အရင် မန်စီးတီးနဲ့ လီဗာပူး လုပ်ခဲ့သလိုမျိုး ထပ်လုပ်ပြဖို့ မလွယ်ကြတော့ဘူးလို့ ကလော့ပ် ပြောဆို
ပရီးမီးယားလိဂ်ဟာ တစ်နှစ်ထက် တစ်နှစ် ပို ပို တောင့်တင်းလာတာကြောင့် ပြီးခဲ့တဲ့နှစ်တွေက မန်စီးတီးနှင့် လီဗာပူးတို့ စွမ်းဆောင်ခဲ့ကြတဲ့ ရမှတ် ၉၈-၁၀၀ တွေဟာ ထပ်မံ စွမ်းဆောင်နိုင်ဖို့ခဲ ယဉ်းသွားပြီးဟု နည်းပြဂျာဂင်ကလော့ပ်က သုံးသပ်ပြောဆို သွားပါတယ်။
“လိဂ်က တဖြည်းဖြည်းတောင့်တင်းလာပါတယ်။ ရမှတ် ၉၉မှတ် ၉၇မှတ် ရဖို့ဆိုတာ ပိုပြီးခက်ခဲသွားပါပြီ ဒါက သင်္ချာ သဘောတရားပါ။
“အသင်းတွေက ရှုံးပွဲတွေ ရှိလာမှာပါ။ စီးတီးနှင့် တခြားအသင်းတွေလည်း တူတူပါဘဲ။ ဘာမှ ဆုံးဖြတ်လို့မရပါဘူး ဒီလိုအရာတွေက ဖြစ်လာနိုင်ပါတယ်။ ကျွန်တော်တို့လည်း တူညီတဲ့ ပြဿနာတွေ ရှိနေပါတယ်။ ဒါကရှင်းလင်းပါတယ်။ ဒီလို ကာလတွေကို ရှေ့ဆက်သွားနိုင်ရမှာဖြစ်ပြီး ဆက်သွားမယ် ပြန်လည်နလန်ထူမယ် ဆက်သွားမယ်။
ပြန်လည် နလန်ထူမယ် အဲဒီလိုပါ။ တိကျခိုင်မာတဲ့ စိတ်ပိုင်းဖြတ်မှု ရှိဖို့လိုပါတယ်။ ကျွန်တော်တို့ရှိရမယ့်အရာတစ်ခုပါဘဲ ဒါပေမဲ့ မရနေပါဘူး” လို့ ကလော့ပ်က ပြောဆိုခဲ့ပါတယ်။
ဒါ့အပြင် နောက်ဆုံး၂ပွဲမှာ ၄မှတ်အထိလျော့ခဲ့ပြီးနောက် ချဲလ်ဆီး၊ မန်စီးတီးတို့နောက် ရောက်သွားတဲ့ လီဗာပူး အသင်းဟာ ပိုပြီး အကြမ်းခံနိုင်အောင် ကြိုးစားရဦးမယ်လို့လည်း ကလော့ပ်က ဆိုပါတယ်။

ZG
ပရီးမီးယားလိဂ္ဟာ တစ္ႏွစ္ထက္ တစ္နွစ္ ပို ပို ေတာင့္တင္းလာတာေၾကာင့္ ၿပီးခဲ့တဲ့ႏွစ္ေတြက မန္စီးတီးႏွင့္ လီဗာပူးတို႔ စြမ္းေဆာင္ခဲ့ၾကတဲ့ ရမွတ္ ၉၈-၁၀၀ ေတြဟာ ထပ္မံ စြမ္းေဆာင္ႏိုင္ဖို႔ခဲ ယဥ္းသြားၿပီးဟု နည္းျပဂ်ာဂင္ကေလာ့ပ္က သုံးသပ္ေျပာဆို သြားပါတယ္။
“လိဂ္က တျဖည္းျဖည္းေတာင့္တင္းလာပါတယ္။ ရမွတ္ ၉၉မွတ္ ၉၇မွတ္ ရဖို႔ဆိုတာ ပိုၿပီးခက္ခဲသြားပါၿပီ ဒါက သခ်ၤာ သေဘာတရားပါ။
“အသင္းေတြက ရႈံးပြဲေတြ ရွိလာမွာပါ။ စီးတီးႏွင့္ တျခားအသင္းေတြလည္း တူတူပါဘဲ။ ဘာမွ ဆုံးျဖတ္လို႔မရပါဘူး ဒီလိုအရာေတြက ျဖစ္လာႏိုင္ပါတယ္။ ကြၽန္ေတာ္တို႔လည္း တူညီတဲ့ ျပႆနာေတြ ရွိေနပါတယ္။ ဒါကရွင္းလင္းပါတယ္။ ဒီလို ကာလေတြကို ေရွ႕ဆက္သြားႏိုင္ရမွာျဖစ္ၿပီး ဆက္သြားမယ္ ျပန္လည္နလန္ထူမယ္ ဆက္သြားမယ္။
ျပန္လည္ နလန္ထူမယ္ အဲဒီလိုပါ။ တိက်ခိုင္မာတဲ့ စိတ္ပိုင္းျဖတ္မႈ ရွိဖို႔လိုပါတယ္။ ကြၽန္ေတာ္တို႔ရွိရမယ့္အရာတစ္ခုပါဘဲ ဒါေပမဲ့ မရေနပါဘူး” လို႕ ကေလာ့ပ္က ေျပာဆိုခဲ့ပါတယ္။
ဒါ့အျပင္ ေနာက္ဆုံး၂ပြဲမွာ ၄မွတ္အထိေလ်ာ့ခဲ့ၿပီးေနာက္ ခ်ဲလ္ဆီး၊ မန္စီးတီးတို႔ေနာက္ ေရာက္သြားတဲ့ လီဗာပူး အသင္းဟာ ပိုျပီး အၾကမ္းခံနုိင္ေအာင္ ၾကိဳးစားရဦးမယ္လို႔လည္း ကေလာ့ပ္က ဆိုပါတယ္။