ဘာမင်ဂန် နည်းပြသစ် ဝိန်း ရွန်းနီ ခေါ်ယူသွားဖွယ် ရှိနေတဲ့ မန်ချက်စတာ ယူနိုက်တက် ကစားသမားများ
အသက် ၃၇ နှစ်အရွယ် မန်ချက်စတာ ယူနိုက်တက် ဂန္တဝင် ဝိန်း ရူနီ ချန်ပီယံရှစ်ကလပ် ဘာမင်ဂန်စီးတီး အသင်း နည်းပြ ဖြစ်လာခဲ့ပါပြီ။
ရွန်းနီက ပြီးခဲ့တဲ့ စနေနေ့မှာ ဒီစီယူနိုက်တက်နဲ့ လမ်းခွဲခဲ့ပြီးနောက် ခပ်မြန်မြန်ပဲ အသင်းသစ် ရသွားတာ ဖြစ်ပါတယ်။ ဘာမင်ဂန် နည်းပြသစ် ရွန်းနီဟာ မန်ချက်စတာ ယူနိုက်တက် ကစားသမား ၃ ဦးကို ခေါ်ယူသွားဖွယ် ရှိနေတယ်လို့ သတင်းထွက်လာပါတယ်။
အဲဒီ မန်ယူ ကစားသမား ၃ ဦးကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

ဟန်နီဘယ် မက်ဂျ်ဘရီ
ဘာမင်ဟမ်ကို ပြောင်းရွှေ့နိုင်ခြေအရှိဆုံးကစားသမား ၃ ဦးထဲက ဖြစ်နိုင်ခြေအများဆုံး ကစားသမားဖြစ်ပြီး ပြီးခဲ့တဲ့ရာသီတုန်းက အငှားနဲ့ အချိန်ကုန်ဆုံးခဲ့ဖူးတာဖြစ်ပါတယ်။
မက်ဂျ်ဘရီရဲ့ စိန့် အန်ဒရူးက အောင်မြင်တဲ့ အငှားကစားသမားဘဝကြောင့် အဲရစ်တန်ဟက်ရဲ့ ယခုရာသီ ပထမအသင်းထဲမှာ ထည့်သွင်းဖို့ စဉ်းစားခြင်းခံခဲ့ရတာဖြစ်ပြီး လူငယ်ကြယ်ပွင့်ဟာ မန်ယူနိုက်တက်ကွင်းလယ်မှာ ပွဲအများအပြား ပါဝင်ကစားခွင့် ရရှိခဲ့ပြီးဖြစ်ပါတယ်။
ဒါပေမယ့်လည်း တူနီးရှားကွင်းလယ်ကြယ်ပွင့်ရဲ့ရှေ့မှာ ပွဲထွက်ခွင့်အတွက် စီနီယာကစားသမားတွေ အများအပြားရှိနေပြီး မန်ချက်စတာယူနိုက်တက်က အသက် ၂၀ အရွယ်ကစားသမားကို ပွဲကစားချိန်ပိုရအောင် ဇန်နဝါရီမှာ အငှား ထပ်ထွက်ခွင့်ပြုသွားနိုင်ပါတယ်။
အာမက် ဂျယ်လို
ပြီးခဲ့တဲ့ရာသီ ချန်ပီယံရှစ်မှာ နောက်ထပ်တောက်ပခဲ့တဲ့ ကစားသမားကတော့ အာမက် ဂျယ်လိုဖြစ်ပြီး ဆန်းဒါးလန်းကို ပလေးအော့ဖ်နေရာရရှိအောင် သွင်းဂိုး ၁၀ ဂိုးအထိ သွင်းယူပေးခဲ့တာဖြစ်ပါတယ်။
အိုင်ဗရီကို့စ်တောင်ပံကြယ်ပွင့်ဟာ နောက်ထပ် အငှားထွက်ကစားချင်တယ်လို့ လူမှုကွန်ရက်ပေါ်မှာ အရိပ်အမြွက်ပြခဲ့ပေမယ့်လည်း ရာသီကြိုမှာ ခြေကျင်းဝတ်ဒဏ်ရာရရှိခဲ့တာကြောင့် အစီအစဉ်ပျက်ခဲ့တာဖြစ်ပြီး ဇန်နဝါရီလမှာတော့ ပြန်လည်ကစားပေးနိုင်မယ်လို့ မျှော်မှန်းထားတာကြောင့် မန်ယူနိုက်တက် အာမက်ကို ပွဲကြံ့ခိုင်မှုရအောင် နောက်ထပ်တစ်ကြိမ် အငှားချနိုင်ပါတယ်။
ဝိန်း ရူနီဟာ ပြီးခဲ့တဲ့နှစ် ဇန်နဝါရီလတုန်းက ဒီစီယူနိုက်တက်ကို နည်းပြခဲ့ချိန်အတွင်း အာမက် ဂျယ်လိုကို အငှားနဲ့ ခေါ်ယူနိုင်ခြေနဲ့ပတ်သက်ပြီး ပြောဆိုခဲ့ဖူးပြီး အိုင်ဗရီကို့စ်တောင်ပံကစားသမားကို နှစ်သက်တယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။
မေဆန် ဂရင်းဝုဒ်
မေဆန် ဂရင်းဝုဒ်ဟာ လက်ရှိမှာ စပိန်လာလီဂါကလပ် ဂီတာဖေးကို အငှားထွက်ကစားနေပေမယ့်လည်း အသင်းတွင်း စုံစမ်းစစ်ဆေးမှုအပြီး အသင်းနဲ့ နှစ်ဦးသဘောတူ လမ်းခွဲမှာဖြစ်တယ်လို့ ကြေညာခဲ့သူဖြစ်ပါတယ်။
ဂရင်းဝုဒ်ဟာ ဂီတာဖေးအတွက် ပြီးခဲ့တဲ့ ဆယ်တာဗီဂိုနဲ့ ပွဲစဉ်မှာ ပထမဆုံးသွင်းဂိုး သွင်းယူနိုင်ခဲ့ပြီဖြစ်ပြီး ၆၁၃ ရက်အကြာမှာ ဂိုးပေါက်ပြန်တွေ့ခဲ့တာဖြစ်ပါတယ်။
ဂရင်းဝုဒ်အတွက်အင်္ဂလိပ်ဘောလုံးလောကကို ပြန်လာဖို့က သီအိုရီအရ ဖြစ်နိုင်ခြေရှိပေမယ့်လည်း ကြီးမားတဲ့ အငြင်းပွားစရာတွေ၊ တုံ့ပြန်မှုတွေနဲ့ ကြုံတွေ့ရနိုင်ပါတယ်။