ဆိုးရှားလက်ထက်မှာ မန်ချက်စတာ ယူနိုက်တက် အသင်းခေါင်းဆောင် ရာထူးကို ငြင်းခဲ့တဲ့ စီနီယာ အသင်းသား ၂ဦး
ပေါလ် ပေါ့ဘာနဲ့ မားကပ် ရက်ရှ်ဖို့ဒ်တို့ဟာ နည်းပြ အိုလီဂန်နာဆိုးရှား လက်အောက်မှာ မန်ချက်စတာယူနိုက်တက် အသင်းခေါင်းဆောင်လုပ်ဖို့ အခွင့်အရေးကို ငြင်းပယ်ခဲ့တယ်လို့ သိရပါတယ်။
ဆိုးရှားဟာ သူ့ရဲ့ ယူနိုက်တက်နည်းပြဘဝတုန်းက အကြောင်းတွေကို ပြန်ပြောရာမှာ ကလပ်ရဲ့ ထိပ်တန်းကြယ်ပွင့် တချို့က အသင်းခေါင်းဆောင် လုပ်ဖို့ အခွင့်အရေးကို ငြင်းပယ်ခဲ့တယ်လို့ ဖွင့်ဟခဲ့ပေမယ့် ဘယ်သူတွေလဲဆိုတာတော့ အတိအကျ မပြောသွားခဲ့ပါဘူး။
ဒါပေမယ့် ကပ္ပတိန်လုပ်ဖို့ ငြင်းခဲ့သူတွေဟာ …

ပေါ့ဘာနဲ့ ရက်ရှ်ဖို့ဒ်ဖြစ်ကြောင်း အင်္ဂလန်သတင်းဌာနတွေ ကတော့ အမည်မဖော်ပြထားတဲ့ သတင်းပေးသူ တစ်ယောက်ကနေ တဆင့် ထုတ်ဖော်လိုက်ပါတယ်။
“ပေါလ်ပေါ့ဘာကို ကမ်းလှမ်းခဲ့ပေမယ့် သူက အသင်းကနေ ထွက်ချင်တာကြောင့် ငြင်းပယ်လိုက်တယ်။ ရက်ရှ်ဖို့ဒ်ကိုလဲ ကပ္ပတိန်လုပ်ဖို့ တောင်းဆိုခဲ့ပေမယ့် သူက အဲ့အတွက် အဆင်သင့်မဖြစ်သေးဘူးလို့ ထင်နေခဲ့တာ” လို့ အဆိုပါ သတင်းရင်းမြစ်က ဆိုပါတယ်။
ပေါ့ဘာဟာ စာချုပ်သက်တမ်းအကုန်မှာ ဂျူဗင်တပ်ထံ ပြန်သွားခဲ့ပြီး ရက်ရှ်ဖို့ဒ်ကတော့ အခုထိ ကလပ်မှာ ရှိနေဆဲ ဖြစ်ပေမယ့် ဘရူနိုဖာနန်ဒက်စ်ကပဲ အသင်းခေါင်းဆောင်ရာထူးကို ရယူခဲ့တာ ဖြစ်ပါတယ်။
၂၀၁၈ မှာ ယူနိုက်တက်ကို ဆိုးရှားတာဝန်ယူခဲ့ချိန် ဗလင်စီယာက အသင်းခေါင်းဆောင်ဖြစ်ခဲ့ပြီး သူထွက်သွားတော့ အက်ရှ်လေယန်းက ၆လကြာ တာဝန်ယူခဲ့ပါတယ်။
အင်တာမီလန်ကို ယန်း ထွက်သွားတဲ့အခါ ဟယ်ရီမက်ဂွိုင်းယားက အသင်းခေါင်းဆောင်အဖြစ် ဒီရာသီမတိုင်ခင်အထိ တာဝန်ယူခဲ့ပြီး အခုချိန်မှာ ဖာနန်ဒက်က ဆက်ခံခဲ့တာ ဖြစ်ပါတယ်။