မန်ယူနည်းပြ အဖွဲ့ဝင်တွေ မသိအောင် ကွယ်ရာမှာ အတူ ဆွေးနွေး၊ ကြိတ်လေ့ကျင့်နေကြတဲ့ ရက်ဖို့ဒ်နဲ့ ဟွိုင်လန်း

မန်ယူ တိုက်စစ်မှုး မားကပ်စ်ရက်ဖို့ဒ်က သူနဲ့ ရာစမပ်စ်ဟွိုင်းလန်းတို့ဟာ နည်းပြအဖွဲ့ဝင်များ နောက်ကွယ်တွင် တွဲပြီး လျို့ဝှက် အလုပ် လုပ်နေခဲ့ကြောင်း ဖွင့်ဟပြောကြားလာပါတယ်။

၎င်းတို့ နှစ်ဦးဟာ ယူနိုက်တက်ရဲ့ ကျဆင်းနေတဲ့ ရလဒ်ကို ပြန်လည် ကောင်းမွန်အောင် လုပ်ပေးရေး အတွက် သီးသန့် လုပ်ဆောင်နေကြတာပါ။

ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်အဖွင့်ပွဲ ၅ ပွဲတွင် ၂ ပွဲတည်းသာ အနိုင်ရရှိပြီးနောက် နောက်ဆုံး ၃ ပွဲဆက် ရှုံးနိမ့်ခဲ့ပါတယ်။ ၎င်းတို့ဟာ ယင်း ၅ ပွဲတွင် ၁၄ ဂိုးအထိပေးခဲ့ရပါတယ်။

ယခုအခါ မားကပ်စ်ရက်ဖို့ဒ်က ယူနိုက်တက်တွင် ကြောက်စရာကောင်းတဲ့ တိုက်စစ်အတွဲ ဖြစ်လာစေရေးအတွက် ဟွိုင်းလန်းနှင့် အလုပ်တွဲလုပ်နေကြောင်း ဖွင့်ဟပြောကြားလာပါတယ်။

ရက်ဖို့ဒ်က “ကျွန်တော် ဟွိုင်းလန်းနဲ့စကားတွေ ပြောတယ်။ ကွင်းအပြင်မှာ အများကြီးအလုပ်လုပ်ကြတယ်။ နည်းပြ အဖွဲ့တွေ မသိအောင် လုပ်ကြတာ။ ကျွန်တော်က သူ့ရဲ့ ကစားဟန်ကို နားလည်ချင်တယ်။ သူကလည်း ကျွန်တော့် အကြောင်းကို အမြန်ဆုံးသိချင်တယ်”လို့ ပြောကြားသွားပါတယ်။

ယူနိုက်တက် ဟာ ပြီးခဲ့တဲ့ စနေညတုန်းက ဘန်လေနှင့် အဝေးကွင်းပွဲစဉ်မှာတော့ ဘရူနိုဖာနန်ဒက်စ်ရဲ့ တစ်လုံး တည်းသော အနိုင်ဂိုးကို အနိုင်ရရှိကာ အနိုင်လမ်းကြောင်းပေါ်သို့ ပြန်လည် ရောက်ရှိလာခဲ့ပါတယ်။

ရာစမပ်စ်ဟွိုင်းလန်းဟာ ကြားရက်တုန်းက ဂျာမနီတွင် ဘိုင်ယန်မြူးနစ်ကို ၄-၃ ဂိုးဖြင့် ရှုံးနိမ့်တဲ့ ပွဲစဉ်တွင် ယူနိုက်တက် အတွက် ပထမဆုံးဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။