လက်လွန်ကြက်သွန် ဖြစ်ပြီး ဒီရာသီ မန်ယူ အမှားကြီး မှားခဲ့တဲ့ ကိစ္စ အား ဖော်ထုတ်လိုက်တဲ့ ခရစ်ဆက်တန်

မန်ချက်စတာ ယူနိုက်တက်အသင်း ရဲ့ ဒီရာသီ အမှားကြီး မှားခဲ့တဲ့ ကိစ္စဟာ ဒီဂီယာ ကို လက်လွှတ်ပြီး ဂိုးသမား အန်ဒရေ အိုနာနာကို ခေါ်ယူလိုက်ခြင်းပဲလို့ ဘောလုံးသမားဟောင်း ခရစ် ဆပ်တန်က သုံးသပ် ပြောဆိုလိုက်ပါတယ်။

ယူနိုက်တက်အသင်းဟာ အသင်းမှာ နှစ်ပေါင်းများစွာ ပါဝင်ထားခဲ့သူ ဂိုးသမား ဒီဂီယာကို အလွတ်နဲ့ စွန့်လွတ် ခဲ့ပြီးနောက် နည်းပြ အဲရစ် တန်ဟက်ဂ် အလိုရှိနေတဲ့ sweeper keeper ဖြစ်သူ အိုနာနာကို ပြောင်းရွှေ့ကြေး ပေါင် (၄၃)သန်းနဲ့ ခေါ်ယူခဲ့ပါတယ်။

“မန်ချက်စတာ ယူနိုက်တက်အသင်းက တကယ့်ကို ထိပ်တန်း ဂိုးသမားကောင်းတွေ ပိုင်ဆိုင်ခဲ့တဲ့ အသင်းပါ။ ပီတာ ရှမိုက်ကယ်ကနေ ဒီဂီယာအထိပေါ့။

ဒီဂီယာက အိုနာနာထက်တောင် များစွာ သာလွန်ကောင်းမွန်တဲ့ ဂိုးသမားတစ်ဦးပါ။ ဒါပေမယ့် အိုနာနာသာ သူ့အလုပ်ကို ကောင်းကောင်း လုပ်ဆောင်နေမယ်ဆိုရင် ဂိုးကာကွယ်မှုတွေကို ခက်ခက်ခဲခဲ မလုပ်ဆောင်ရဘူးဆိုရင်တော့ သူ့ဆီမှာ ဘာပြသာနာမှ ရှိနေတော့မှာ မဟုတ်ဘူး။”

“အခုတော့ သူက တစ်သင်းလုံးအတွက် ဖိအားတွေ သယ်ဆောင်ပေးသလို ဖြစ်နေတယ်။ အိုနာနာက မန်ယူနိုက်တက် အတွက် လုံလောက်မှုမရှိတဲ့ ဂိုးသမားဆိုတာ အမှန်တရားပါ။ မန်ယူနိုက်တက်ကလည်း သူ့ကို ခေါ်ယူခဲ့တာ အမှားကြီးတစ်ခုကို လုပ်ဆောင်လိုက်သလိုပါပဲ။” နာမည်ကျော် သုံးသပ်သူ ခရစ် ဆပ်တန်က မှတ်ချက်ပြုသွားခဲ့ပါတယ်။

အိုနာနာက တန်ဟက်ဂ်နဲ့ အေဂျက်စ်မှာကတည်းက လက်တွဲခဲ့ဖူးသူဖြစ်ပြီး အင်တာမှာလည်း လက်စွမ်းကောင်းတွေ ပြသခဲ့လို့ ဘာလွန်းဒီအော ရဲ့ အကောင်းဆုံး ဂိုးသမားဆု ဆန်ခါတင်စာရင်းမှာပါ ထည့်သွင်း ရွေးချယ်ခံထားခဲ့ရပါသေးတယ်။

ဒါပေမယ့် ယူနိုက်တက်အသင်းဆီ ပြောင်းရွှေ့ ရောက်ရှိလာချိန်မှာတော့ အိုနာနာက အမှားအယွင်းတွေ ဆက်တိုက် ကျူးလွန်မိနေရသလို ဂိုးသမားတစ်ဦးအတွက် မဖြစ်မနေ ဖမ်းမိသင့်တဲ့ ဂိုးကန်ချက်တွေကိုပါ မဖမ်းယူနိုင်တော့တဲ့အထိ အခြေအနေတွေက ဆိုးရွှားလာခဲ့ရပါတယ်။