စိတ်အားငယ်နေတဲ့ မန်ယူ ပရိသတ်တွေကို ကြည့်ဖို့နဲ့ နိုင်ပွဲကနေ အလှည့်အပြောင်း လုပ်ပြဖို့ ဒါလော့ တိုက်တွန်း လှုံ့ဆော်နေပါပြီ
ပြီးခဲ့တဲ့ ဘရန့်ဖို့ဒ်အား comeback ဖြင့် အနိုင်ရခြင်းဟာ မန်ချက်စတာ ယူနိုက်တက် အတွက် ‘အလှည့်အပြောင်း’ ဖြစ်ပြီး မှားပြီး ဖြစ်လာတဲ့ ကိစ္စ မဟုတ်ကြောင်း ပြသဖို့ ယူနိုက်တက်အသင်းဖော်တွေကို ဒါလော့က တောင်းဆိုလိုက်ပါတယ်။
အဲဒီပွဲမှာ တော်မီနေးဟာ အရန်ခုံကနေ ဝင်ရောက်လာခဲ့ပြီး အသင်းအတွက် အနိုင်ဂိုး ၂ ဂိုးကို သွင်းယူပေးနိုင်ခဲ့ကာ ယူနိုက်တက်တို့ ရမှတ် ၃ မှတ် ရရှိခဲ့ ၁ပါတယ်။

နောက်ပြီးတော့ ဒီနိုင်ပွဲကြောင် ယူနိုက်တက် ဟာ ၁၉၆၂ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ပြိုင်ပွဲအရပ်ရပ်တွင် အိမ်ကွင်း ၃ ပွဲဆက်တိုက် ရှုံးပွဲမရှိခဲ့တာ ဖြစ်ပါတယ်။
ခရစ္စတယ်ပဲလေ့စ်နှင့် ဂါလာတာစာရေးတို့ကို ရှုံးနိမ့်ပြီးနောက် ပရိသတ်များရဲ့ စိတ်ပျက်အားငယ်မှုအချို့ကို ဒါလော့က ပြောကြားခဲ့ပြီး ဆိုးရွားနေတဲ့ရာသီကနေ လမ်းကြောင်းမှန်ပေါ်ပြန်ရောက်ဖို့အတွက် ဒီပွဲ အနိုင်ရရှိမှုကို အသုံးပြုရမယ် လို့ ပြောကြားလိုက်ပါတယ်။
“ပြီးခဲ့တဲ့ ရက်သတ္တပတ် ၂ ပတ်လောက်ကြာမှာ ကျွန်တော်တို့အတွက် ရမှတ် ၃ မှတ် ထက် အနည်းငယ်ပိုတယ်လို့ ထင်ပါတယ်”
“ကျွန်တော်တို့ အနိုင်ရတဲ့ နည်းလမ်းလို့ ထင်တယ်။ မိနစ် ၉၀ ထက်စောပြီး ဂိုး မသွင်းနိုင်ခဲ့တာက သိသာထင်ရှား ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့က တိုက်ပွဲဝင်ဖို့ ဒီမှာရှိနေပါတယ်။ ကျွန်တော်တို့ အတူတကွ ခံစားခဲ့ရပြီး ကြိုးစားခဲ့ကြတာဖြစ်ပါတယ်”
“ပရိသတ်တွေက ကျွန်တော်တို့ ခြေလှမ်းတိုင်းရဲ့နောက်မှာ ရှိနေခဲ့ပြီး ဒါက အသင်းအတွက် အချိုးအကွေ့တစ်ခုလို့ ထင်ပါတယ်။ ဒါကို အချိုးအကွေ့တစ်ခုအနေနဲ့ မြင်ချင်ပါတယ်။ ခက်ခဲမယ်ဆိုတာ ကျွန်တော်တို့ သိပါတယ်။ ဒါဟာ ယူနိုက်တက်ကစားသမားဖြစ်ဖို့ ကျွန်တော်တို့တွေက အဆုံးအချိန်ထိ တိုက်ပွဲဝင်နိုင်တဲ့ သက်သေပဲလို့ ထင်ပါတယ်” လို့ ပေါ်တူဂီ နောက်ခံလူက ပြောပါတယ်။
ယူနိုက်တက်ဟာ ပရီးမီးယားလိဂ် အဖွင့် ၈ ပွဲ မှာ ၄ ပွဲ နိုင် ၄ ပွဲ ရှုံးနိမ့်ထားပြီးနောက် အဆင့် ၁၀ နေရာမှာ ရပ်တည် နေပါတယ်။
တန်ဟက်ရဲ့အသင်းဟာ အောက်တိုဘာ ၂၁ ရက်နေ့တွင် ရှက်ဖီးယူနိုက်တက်နှင့် ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ကစားရမှာဖြစ်ပြီး တစ်ပတ်အကြာမှာတော့ မြို့ခံပြိုင်ဘက် မန်စီးတီးနှင့် အိုးထရက်ဖို့ဒ်မှာ ကစားရမှာ ဖြစ်ပါတယ်။