တန်ဟက် ဘာညွှန်ကြားလဲ မကြားလိုက်ဘဲ ကွင်းထဲဝင် ၂ဂိုးသွင်းတဲ့အကြောင်း ပြောပြလာတဲ့ စကော့ မက် တော်မီနေး
မန်ချက်စတာ ယူနိုက်တက်ရဲ့ ငယ်မွေးခြံပေါက် ကွင်းလယ် ကစားသမား စကော့မက် တော်မီနေးဟာ မနေ့ညတုန်းက ဘရန့်ဖို့ဒ်နှင့်ပွဲတွင် နာကျင်အချိန်ပိုသွင်းဂိုး ၂ ဂိုးဖြင့် ယူနိုက်တက်ကို အဆိုးရွားဆုံး အနေအထားမျိုး ရောက်လာမဲ့ အရေးမှ ကယ်တင်ပေးနိုင်ခဲ့ပါတယ်။
စကော့တလန်ကွင်းလယ်ကစားသမားဟာ အိုးထရက်ဖို့ဒ်ကွင်းတွင် ဘရန့်ဖို့ဒ်ကို ၁-၀ ဂိုးဖြင့် ရှုံးနိမ့်နေတဲ့ ၈၇ မိနစ် အချိန်တွင် အမရာဘတ်အစား လူစားဝင်ရောက်လာပြီးနောက် ၂ ဂိုးသွင်းကာ နိုင်ပွဲ ဆောင်ကျဉ်းပေးလာတာလည်း ဖြစ်ပါတယ်။

ပွဲအပြီးတွင် တော်မီနေး ဟာ ၈၇ မိနစ်မှာ လူစားဝင်ရောက်ရန် နည်းပြအဲရစ်တန်ဟက်က ဘယ်လို ပြောကြား လာသလဲ ဆိုတာနဲ့ ပတ်သက်ပြီး မေးမြန်းခံခဲ့ရပါတယ်။
စကော့မက်တော်မီနေး က “အဲဒီတုန်းက အရမ်းဆူနေတယ်။ ပရိသတ်တွေ အော်နေကြတော့ ရှင်းရှင်းလင်းလင်း မကြားရဘူး။ သူ ပြောဖို့ သေချာတာကတော့ ‘သွားပြီး ဂိုးသွင်းလိုက်’လို့ ပြောတာမျိုး ဖြစ်မှာပါ”လို့ ပြောကြားသွားပါတယ်။
တကယ်တော့ အဲရစ်တန်ဟက်က စကော့မက်တိုမီနေးကို အဲဒီလို ပြောခဲ့တာ မဟုတ်ပါဘူး။
နယ်သာလန်လူမျိုးနည်းပြက “ကျုပ်က နှစ်ဂိုးသွင်းလိုက်လို့ ပြောခဲ့တာ”လို့ ဆိုသွားပါတယ်။
တော်မီနေး ရဲ့ နောက်ကျ ဂိုး၂ ဂိုးကြောင့် နိုင်ပွဲ ရရှိကာ ယူနိုက်တက်ဟာ ၁၉၇၉ ခုနှစ်နောက်ပိုင်း ပထမဆုံး အကြိမ် အဖြစ် အိုးထရက်ဖို့ဒ်ကွင်းတွင် ၃ ပွဲဆက် ရှုံးနိမ့်မဲ့ အရေးမှ သီသီလေး လွတ်မြောက်သွားခဲ့ပါတယ်။
ဘရန့်ဖို့ဒ်ဟာ ပထမပိုင်းတွင် ဂျန်ဆင်သွင်းယူတဲ့ ဂိုးဖြင့် ၃ မှတ်ဖြင့် အိမ်ပြန်နိုင်မဲ့ အကောင်းဆုံး အခွင့်အရေး ရရှိခဲ့ပါသေးတယ်။
တော်မီနေး ခေါင်းတိုက် အနိုင်ဂိုး သွင်းနိုင်အောင် ခေါင်းတိုက် ချပေးခဲ့တာ ဟယ်ရီမက်ဂွိုင်းယား ဖြစ်ပါတယ်။ ၎င်းတို့ နှစ်ဦးလုံးဟာ နွေရာသီတုန်းက ယူနိုက်တက်မှ ထွက်ခွာလုနီးပါး ဖြစ်ခဲ့ကြသူများ ဖြစ်ပါတယ်။