လီဗာပူး လက်ရှိ ကွင်းလယ်တွေရဲ့ ပျော့ညံ့မှုကို ပယ်ပယ်နယ်နယ် ဝေဖန်လိုက်တဲ့ ချယ်ဆီးလူဟောင်း
ဝက်စ်ဟမ်းကို အဝေးကွင်းမှာ ရှုံးနိမ့်ပြီးနောက် လီဗာပူး အသင်းဟာ ၂ပွဲဆက် ရမှတ်တွေဆုံးရှုံးမှုကြောင့် ပရီးမီးယားလိဂ်အမှတ်ပေးဇယား အဆင့်၄နေရာသို့ ကျဆင်းသွားပြီး ထိပ်ဆုံးနေရာက ချဲလ်ဆီးအသင်းနဲ့ ၄မှတ်ကွာဟသွားပါတယ်။
ချဲလ်ဆီး တိုက်စစ်မှူးဟောင်း ကတ်စ်ကာရီနိုက ကွင်းလယ်မှာ ဝင်ဂျ်နယ်ဒမ်ကို လက်လွတ်ဆုံးရှုံးရခြင်းဟာ လီဗာပူးအသင်း ရမှတ်တွေ ဆုံးရှုံးရခြင်း အကျိုးဆက်တွေ ပြောပါတယ်။
ဝင်ဂျ်နယ်ဒမ်ဟာ လက်ရှိ ပီအက်စ်ဂျီအသင်းတွင် နည်းပြပိုချက်တီနိုလက်အောက်မှာ ကစားနေပြီး ကြိုးကြာနီတွေဟာ ပြီးခဲ့တဲ့နွေရာသီက ၎င်းနေရာမှာ အစားထိုးခဲ့ခြင်း မရှိတာ ဖြစ်ပါတယ်။ အဲဒီအစား ကလော့ပ်ဟာ အသင်းရှိ ကွင်းလယ်သမားတွေကို ယုံကြည်ခဲ့ပြီး ထိုအထဲတွင် ချိန်ဘာလိန်၊ သီယာဂိုတို့လည်း ပါဝင်ခဲ့ပါတယ်။
လက်ရှိအချိန်မှာ ချိန်ဘာလိန်၊ သီယာဂိုတို့ဟာ ဝင်ဂျ်နယ်ဒမ်လောက် အကျိုးသက်ရောက်မှု မရှိနေဘူးလို့ ကတ်စ်ကာရီနိုက ပြောဆိုခဲ့ပါတယ်။
“လီဗာပူးအသင်း အရင်လိုမသန်မာတော့တဲ့ အကြောင်းရင်းက ကွင်းလယ်မှာ စစ်ပွဲတစ်ခုလို တိုက်ပွဲ ဝင်မယ့် သူထက် ထက် အစောင့် သဘော သာသာမျိုးဘဲ ဖြစ်နေခဲ့ပါတယ်။
အရင် ကွင်းလယ်သမား ၃ယောက်ဟာ မရပ်မနား၊ မာမာထန်ထန် ပြေးလွှားကစားခဲ့ပြီး ပြိုင်ဘက်ကို ခက်ခဲစေခဲ့ပါတယ်။ အခုတော့ ကွင်းလယ်ပိုင်းက လှစ်ဟနေပါတယ်။ ကြီးမားတဲ့ ဆုံးရှုံးမှုကတော့ ပီအက်စ်ဂျီထံ ထွက်ခွာသွားတဲ့ ဂျီနီဝင်ဂျ်နယ်ဒမ်ပါ”ဟု ကတ်စ်ကာရီနိုက ပြောပါတယ်။
ဒါကြောင့်ပဲ လီဗာပူးအသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်ဖလား လက်လွတ်ရနိုင်တဲ့ အကြောင်းရင်းတွေရှိကြောင်း ၎င်းက ဆိုခဲ့ပါတယ်။
ZG
ဝက်စ်ဟမ်းကို အဝေးကွင်းမှာ ရှုံးနိမ့်ပြီးနောက် လီဗာပူး အသင်းဟာ ၂ပွဲဆက် ရမှတ်တွေဆုံးရှုံးမှုကြောင့် ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့်၎နေရာသို့ ကျဆင်းသွားပြီး ထိပ်ဆုံးနေရာက ချဲလ်ဆီးအသင်းနဲ့ ၄မှတ်ကွာဟသွားပါတယ်။
ချဲလ်ဆီး တိုက်စစ်မှူးဟောင်း ကတ်စ်ကာရီနိုက ကွင်းလယ်မှာ ဝင်ဂ်ျနယ်ဒမ်ကို လက်လွတ်ဆုံးရှုံးရခြင်းဟာ လီဗာပူးအသင်း ရမှတ်တွေ ဆုံးရှုံးရခြင်း အကျိုးဆက်တွေ ပြောပါတယ်။
လက်ရှိအချိန်မှာ ချိန်ဘာလိန်၊ သီယာဂိုတို့ဟာ ဝင်ဂ်ျနယ်ဒမ်လောက် အကျိုးသက်ရောက်မှု မရှိနေဘူးလို့ ကတ်စ်ကာရီနိုက ပြောဆိုခဲ့ပါတယ်။
ဒါကြောင့်ပဲ လီဗာပူးအသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်ဖလား လက်လွတ်ရနိုင်တဲ့ အကြောင်းရင်းတွေရှိကြောင်း ၄င်းက ဆိုခဲ့ပါတယ်။