ဝက်စ်ဟမ်းအသင်းဆီ မပြောင်းတာ မန်ယူမှာ သူ ကုပ်ကပ်နေခဲ့လို့ မဟုတ်ကြောင်း ဖော်ထုတ်သွားတဲ့ မက်ဂွိုင်းယား
ပြီးခဲ့တဲ့ နွေတုန်းက ဝက်စ်ဟမ်း အသင်းဆီ မပြောင်းဖြစ်တာဟာ သူ ကုပ်ကပ်နေခဲ့လို့ မဟုတ်ဘဲ ကလပ် နှစ်သင်းကြားမှာ သေချာ ဆွေးနွေးမှု သဘောတူညီမှု မရှိခဲ့တာကြောင့် အပြောင်းအရွှေ့ ဖြစ်မလာခဲ့တာ လို့ မန်ယူ နောက်ခံလူ ဟယ်ရီ မက်ဂွိုင်းယားက ရှင်းပြလိုက်ပါတယ်။
မက်ဂွိုင်းယားဟာ ဒီရာသီ နည်းပြ အဲရစ်တန်ဟတ် လက်ထက် မှာ အရန်ခုံထိုင်နေရတဲ့ ကိစ္စကို လက်ခံခဲ့ရပြီး ရာသီအစ ၁၁ ပွဲမှာ ၄ ပွဲပဲ ပွဲ ထွက်ခွင့်ရတာကို လက်ခံခဲ့ရသူပါ။

ဒါပေမဲ့ သူဟာ အီဗန်၊ လင်ဒီလော့ဖ်တို့လို ပဲ ပွဲထွက်ခွင့်ရသင့်တယ်ဆိုတာကိုတော့ ဘရန်ဖို့ဒ်ကို ၂-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပွဲမှာ သက်သေပြနိုင်ခဲ့ပါတယ်။
ဒါကြောင့် လာမယ့် သီတင်းပတ်ကျရင် အသင်းဟောင်းရှက်ဖီးယူနိုက်တက်နဲ့ ကစားမယ့် ပွဲမှာတော့ မက်ဂွိုင်းယား ဟာ မန်ယူအသင်း ဦးစားပေးလူစာရင်းကို မျက်စောင်းထိုးနေပါပြီ။
ကလပ် အသင်းနဲ့အတူ ပွဲကစားချိန် နည်းပါးလွန်းနေပေမဲ့လည်း မက်ဂွိုင်းယားဟာ လက်ရွေးစင်အသင်းမှာတော့ နေရာ ပျောက်မယ့်ပုံစံမျိုး လုံး၀ မရှိသလို အင်္ဂလန်နည်းပြ ဆောက်ဂိတ်ကလည်း ယုံကြည်မှု ပေးထားပါတယ်။
ဒါပေမဲ့ ပုံမှန်ပွဲကစားချိန်နည်းနေတာဟာ အခက်အခဲတစ်ခုဖြစ်နေပြီး ပြီးခဲ့တဲ့ နွေဈေး ကွက်မှာကတည်းက အသင်းပြောင်းချင်ခဲ့တာ ဖြစ်တယ်လို့ လက်စတာ နောက်ခံလူဟောင်းက ဆိုပါတယ်။
” ပုံမှန်ပွဲကစားချိန် ရနေတာမျိုးဟာ ကျွန် တော့်အတွက် အရေးပါတဲ့ ကိစ္စတစ်ခုပါ။ ကစားသမားဘဝတစ်ခုလုံး အဲဒီလို မျိုးနဲ့ ဖြတ်သန်းလာခဲ့တာလေ။ ဝက်စ်ဟမ်းကို ပြောင်းဖို့အတွက်
တကယ့် လက်တွေ့ အခွင့်အရေးက အသင်းနှစ်သင်းကြားမှာ သဘောတူညီမှု ရခဲ့တာ မျိုးမရှိသလို ကျွန်တော်နဲ့လည်း သဘောတူညီမှု မရခဲ့ပါဘူး။
ဒါကြောင့် ကျွန်တော့်ဘက်ကနေပြီး ဟုတ်ကဲ့ပါလို့ ပြောပိုင်ခွင့်မရှိသလို အသင်းပြောင်း မယ်လို့လည်း ပြောမရခဲ့ပါဘူး။ နှစ်သင်းကြားမှာ သဘောတူညီမှု မရခဲ့ဘူး။ ဒါကြောင့် တကယ်ပြောင်းလို့ရမယ့် အခွင့်အရေးမျိုး မရှိခဲ့ပါဘူး။
ဘာကြောင့် လဲဆိုတော့ ကျွန်တော်တို့ ဒီကိစ္စနဲ့ပတ်သက်ပြီး ဖြစ်ဖြစ်မြောက်မြောက်မှ မ လုပ်နိုင်ခဲ့ကြတာ။
ဒါပေမဲ့ ဝက်စ်ဟမ်းဆိုတာက အသင်းကြီးတစ်သင်းပါ။ ဒါပေမဲ့ ကျွန်တော် ပြောခဲ့သလိုပဲ မန်ယူအတွက်ပဲ အာရုံ အပြည့်အ၀ စိုက် ထားပါတယ်။
ကျွန်တော့်ရဲ့ပုံမှန်နေရာအတွက် တိုက်ပွဲဝင်မှာပါ။ ဒါပေမဲ့ ပုံမှန် ပွဲထွက်ကစားခွင့်ရဖို့ကတော့ ကျွန်တော့်အတွက် တကယ်ကို အရေးပါတယ” လို့ မက်ဂွိုင်းယားက ပြောဆိုသွားခဲ့ပါတယ်။