လာမယ့် ရာသီ ပရီးမီးယားလိဂ်ဖလား စိန်ခေါ်မယ့် အသင်းတွေကို လမ်းပတ် ခန့်မှန်း ရွေးချယ်
ချယ်ဆီး နည်းပြနဲ့ ကစားသမားဟောင်းကြီး ဖရန့်လမ်းပတ်က လာမယ့်ရာသီ ပရီးမီးယားလိဂ်ဟာ ပြိုင်ဆိုင်မှု ပြင်းထန်ဖို့ ရှိနေပြီး မန်စီးတီးနဲ့အတူ ဆုဖလား စိန်ခေါ်နိုင်မယ့် အသင်းတွေ အဖြစ် ယူနိုက်တက်နဲ့ လီဗာပူးတို့ကို ရွေးချယ်ခဲ့ပါတယ်။
လမ်းပတ်ရဲ့ အသင်းဟောင်း ချယ်ဆီး ဟာ တိုက်စစ်မှူးဟောင်း လူကာကူကို ပေါင် ၉၈သန်းနဲ့ ခေါ်ယူနိုင်ဖို့ နီးစပ်နေပါတယ်။ ပြီးခဲ့တဲ့ ရာသီပြိုင်ပွဲစုံ ဂိုး၃၀ သွင်းထားတဲ့ ကစားသမားကို အားဖြည့်လိုက်ခြင်းက နည်းပြ တူချယ်အတွက်တော့ တောင့်တင်းတဲ့ လူစာရင်းကို ရရှိစေပါတယ်။ အလားတူ မန်စီးတီးဟာလည်း ကိုယ်ပိုင်ခေါ်ယူမှုအဖြစ် ဂရီးလစ်ချ်ကို ပေါင် သန်း၁၀၀ ပေးပြီး ခေါ်ယူထားခဲ့ပါတယ်။

ဒါပေမဲ့ လမ်းပတ်ကတော့ ဆုဖလားပြိုင်ဆိုင်မှုဟာ တော်တောလေး ပြင်းထန်လာနိုငတယ်လို့ ခန့်မှန်းခဲ့ပါတယ်။ လာမယ့်ရာသီ ချယ်ဆီးနဲ့ မန်စီးတီးပဲ လုမှာလားလို့ မေးတဲ့အခါ လမ်းပတ်က အခုလို တုန့်ပြန် သုံးသပ်ခဲ့တာပါ။
“မဟုတ်ဘူးဗျ။ ယူနိုက်တက်ကို ချန်ခဲ့လို့မှ မရတာကို။ သူတို့ မနှစ်က ဆုဖလားနဲ့ သိပ်မကွာခဲ့ပဲ အခုလည်း အရမ်းကောင်းတွေ ခေါ်ယူမှုတွေနဲ့ ပြန်လာမှာပါ”
“လီဗာပူးလည်း အတူတူပဲလို့ ထင်ပါတယ်။ သူတို့ မနှစ်က အဓိက ကစားသမားတွေ ဒဏ်ရာရနေပြီး လွန်ခဲ့တဲ့ ၁နှစ်ကျော်တုန်းက ပရီးမီးယားလိဂ် မှာ အကောင်းဆုံး အသင်း ဖြစ်ခဲ့တာပါ””ဒါကြောင့် သူတို့လို အသင်းတွေကို ထည့်မတွက်လို့ မရပါဘူးဗျာ”လို့ ပြောခဲ့ပါတယ်။
မန်စီးတီး၊ ချယ်ဆီး တို့လိုပဲ ယူနိုက်တက်အသင်းဟာ ဆန်ချိုကို ပေါင် ၇၃သန်း၊ ဗာရာနီကို ပေါင် ၄၂သန်းပေးကာ ခေါ်ယူထားခဲ့ပါတယ်။ လီဗာပူးကလည်း နွေရာသီမှာ ကိုနာတေးကို ခေါ်ယူထားခဲ့ပြီး ဂျိုးဂိုမက်ဇ်နဲ့ ဗန်ဒိုက်တို့လည်း ကာလရှည် ဒဏ်ရာတွေကနေ ပြန်လာခဲ့ပြီ ဖြစ်ပါတယ်။

