ပရီးမီးယားလိဂ် ၈ ပွဲ ကစားအပြီး ထွက်လာတဲ့ စူပါကွန်ပျူတာ ခန့်မှန်းမှာတော့ မန်ချက်စတာ ယူနိုက်တက် အခြေ မလှပါဘူး
ပရီးမီးယားလိဂ် ၈ပွဲ ကစားပြီးချိန်မှာ မန်စီးတီးက အာဆင်နယ်ကို ရှုံးထားတာနဲ့ တော့တင်ဟမ် စပါးက အမှတ်ပေး ဇယား ထိပ် ရောက်နေတဲ့ အံ့ဖွယ် ကိစ္စတချို့တွေ ဖြစ်ခဲ့ပြီးပါပြီ။
မန်ချက်စတာ ယူနိုက်တက် က ပြီးခဲ့တဲ့ ပွဲမှာ ဘရန့်ဖို့ဒ်ကို နိုင်ခဲ့ပေမယ့် အဆင့် ၁ဝ နေရာမှာပဲ ရှိနေပါသေးတယ်။ အောက်တိုဘာလ နိုင်ငံတကာ သီတင်းပတ်ထဲ ဝင်သွားချိန် ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို စပါးနဲ့ အာဆင်နယ်တို့က ဦးဆောင်နေပြီး မန်စီးတီးက အဆင့် ၃ နေရာ ကျသွားခဲ့ပါတယ်။

ပွဲစဉ် ၈ အပြီး ထွက်ပေါ်လာတဲ့ Bettingexpert ရဲ့ စူပါကွန်ပျူတာ နောက်ဆုံး ခန့်မှန်းချက်မှာတော့ ယူနိုက်တက်ကို ချန်ပီယံလိဂ် ဝင်ခွင့် မရနိုင်ဘူး တွ့ထ်ုတ်ထားပါတယ်။
တနင်္ဂနွေနေ့က ပွဲတွေ အပြီး ထုတ်ပြန်လာတဲ့ ၎င်းရဲ့ ပရီးမီးယားလိဂ် ခန့်မှန်းဇယားမှာ မန်စီးတီးကသာ ထိပ်မှာ ရှိနေပါတယ်။ အကြိမ်ရေ ၁ သိန်း တိတိ တွက်ချက်စစ်ဆေးခဲ့ပေမယ့် စူပါကွန်ပျူတာ BETSiE ရဲ့ ရွေးချယ်မှုကတော့ မန်စီးတီးပါပဲ။
ပက် ဂွာဒီယိုလာရဲ့ အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်နိုင်ခြေ ၅၄.၂% ရှိတယ်လို့ ၎င်းက ဆိုပါတယ်။ စီးတီးနောက်မှာမှ အာဆင်နယ်၊ လီဗာပူးနဲ့ နယူးကာဆယ်တို့ အသီးသီး ရပ်တည်နေမှာပါ။

ဒီရာသီ တာထွက်ကောင်းနေတဲ့ စပါးကိုတော့ ချန်ပီယံလိဂ် ဝင်ခွင့် မရဘဲ အဆင့် ၅ နဲ့ပဲပြီးမယ် ဆိုထားပါတယ်။
မန်ချက်စတာ ယူနိုက်တက် ကိုတော့ အဆင့် ၆ နေရာမှာ ဖော်ပြထားပြီး ချယ်ဆီးကိုတော့ အဆင့် ၉ လို့ တွက်ထုတ်ထားပါတယ်။
တန်းဆင်းမယ့် ၃ သင်းကိုတော့ ဘုန်းမောက်၊ လူတန်နဲ့ ရှက်ဖီးယူနိုက်တက် တို့ ဖြစ်မယ်လို့ ၎င်းက ရွေးချယ်ထားပါတယ်။