ဒီပွဲက စ လို့ မန်ယူ နိုင်ပွဲတွေ ပြန်ယူပါပြီ လို့ ဟောကိန်းထုတ်လာတဲ့ ပေါမာဆန်ကြီးရဲ့ ဘန်လေနဲ့ပွဲ သုံးသပ်ခန့်မှန်းချက်

ဒီအပတ် ပရီးမီးယားလိဂ်မှာ မန်ချက်စတာ ယူနိုက်တက် က တန်းတက် ဘန်လေ အသင်းနဲ့ တွေ့ဆုံနေပြီး အဝေးကွင်း သွားရောက် ရင်ဆိုင်ရမှာပါ။

ဘောလုံးပွဲတွေ သုံးသပ်နေကြ ဝါရင့်ကြီး ဖြစ်တဲ့ ဂန်းနားဟောင်းကြီး ပေါမာဆန် က ဘန်လေနဲ့ မန်ချက်စတာ ယူနိုက်တက် တို့ ပွဲ အတွက် အခုလို သုံးသပ် ခန့်မှန်းထားပြီ ဖြစ်ပါတယ်။

” မန်ချက်စတာ ယူနိုက်တက်က အမှတ်ပေးဇယား အဆင့် ၁၃ နေရာမှာ ရှိနေပြီး ဒီပွဲကို သေချာပေါက် အနိုင်ရဖို့ လိုအပ်ပါတယ်။ ဒီပွဲဟာ နည်းပြတန်ဟက်အတွက် အရေးကြီးမှာပါ။

ဘန်လေကို ရင်ဆိုင်ရာမှာ အနိုင် ၃ မှတ်မရဘူးဆိုရင် နယ်သာလန်သားက အတော်လေး ဖိအားတွေအောက် ရောက်သွားမှာပါ။

ယူနိုက်တက်က လာမယ့်ပွဲတွေမှာ ဆက်တိုက်တွေ နိုင်ပွဲ ရယူလာဖွယ် ရှိပါတယ်။ ပြိုင်ပွဲစုံ လာမယ့် ၇ ပွဲကို အနိုင်ရမယ်ဆိုရင် ယူနိုက်တက်က သူတို့ရဲ့ အထနှေးတဲ့ ဘောလုံးရာသီကနေ ပြန်လာနိုင်ပါလိမ့်မယ်။ ဒီအပတ်ပွဲမှာ သူတို့တွေ ကြိုးစား တိုက်ခိုက်ကြမယ်လို့ ထင်မိပါတယ်။

ဘန်လေက ဒီပွဲမှာ ယူနိုက်တက်ကို ပြဿနာပေးနိုင်ဖို့ ကြိုးစားမှာပါ။ ယူနိုက်တက်ရဲ့ ခံစစ် အခြေအနေအရ ဘန်လေတို့ ဒီပွဲမှာ ဂိုးသွင်းနိုင်မယ်လို့ ထင်ပေမယ့် သရဲနီတွေကပဲ အနိုင် ၃ မှတ်ရပါလိမ့်မယ်။

ပယ်လီစထွီကို ဘိုင်ယန်ပွဲမှာ ပွဲထုတ်ခဲ့ပေမယ့် ဒီပွဲမှာတော့ ညာခြမ်းကနေ ဂနာချိုကို ပေးကစားမှာပါ။ ယူနိုက်တက်မှာ မက်ဂွဲရားဟာ ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးနေပြီ ဖြစ်ပါတယ်။ ” လို့ မာဆန်က သုံးသပ်ထားပါတယ်။

ပေါမာဆန်ရဲ့ ခန့်မှန်းရလဒ်ကတော့ ဘန်လေ ၁-၂ မန်ချက်စတာ ယူနိုက်တက် ဖြစ်ပါတယ်။ ပွဲချိန်ကတော့ ဒီနေ့ စနေနေ့ည ၁ နာရီခွဲ အချိန်မှာ ယှဉ်ပြိုင် ကြမှာ ဖြစ်ပါတယ်။