၃၁၂၅ ရက် စောင့်ခဲ့ရတဲ့ အီဗန်စ်၊ ဒါလော့ တိုက်တွန်းမှု၊ အိုနာနာ အား သတိပေးလိုက်သူနဲ့ နောက်ဆုံးရ မန်ယူ ထူးခြား သတင်းများ
ယူနိုက်တက် နောက်ခံလူ ဒီယိုဂို ဒါလော့ ကတော့ ယူနိုက်တက် ရှေ့ဆက်သွားနိုင်ဖို့ အသင်းဖော်တွေ အနေနဲ့ စံနှုန်းကောင်းကို ထိန်းထားကြဖို့ တိုက်တွန်းလိုက်ပါတယ်။
လာမယ့် ကမ္ဘာ့ဖလား ခြေစစ်ပွဲတွေ အတွက် ဘရာဇီး လက်ရွေးစင် အသင်းကို ရွေးချယ် ကြေညာသွားရာ ယူနိုက်တက် တိုက်စစ်သမား အန်တိုနီ မပါဝင်ပြန်ပါဘူး။ ၎င်းဟာ ရည်းစားဟောင်းနဲ့ အမှုဆိုင်နေရတာကြောင့် ကလပ်ကရော နိုင်ငံအသင်းကပါ ဖယ်ထုတ်ခံထားရပါတယ်။
အီဗန်တစ်ယောက် ယခုလို မန်ယူအသင်းအတွက် ပွဲထွက် ကစားသမားအဖြစ် ပြန်လည် ကစားခွင့်ရဖို့ ရက်ပေါင်း ၃၁၂၅ ရက်အထိ စောင့်ဆိုင်းခဲ့ရသလို အဆိုပါညက ၎င်းအတွက် အကောင်းဆုံး ညတစ်ည ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

ပေါလ်ပေါ့ဘာနဲ့ မားကပ်ရက်ရှ်ဖို့ဒ်တို့ဟာ အိုလီဂန်နာဆိုးရှားလက်အောက်မှာ မန်ချက်စတာယူနိုက်တက် အသင်းခေါင်းဆောင်လုပ်ဖို့ အခွင့်အရေးကို ငြင်းပယ်ခဲ့တယ်လို့ သိရပါတယ်။
ဘန်လေနဲ့ ပွဲပြီး အိမ်အပြန်မှာ ကား အက်ဆီးဒင့် ဖြစ်ခဲ့ရတော့ သူ ဘာမှမဖြစ်ဘဲ အခြေအနေ ကောင်းမွန်ကြောင်း လူမှုကွန်ယက်ကနေ အသိပေးခဲ့ပါတယ်။
မန်ယူအသင်းနောက်ခံလူ အီဗန်ကတော့ နည်းပြ တန်ဟတ် ဟာ အသင်းအတွက် အကောင်းဆုံးအရာတွေ ဖန်တီးလုပ်ဆောင်နေကြောင်း ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။
ပရီးမီးယားလိဂ်ဟာ မြန်နှုန်းမြင့်တဲ့ လိဂ်ပြိုင်ပွဲ ဖြစ်ပြီး အီတလီနဲ့ ခြားနားကြောင်း၊ အိုနာနာ အနေနဲ့ အသင်း မနိုင်ရင် သူ့ရဲ့ အားနည်းချက် လိုအပ်ချက်တွေအား ထပ်ပြီး လက်ညှိုးထိုး ပြစ်တင်ခံရမှာ ဖြစ်ကြောင်း ဒွိုက်ယော့ခ်က သတိပေးသွားပါတယ်။
ဘီဘီစီ က ရွေးချယ်တဲ့ ဒီတပတ် ပရီးမီးယားလိဂ် အကောင်းဆုံး ၁၁ ယောက် အသင်းမှာ မန်ချက်စတာ ယူနိုက်တက်မှ ဘရူနို ဖာနန်ဒက်စ်နဲ့ ဂျွန်နီ အီဗန်စ်တို့ ပါဝင်နေပါတယ်။