မန်ယူ ကစားတာ အရမ်းမိုက်၊ ဘန်လေနဲ့ ပွဲ နိုင်မယ် ဆိုတာ သိပြီးသား လို့ ပွဲအပြီး ဂုဏ်ဆာသွားတဲ့ နည်းပြ တန်ဟက်
ပြီးခဲ့တဲ့ စနေည တာ့ဖ်မောကွင်းမှာ သွားရောက် ကစားရတဲ့ ဘန်လေနဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ မန်ယူအသင်း ဟာ အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်စ်ရဲ့ ပွဲချိန် ၄၅ မိနစ် ဗော်လီသွင်းဂိုး ကြောင့် ၃ ပွဲဆက် အရှုံးကို ရပ်တန့်ပစ်နိုင်ခဲ့ပါတယ်။
မန်ယူအသင်း အတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို နောက်ခံလူ အီဗန်ရဲ့ ကိုက် ၄၀ အကွာကနေ ဖန်တီးပေးမှုက တစ်ဆင့် ပေါ်တူဂီသားက သွင်းယူခဲ့တာပါ။
မန်ယူ နည်းပြ တန်ဟက်ကတော့ အသင်းရဲ့ လုပ်နိုင်စွမ်းကို သိထားတာကြောင့် ဘန်လေနဲ့ပွဲဟာ အနိုင်ရမယ့် ပွဲတစ်ပွဲဆိုတာ ကြိုပြီး သိထားပြီးသားဖြစ်တယ်လို့ ပွဲအပြီးမှာ ပြောပါတယ်။

ဒီလိုမျိုး အသင်းလိုက် စွမ်းဆောင်ရည်ကောင်းတွေ ရမယ်ဆိုတာကို သိထား တဲ့အတွက် ဒီပွဲဟာ နိုင်ကို နိုင်ရမယ့်ပွဲဖြစ်တယ်လို့ တန်ဟတ်က ဘန်လေနဲ့ ပွဲအပြီးမှာ ပြောခဲ့တာပါ။
” ဒီပွဲက နိုင်ကို နိုင်ရမယ့်ပွဲ၊ ဒါကို ကျွန်တော်တို့ သိပြီး သားပါ။ အသင်းက ကွင်းထဲမှာ လုပ်ပြတယ်လေ။ အဝတ်လဲခန်းထဲမှာ စည်း စည်းလုံးလုံးရှိကြတယ်ဆိုတာကို မြင်နိုင်ပါတယ်။ ဒါက အသင်းလိုက် စွမ်း ဆောင်ရည်တစ်ခု ဖြစ်ခဲ့တယ်။
တကယ့်ကို ကောင်းလွန်းတဲ့ဂိုး။ ဒီလိုမျိုး ကစားပုံက အရမ်း မိုက်တာ။ ဘောလုံးကို ပြန်ရအောင်လုပ်ပြီး အမိုက်စား ခုတ်တင်ဘောနဲ့ တိုက်စစ်ကစားပြတာ။
တကယ့်ကို မိုက်လွန်းတဲ့ ရွေ့လျားမှု နဲ့အတူ အမိုက်စား သွင်းဂိုးပေါ့။ ယူနိုက်တက်မှာ ဒါမျိုးတွေရှိတာ ကျွန်တော် တို့သိပါတယ်။ ပွဲတိုင်းကို အနိုင်ပဲ ဖြစ်နေရမှာ။ ဘိုင်ယန်လိုအသင်းမျိုးနဲ့တွေ့ လည်း နိုင်ကို နိုင်ရမှာ။
အဲဒီမှာတော့ ဝေဖန်ကြတာပဲမဟုတ်လား။ မန်ယူ ကစားသမားတစ်ယောက်အနေနဲ့ မှတ်ထားရမှာက ပွဲတိုင်းကို အနိုင်ကစားဖို့ ဖြစ်လာတယ်ဆိုတာပဲ။
ကျွန်တော်တို့မှာ ခက်ခဲတဲ့ ပြိုင်ဘက်တွေ ရှိတယ်။ ဒါ ပေမဲ့ ရလဒ်ကောင်း မရခဲ့ဘူး။ ရတယ်။ နောက်တစ်ပွဲ ပြန်ကစားပြီး နိုင်ပွဲ ရအောင် မဖြစ်မနေ လုပ်ပြရမယ် ” လို့ တန်ဟတ်က ဘန်လေနဲ့ ပွဲစဉ်အပြီးမှာ ပြောသွားခဲ့တာပါ။
မန်ချက်စတာ ယူနိုက်တက်ဟာ အခုလို နိုင်ပွဲ ပြန်တွေ့သွားတာကြောင့် အမှတ်ပေးဇယား အဆင့် ၈ နေရာ ကို တက်လှမ်းသွားပါတယ်။