စနေည အိုးထရက်ဖို့ဒ်မှာ ကန်မယ့် မန်ယူ – ဘရန့်ဖို့ဒ်ပွဲ ဘယ်လို ရလဒ်ထွက်မလဲ ကြိုတင်ဟောကိန်းထုတ်သွားတဲ့ ဘာဘာတော့ဗ်

အဲရစ်တန်ဟက်ရဲ့ မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ ဒီတပတ် ပရီးမီးယားလိဂ်မှာ ဘရန့်ဖို့ဒ်နဲ့တွေ့ဆုံနေပြီး အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ဧည့်ခံ ကစားရမှာ ဖြစ်ပါတယ်။

ပွဲချိန်ကတော့ မနက်ဖြန် စနေနေ့ မြန်မာစံတော်ချိန် ည ၈နာရီခွဲ အချိန်မှာ ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

မန်ယူနဲ့ စပါးအသင်းတို့မှာ ကစားခဲ့ဖူးတဲ့ ပရီးမီးယားလိဂ် တိုက်စစ်မှုးဟောင်းကြီး ဘာဘာတော့ဗ်က မန်ချက်စတာ ယူနိုက်တက် v ဘရန့်ဖို့ဒ် ပွဲစဉ် အတွက် အခုလို သုံးသပ် ခန့်မှန်းထားပြီ ဖြစ်ပါတယ်။

ဘာဘာတော့ဗ် ပွဲကြို ခန့်မှန်းချက်

မန်ချက်စတာ ယူနိုက်တက်တို့ ထပ်ပြီး အရေးနိမ့်မယ်လို့ ကျနော် တွေးကြည့်လို့တောင် မရပါဘူး။ မန်ချက်စတာ ယူနိုက်တက်တို့ အိမ်ကွင်းမှာ အရေးနိမ့်တာက ဘယ်လိုမျိုး ဆိုးရွားမှုလည်း ကျနော် သိပါတယ်။ အိမ်ကွင်းမှာ ကစားပြီဆိုရင် အနိုင်ရဖို့ပဲ ပရိသတ်တွေက မျှော်လင့်နေမှာပါ။

ပရိသတ်တွေရဲ့ ဒေါသဟာ ဘောလုံးအပေါ်မှာ ကြောက်ရွံ့နေတဲ့ ကစားသမားတွေကို ယုံကြည်မှု ပြန်ရလာစေနိုင်ပါတယ်။ တချိန်တည်းမှာ ယူနိုက်တက်ဟာ နိုင်ပွဲအတွက် ရဲရင့်မှုရှိဖို့ လိုအပ်ပါတယ်။ သူတို့ နိုင်ပွဲမရခဲ့ရင် အခြေအနေက ဆိုးတာကနေ ညံ့ဖျင်းတာဘက်ကို ရောက်သွားပါမယ်။

ဒီပွဲက နိုင်ရမယ့်ပွဲပါ၊ ယူနိုက်တက်တို့ လုပ်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ ကျနော်ကတော့ ယူနိုက်တက် အနိုင်ဘက်က ရှိနေပါမယ်။

ဘာဘာတော့ဗ် ခန့်မှန်းရလဒ်။ ။ မန်ယူနိုက်တက် 1-0 ဘရန့်ဖိုဒ့်