ရက်ရှ်ဖို့ဒ် သွင်းဂိုးတွေ ရလာဖို့ အသင်းဖော်တွေက ပံ့ပိုးပေးကြ လို့ မန်ယူနည်းပြ တန်ဟက် တောင်းဆိုလိုက်ပါပြီ
ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် (၇) မှာ မန်ချက်စတာယူနိုက်တက် က ခရစ္စတယ်ပဲလေ့စ် အသင်း ကို ၁-ဝ နဲ့ အရေးနိမ့်ခဲ့ပြီး ပွဲစဉ်အပြီးမှာ နည်းပြ တန်ဟတ်က ဂိုးပေါက်ပျောက်နေတဲ့ အဓိက တိုက်စစ်ကစားသမား မားကပ်ရှ်ဖို့ဒ် အနေအဖြင့် သွင်းဂိုးတွေ ရှာဖွေနိုင်ရန် ကလပ်အသင်းဘက်မှ ဝန်းရံပေးဖို့လိုအပ်ကြောင်း ပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်။
နည်းပြ တန်ဟတ်ရဲ့ ပထမဦးဆုံးဘောလုံးရာသီမှာ ယူနိုက်တက်ကအသင်းအတွက် သွင်းဂိုး ၃၀ အထိ သွင်းယူကာ ထိပ်တန်း ခြေစွမ်းပိုင်းကို ပြသနိုင်ခဲ့တဲ့ မားကပ်စ်ရှက်ဖို့ဒ် အနေဖြင့် ယခုနှစ်ဘောလုံးရာသီအတွင်း ကစားထားတဲ့ ပွဲစဉ်တွေမှာ သွင်းဂိုးတွေရရန် ရုန်းကန်နေရတာ ဖြစ်ပါတယ်။

ကမ္ဘာ့အဆင့် တိုက်စစ်ကစားသမားတစ်ဦးအဖြစ် ပြီးခဲ့တဲ့နှစ်ဘောလုံးရာသီတွင် ခြေစွမ်းပြခဲ့တဲ့ မားကပ်စ် ရက်ရှ်ဖို့ဒ်ကို ယူနိုက်တက်အသင်းက ပိုမြင့်မားတဲ့ လုပ်ခ ပမာဏနဲ့အတူ ၅ နှစ်စာချုပ် ထပ်မံချုပ်ဆိုထားခဲ့တာ ဖြစ်ပါတယ်။
သွင်းဂိုးတွေနဲ့ အလှမ်းကွာနေတဲ့ ရက်ရှ်ဖို့ဒ်ရဲ့ ခြေစွမ်းနဲ့ ပတ်သက်လို့ နည်းပြ တန်ဟတ်က –
“ကျွန်တော်ကတော့ ရက်ရှ်ဖို့ဒ်အနေနဲ့ ဒီအခြေအနေတွေထဲကနေ ရုန်းထွက်လာနိုင်မယ်လို့ ထင်ပါတယ်။ ပြီးတော့ သူကိုယ်တိုင်လည်း သိထားမှာပါ။ သွင်းဂိုးတွေ လာပါလိမ့်မယ်။
ဒါပေမဲ့ ဒီအရာတွေက အလိုအလျောက် ဖြစ်လာမှာမဟုတ်ပါဘူး။ ရက်ရှ်ဖို့ဒ် ကိုယ်တိုင်ကြိုးစားဖို့ လိုအပ်သလို ကျွန်တော်တို့အသင်းဘက်ကလည်း ဝိုင်းဝန်းပံ့ပိုးပေးကြရမှာပါ”လို့ သုံးသပ်ပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်။
ရက်ရှ်ဖို့ဒ်အနေဖြင့် ယခုနှစ်ဘောလုံးရာသီအတွင်း အာဆင်နယ်အသင်းရဲ့ အိမ်ကွင်းတွင် ကစားခဲ့တဲ့ ပွဲစဉ်အတွင်း သွင်းယူခဲ့တဲ့ ဦးဆောင်ဂိုး တစ်ဂိုးသာ သွင်းယူထားနိုင်ခဲ့တာ ဖြစ်ပြီး အဆိုပါ ပွဲစဉ်အပြီး ကစားခဲ့တဲ့ ပွဲစဉ်တွေတွင် သာမန်ဘောလုံးပေးအယူတွေမှာပါ အမှားတွေ ဆက်တိုက် ပြုလုပ်နေခဲ့တာလည်း ဖြစ်ပါတယ်။
နည်းပြ တန်ဟတ်ရဲ့ မန်ချက်စတာယူနိုက်တက် အသင်းက ရှေ့လာမယ့် ကြားရက်တွင် ချန်ပီယံလိဂ် အုပ်စုအဆင့်ပွဲအဖြစ် တူရကီကလပ် ဂါလာတာစာရေးအသင်းနဲ့ ကစားရမှာဖြစ်ပြီး အဆိုပါ ပွဲစဉ်တွင် ရက်ရှ်ဖို့ဒ်အနေနဲ့ ယုံကြည်မှု တည်ဆောက်ရေးအတွက် လိုအပ်နေတဲ့ သွင်းဂိုးတွေ ရှာဖွေနိုင်မလားဆိုတာ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။