါင် ၇၂ သန်းနဲ့ ခေါ် ယူလိုက်ပေမဲ့လည်း အထိုင်ကျဖို့ အချိန်ပေးနေရဆဲပါ။

ဒါကြောင့် ကိန်းလိုမျိုး ဝါရင့်တိုက်စစ်မှူးကို မရလိုက်တဲ့အတွက် နောင်တရမိ သလားဆိုတဲ့ မေးခွန်းအပေါ်မှာတော့ တန်ဟတ်က –
“ဟင့်အင်း။ ကျွန်တော် တို့ ဟွိုင်လန်းနဲ့လည်း ကျေနပ်ပါတယ်။ ပထမဆုံးပွဲမှာ သူက ဒဏ်ရာရနေခဲ့ တယ်။ သူက အာဆင်နယ်နဲ့ပွဲမှာ ဝင်ပြီး ကစားခဲ့တယ်။ အခုဆိုရင် သူ့ကို ကျွန် တော်တို့ အသင်းမှာ အသုံးချလို့ ရနေပါပြီ။
သူဟာ တကယ့် ပါရမီရှင်တစ် ယောက်ဆိုတာ ခင်ဗျားလည်း မြင်ပါတယ်ဗျာ” လို့ ဘိုင်ယန်နဲ့ ကစားမယ့်ပွဲအတွက် လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက် တစ်ယောက်ရဲ့ မေးခွန်းကို ဖြေသွားခဲ့တာပါ။
ယူနိုက်တက်ဟာ ဒီရာသီ ပရီး မီးယားလိဂ် ၅ ပွဲမှာ ၆ ဂိုးပဲ သွင်းနိုင်ခဲ့ပေမဲ့ ဟယ်ရီကိန်းကတော့ ဘိုင်ယန်မှာ တင် တစ်ယောက်တည်းနဲ့ ၄ ဂိုး သွင်းပေးထားပြီပဲ ဖြစ်ပါတယ်။