ZG
ခ်ယ္ဆီး နည္းျပနဲ႕ ကစားသမားေဟာင္းၾကီး ဖရန္႔လမ္းပတ္က လာမယ့္ရာသီ ပရီးမီးယားလိဂ္ဟာ ၿပိဳင္ဆိုင္မႈ ျပင္းထန္ဖို႔ ရွိေနၿပီး မန္စီးတီးနဲ႔အတူ ဆုဖလား စိန္ေခၚႏိုင္မယ့္ အသင္းေတြ အျဖစ္ ယူႏိုက္တက္နဲ႔ လီဗာပူးတို႔ကို ေ႐ြးခ်ယ္ခဲ့ပါတယ္။
လမ္းပတ္ရဲ႕ အသင္းေဟာင္း ခ်ယ္ဆီး ဟာ တိုက္စစ္မႉးေဟာင္း လူကာကူကို ေပါင္ ၉၈သန္းနဲ႔ ေခၚယူႏိုင္ဖို႔ နီးစပ္ေနပါတယ္။ ျပီးခဲ့တဲ့ ရာသီၿပိဳင္ပြဲစုံ ဂိုး၃၀ သြင္းထားတဲ့ ကစားသမားကို အားျဖည့္လိုက္ျခင္းက နည္းျပ တူခ်ယ္အတြက္ေတာ့ ေတာင့္တင္းတဲ့ လူစာရင္းကို ရရွိေစပါတယ္။ အလားတူ မန္စီးတီးဟာလည္း ကိုယ္ပိုင္ေခၚယူမႈအျဖစ္ ဂရီးလစ္ခ်္ကို ေပါင္ သန္း၁၀၀ ေပးၿပီး ေခၚယူထားခဲ့ပါတယ္။
ဒါေပမဲ့ လမ္းပတ္ကေတာ့ ဆုဖလားၿပိဳင္ဆိုင္မႈဟာ ေတာ္ေတာေလး ျပင္းထန္လာႏို္ငတယ္လို႔ ခန႔္မွန္းခဲ့ပါတယ္။ လာမယ့္ရာသီ ခ်ယ္ဆီးနဲ႔ မန္စီးတီးပဲ လုမွာလားလို႔ ေမးတဲ့အခါ လမ္းပတ္က အခုလို တုန္႔ျပန္ သံုးသပ္ခဲ့တာပါ။
“မဟုတ္ဘူးဗ်။ ယူႏိုက္တက္ကို ခ်န္ခဲ့လို႔မွ မရတာကို။ သူတို႔ မႏွစ္က ဆုဖလားနဲ႔ သိပ္မကြာခဲ့ပဲ အခုလည္း အရမ္းေကာင္းေတြ ေခၚယူမႈေတြနဲ႔ ျပန္လာမွာပါ”
“လီဗာပူးလည္း အတူတူပဲလို႔ ထင္ပါတယ္။ သူတို႔ မႏွစ္က အဓိက ကစားသမားေတြ ဒဏ္ရာရေနၿပီး လြန္ခဲ့တဲ့ ၁ႏွစ္ေက်ာ္တုန္းက ပရီးမီးယားလိဂ္ မွာ အေကာင္းဆုံး အသင္း ျဖစ္ခဲ့တာပါ””ဒါေၾကာင့္ သူတို႔လို အသင္းေတြကို ထည့္မတြက္လို႔ မရပါဘူးဗ်ာ”လို႔ ေျပာခဲ့ပါတယ္။
မန္စီးတီး၊ ခ်ယ္ဆီး တို႔လိုပဲ ယူႏိုက္တက္အသင္းဟာ ဆန္ခ်ိဳကို ေပါင္ ၇၃သန္း၊ ဗာရာနီကို ေပါင္ ၄၂သန္းေပးကာ ေခၚယူထားခဲ့ပါတယ္။ လီဗာပူးကလည္း ေႏြရာသီမွာ ကိုနာေတးကို ေခၚယူထားခဲ့ၿပီး ဂ်ိဳးဂိုမက္ဇ္နဲ႔ ဗန္ဒိုက္တို႔လည္း ကာလရွည္ ဒဏ္ရာေတြကေန ျပန္လာခဲ့ၿပီ ျဖစ္ပါတယ္။