မန်ယူ – ဘရန့်ဖို့ဒ် ပွဲစဉ် ဘယ်လို ရလဒ်ထွက်လာမလဲ ကြိုတင် ဟောကိန်းထုတ်လိုက်တဲ့ ခရစ်ဆက်တန်

မန်ချက်စတာ ယူနိုက်တက် ဟာ ဒီတပတ် ပရီးမီးယားလိဂ်မှာ ဘရန့်ဖို့ဒ်နဲ့တွေ့ဆုံနေပြီး အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ဧည့်ခံ ကစားရမှာ ဖြစ်ပါတယ်။

ပွဲကတော့ မနက်ဖြန် စနေနေ့ မြန်မာစံတော်ချိန် ည ၈နာရီခွဲ အချိန်မှာ ယှဉ်ပြိုင်မှာပါ။

ဘီဘီစီ သတင်းဌာနမှ ပင်တိုင် သုံးသပ်သူ ခရစ်ဆက်တန်ကတော့ မန်ချက်စတာ ယူနိုက်တက်နဲ့ ဘရန့်ဖို့ဒ် ပွဲစဉ် အတွက် အခုလို သုံးသပ် ခန့်မှန်းထားပြီ ဖြစ်ပါတယ်။

” ပြီးခဲ့တဲ့အပတ် ကျွန်တော့် ခန့်မှန်းကတော့ မှားသွားတယ်။ အဲရစ်တန်ဟက် အပေါ် ဖိအားတွေ ဘယ်ကနေ ဘယ်လို စရောက်လာလဲ လို့ ခင်ဗျားတို့လည်း တွေးမိနေမှာပါ။ ဒီအပတ် ပွဲမှာပါ အမှတ်ထပ်လျော့မယ် ဆိုရင်တော့ မလွယ်ဘူး။

မန်ချက်စတာ ယူနိုက်တက် ပရိသတ်တွေ အတွက် ဒီကာလထဲမှာ စိတ်သက်သာရာ ရစရာကတော့ ရာမက်စ် ဟာလန်း တိုက်စစ်မှာ ကစားနေတာပဲ။ ဒါပေမယ့် ကျွန်တော်တော့ သူတို့ ဂိုးသမားသစ် အင်ဒရီ အိုနာနာ ကို အားမရပါဘူး။

သူက ဒေးဗစ် ဒီဂီယာကနေ downgrade ချလိုက်သလိုပဲ။ သူက ဘောလုံးကို ခြေထဲမှာ ထားပြီး ဘယ်လိုပဲ လှုပ်ရှားနိုင်တယ် ဆိုဆို၊ သူ လက်နဲ့ ဂိုးဘယ်လိုဖမ်းလဲကိုပဲ ကျွန်တော်က ပို စိတ်ဝင်စားတယ်။ သူ အဲဒါ ပိုကောင်းဖို့ လိုနေတယ်လေ။

ဘရန့်ဖို့ဒ်က ဒီတလော သီတင်းပတ်တွေထဲ ခြေစွမ်းကောင်း မပြနိုင်ဘူး ဖြစ်နေတယ်။ ဒါပေမယ့် ပြိုင်ဘက်အတွက် စုဖွဲ့မှုကောင်းပြီး ချေမှုန်းရခက်တဲ့ အသင်း ဖြစ်နေဦးမှာပါပဲ။ သူတို့က ယူနိုက်တက်ကို ကောင်တာကနေ ပြန်လည်း တိုက်ပါလိမ့်မယ်။

ဒီပွဲမှာ ယူနိုက်တက် clean sheet ရမယ် မထင်ဘူး။ ကစားသမားတွေရဲ့ တစ်ဦးချင်း ထူးချွန်မှုတွေကြောင့် သူတို့ နိုင်တော့ နိုင်မှာပါ။ ဟွိုင်လန်းကြောင့် ဖြစ်ရင် ဖြစ်လိမ့်မယ်။ ” လို့ ဆက်တန်က သုံးသပ်ထားပါတယ်။

ခရစ်ဆက်တန် ခန့်မှန်းရလဒ်ကတော့ မန်ချက်စတာ ယူနိုက်တက် ၂-၁ ဘရန့်ဖို့ဒ် ဖြစ်ပါတယ်။