မန်ယူ ကြယ်ပွင့် ကစားသမားတွေ အပြင် မိသားစုဝင်တွေကိုပါ နည်းပြ တန်ဟက် စည်းရုံးရေးဆင်းကာ ဗျူဟာခင်းနေ

နည်းပြ အဲရစ်တန်ဟက်ဟာ မန်ချက်စတာယူနိုက်တက်အသင်းအတွင်း စိတ်ဓာတ်ပိုင်းမြင့်မားလာစေရန်အတွက် ကြီးမားတဲ့ လုပ်ဆောင်မှုတစ်ခု ပြုလုပ်လာခဲ့ပါတယ်။

နယ်သာလန်သား နည်းပြဟာ ကာရင်တန်လေ့ကျင့်ရေးကွင်းသို့ ယူနိုက်တက် ကြယ်ပွင့် ကစားသမားများ အပြင် မိသားစုဝင်များကိုလည်း ဖိတ်ကြားကာ BBQ ခေါ်ကျွေးခဲ့ပါတယ်။ ဒါ့အပြင် အဲရစ်တန်ဟက်ဟာ ..

ယူနိုက်တက်စတားများရဲ့ ကလေးများ ပျော်ရွှင်စွာ ကစားနိုင်ရန်အတွက် ကာရင်တန် လေ့ကျင့်ရေးကွင်းမှာ လေထိုး ရဲတိုက်တစ်ခုပါ ပြုလုပ်ပေးခဲ့ပါသေးတယ်။

ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်အဖွင့်ပွဲ ၆ ပွဲတွင် ၃ ပွဲ ရှုံးနိမ့်ထားသလို ချန်ပီယံလိဂ်အုပ်စုအဖင့်ပွဲတွင်လည်း ဘိုင်ယန်မြူးနစ်ကို ရှုံးနိမ့်ကာ တာထွက်မကောင်းပါဘူး။

ကွင်းပြင်ပတွင်လည်း အဲရစ်တန်ဟက်ဟာ သူနှင့် အဆင်မပြေဖြစ်နေတဲ့ ဆန်ချိုကို ပထမအသင်းမှ ဖယ်ရှားထားသလို ရည်းစားဟောင်းကို ရိုက်နှက်မှုဖြင့် အန်တိုနီမှာလည်း အမှုရင်ဆိုင်နေရရာ အခက်အခဲကြားထဲသို့ ရောက်နေပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့အပတ်တုန်းက ရက်ဖို့ဒ်မှာလည်း ကာရင်တန်လေ့ကျင့်ရေးကွင်းမှ အပြန် ယာဉ်မတော်တဆမှု ဖြစ်ခဲ့ပါသေးတယ်။ ကံကောင်းထောက်မစွာ ဒဏ်ရာ တစုံတရာ မရခဲ့တာ ဖြစ်ပါတယ်။

ယူနိုက်တက်နည်းပြအဲရစ်တန်ဟက်ဟာ ကစားသမားများနှင့် သူတို့ရဲ့မိသားစုဝင်များကို ကာရင်တန်လေ့ကျင့်ရေးကွင်းသို့ ဖိတ်ကြားကာ အထူး BBQ ခေါ်ကျွေးခဲ့ပါတယ်၊ ဒါ့အပြင် ယူနိုက်တက်စတားများရဲ့ကလေးများမှာလည်း လေထိုး ရဲတိုက်တွင် ကစားရမှုနှင့်အတူ အလွန်ပျော်ရွှင်ခဲ့ကြပါတယ်။၏

မန်ချက်စတာ ယူနိုက်တက်ဟာ စနေနေ့တုန်းက ဘန်လေကို ၁-၀ ဂိုးဖြင့် အနိုင်ရရှိပြီးနောက် ကြားရက် ကာရာဘောင်းပွဲမှာလည်း ခရစ္စတယ်ပဲလေ့စ်ကို ၃-၀ ဂိုးဖြင့် အနိုင်ရရှိကာ ၂ ပွဲဆက် နိုင်ပွဲ ရယူထားနိုင်ပါတယ်။