ဆန်ချို ရဲ့ ဖြစ်နိုင်ဖွယ် အသင်းသစ်များ၊ မာရှယ် အနာဂတ်၊ မက်ဂွဲရား၊ ဂရင်းဝုဒ် တို့နဲ့ မန်ချက်စတာ ယူနိုက်တက် သတင်းများ စုစည်းမှု
မန်ချက်စတာ ယူနိုက်တက်ဟာ တိုက်စစ်မှူး မာရှယ်ကို စာချုပ်သစ် သက်တမ်းတိုး ချုပ်ဆိုဖွယ် မရှိဘဲ ဇန်နဝါရီမှာတင် ကမ်းလှမ်းလာမှု ရမယ်ဆိုရင် နားထောင်ပေးသွားမှာပါ။
ဝက်စ်ဟမ်းအသင်းဟာ ဒီရာသီ ပုံစံကောင်းရနေမှုကို အရှိန်တင်နိုင်ဖို့ရာ ဇန်နဝါရီမှာ ယူနိုက်တက် ခံစစ်မှူး မက်ဂွဲရားကို နောက်ထပ် တစ်ကြိမ် ကြိုးစားသွားဖွယ် ရှိနေပါတယ်။

မန်ချက်စတာကနေ ထွက်ခွာဖွယ် ရှိနေတဲ့ ဂျေဒန်ဆန်ချိုကို ခေါ်ယူဖို့ စီးရီးအေကလပ် ဂျူဗင်တပ်အသင်းက စိတ်ဝင်စားမှု ရှိနေပါတယ်။
ဆန်ချိုကို ဘာစီလိုနာကလည်း ဇန်နဝါရီမှာ အငှားနဲ့ ခေါ်ယူဖို့ စဉ်းစားနေပြီး ဒီလို ခေါ်ယူနိုင်ဖို့ ဆိုရင်လည်း ဆန်ချို ဘက်က လုပ်ခလစာ ကို လျှော့ယူပေးမှသာ ဖြစ်နိုင်မှာပါ။
ဂီတာဖေးမှာ အငှားထွက် ကစားနေတဲ့ ဂရင်းဝုဒ်က အသင်းသစ်၊ နေရာသစ်မှာ အခြေကျစပြုလာနေပြီး အပြီးပြောင်းဖို့ စဉ်းစားနေပြီ ဖြစ်ပါတယ်။
မန်ချက်စတာ ယူနိုက်တက်ကလည်း ၂၀၂၅ မှ စာချုပ်ကုန်မယ့် ဂရင်းဝုဒ်ကို အသင်းထံ ပြန်ခေါ်လိုနေပြီး ပရိသတ်တွေရဲ့ ဆန့်ကျင်မှုကိုလည်း ရှောင်လွှဲနိုင်ဖို့ ကြံရွယ်နေပါတယ်။
ကာတာ အုပ်စုဟာ ဂလေဇာ မိသားစုရဲ့ မတန်တဆ ဈေးခေါ်မှုတွေကို မညှိနိုင်တော့တာကြောင့် မန်ချက်စတာ ယူနိုက်တက် ကို ဝယ်ယူရေးကနေ အလုံးစုံ နောက်ဆုတ်သွားခဲ့ပြီ ဖြစ်ပါတယ်။