လူကာကူ က ကိန်း၊ လီဝန်ဒေါစကီး၊ ဟာလန်းတို့နဲ့ လယ်ဗယ်တူ လို ပြောဆိုချီးကျူးလိုက်တဲ့ တူချယ်
သောမက်စ် တူချယ်က ရိုမီလူ လူကာကူဟာ အာလင်း ဟာလန်း၊ ရောဘတ် လီဝန်ဒေါစကီး၊ ဟယ်ရီကိန်းတို့နဲ့ အဆင့်တူ အနေအထား ရောက်နေပြီလို့ ယုံကြည်ကြောင်း ပြောခဲ့ပါတယ်။ ချဲလ်ဆီးအသင်းဟာ ဒေါ့မွန်က ဟာလန်းကို ခေါ်ယူနိုင်ခဲ့ခြင်း မရှိတာကြောင့် တိုက်စစ်မှူးဟောင်း လူကာကူကို ပေါင် ၉၈သန်းနဲ့ ခေါ်ယူခဲ့ပါတယ်။
တူချယ်က “ရိုမီလူက ဟာလန်း၊ လီဝန်ဒေါစကီး၊ ကိန်းတို့လိုပဲ ဧရိယာထဲ ရှိနေရင် ဂိုးသွင်းနိုင်တဲ့ နံပါတ် ၉ တိုက်စစ်မှူး စစ်စစ် ဖြစ်ပါတယ်။ သူက ကျွန်တော်တို့ ရှာနေတဲ့ ပုံစံနဲ့ ကိုက်ညီသော တိုက်စစ်မှူးပါပဲ”လို့ ပြောခဲ့ပါတယ်။
တိုက်စစ်မှူး ဝါနာကလည်း “လူကာကူဟာ ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူး၁ယောက် ဆိုတာကို မေးခွန်းထုတ်စရာ မလိုပါဘူး။ သူ့အကြောင်း ဘာမှ သိပ်ပြောဖို့တောင် မလိုဘူး ထင်ပါတယ်။ သူ အသင်းတိုင်းကို အကျိုးရှိစေမှာပါ”လို့ ဆိုခဲ့ပါတယ်။
လူကာကူဟာ တနင်္လာနေ့က မီလန်မှာ ဆေးစစ်မှု အောင်မြင်ခဲ့ပြီးနောက် ယမန်နေ့ကတော့ အေးဂျင့် ပက်စ်တိုရယ်လိုနဲ့အတူ မိုနာကိုမှာ အစီအစဉ်တွေအကြောင်း ဆွေးနွေးခဲ့ပါတယ်။ လူကာကူတို့ဟာ ယမန်နေ့က လန်ဒန်ကိုလာဖို့ စီစဉ်ထားပေမဲ့ အင်တာမီလန်ရဲ့ ဒီဇီကိုအား ကမ်းလှမ်းခဲ့မှုကြောင့် နောက်ကျခဲ့ရပါတယ်။
ဒီဇီကိုအား ရောင်းချလိုက်တဲ့ မော်ရင်ဟိုရဲ့ ရိုးမားကတော့ ချဲလ်ဆီးတိုက်စစ်မှူး အေဘရာဟမ်ကို ကနဦး အငှား+ အပြီးသတ် ခေါ်ယူခွင့် ပေါင် ၃၄သန်းနဲ့ ခေါ်ယူဖို့ ကြိုစားနေပါတယ်။ အာဆင်နယ်က စိတ်ဝင်စားနေတဲ့ အေဘရာဟမ်ကို ချဲလ်ဆီးက အပြီးသတ်သာ ရောင်းချလိုတဲ့ အနေအထား ဖြစ်ပါတယ်။

ZG
ေသာမက္စ္ တူခ်ယ္က ႐ိုမီလူ လူကာကူဟာ အာလင္း ဟာလန္း၊ ေရာဘတ္ လီဝန္ေဒါစကီး၊ ဟယ္ရီကိန္းတို႔နဲ႔ အဆင့္တူ အေနအထား ေရာက္ေနၿပီလို႔ ယုံၾကည္ေၾကာင္း ေျပာခဲ့ပါတယ္။ ခ်ဲလ္ဆီးအသင္းဟာ ေဒါ့မြန္က ဟာလန္းကို ေခၚယူႏိုင္ခဲ့ျခင္း မရွိတာေၾကာင့္ တိုက္စစ္မႉးေဟာင္း လူကာကူကို ေပါင္ ၉၈သန္းနဲ႔ ေခၚယူခဲ့ပါတယ္။
တူခ်ယ္က “႐ိုမီလူက ဟာလန္း၊ လီဝန္ေဒါစကီး၊ ကိန္းတို႔လိုပဲ ဧရိယာထဲ ရွိေနရင္ ဂိုးသြင္းႏိုင္တဲ့ နံပါတ္ ၉ တိုက္စစ္မႉး စစ္စစ္ ျဖစ္ပါတယ္။ သူက ကြၽန္ေတာ္တို႔ ရွာေနတဲ့ ပုံစံနဲ႔ ကိုက္ညီေသာ တိုက္စစ္မႉးပါပဲ”လို႔ ေျပာခဲ့ပါတယ္။
တိုက္စစ္မႉး ဝါနာကလည္း “လူကာကူဟာ ကမာၻ႔အေကာင္းဆုံး တိုက္စစ္မႉး၁ေယာက္ ဆိုတာကို ေမးခြန္းထုတ္စရာ မလိုပါဘူး။ သူ႔အေၾကာင္း ဘာမွ သိပ္ေျပာဖို႔ေတာင္ မလိုဘူး ထင္ပါတယ္။ သူ အသင္းတိုင္းကို အက်ိဳးရွိေစမွာပါ”လို႔ ဆိုခဲ့ပါတယ္။
လူကာကူဟာ တနလၤာေန႔က မီလန္မွာ ေဆးစစ္မႈ ေအာင္ျမင္ခဲ့ၿပီးေနာက္ ယမန္ေန႔ကေတာ့ ေအးဂ်င့္ ပက္စ္တိုရယ္လိုနဲ႔အတူ မိုနာကိုမွာ အစီအစဥ္ေတြအေၾကာင္း ေဆြးေႏြးခဲ့ပါတယ္။ လူကာကူတို႔ဟာ ယမန္ေန႔က လန္ဒန္ကိုလာဖို႔ စီစဥ္ထားေပမဲ့ အင္တာမီလန္ရဲ႕ ဒီဇီကိုအား ကမ္းလွမ္းခဲ့မႈေၾကာင့္ ေနာက္က်ခဲ့ရပါတယ္။
ဒီဇီကိုအား ေရာင္းခ်လိုက္တဲ့ ေမာ္ရင္ဟိုရဲ႕ ႐ိုးမားကေတာ့ ခ်ဲလ္ဆီးတိုက္စစ္မႉး ေအဘရာဟမ္ကို ကနဦး အငွား+ အၿပီးသတ္ ေခၚယူခြင့္ ေပါင္ ၃၄သန္းနဲ႔ ေခၚယူဖို႔ ႀကိဳစားေနပါတယ္။ အာဆင္နယ္က စိတ္ဝင္စားေနတဲ့ ေအဘရာဟမ္ကို ခ်ဲလ္ဆီးက အၿပီးသတ္သာ ေရာင္းခ်လိုတဲ့ အေနအထား ျဖစ္ပါတယ္။