ဘီဘီစီ ဆက်တန်ကတော့ မနက်ဖြန်ည ရှက်ဖီး – မန်ယူပွဲ ဘယ်လိုရလဒ်ထွက်လာမလဲ ကြိုတင် ဟောကိန်း ထုတ်လိုက်ပါပြီ
နိုင်ငံတကာ သီတင်းပတ် ပြီးဆုံးပြီ ဖြစ်လို့ ဒီ စနေ၊ တနင်္ဂနွေမှာ ပရီးမီးယားလိဂ် ပွဲတွေ ပြန်လည် စတင်တော့မှာပါ။ နည်းပြ တန်ဟက်ရဲ့ မန်ချက်စတာ ယူနိုက်တက်ကတော့ ရှက်ဖီးယူနိုက်တက်နဲ့ တွေ့ဆုံနေပြီး အဝေးကွင်း သွားရောက် ရင်ဆိုင်ရဖို့ ရှိနေပါတယ်။
ဒီနှစ်သင်းဟာ မနက်ဖြန် စနေနေ့ ည/ တနင်္ဂနွေနေ့ နံနက် ၁း၃ဝ နာရီ အချိန်မှာ ယှဉ်ပြိုင် ကစားကြမှာ ဖြစ်ပါတယ်။
ဘီဘီစီ သတင်းဌာနမှ ပင်တိုင် သုံးသပ်သူ ခရစ်ဆက်တန် က ရှက်ဖီးနဲ့ မန်ချက်စတာ ယူနိုက်တက် တို့ ပွဲစဉ် အတွက် အခုလို ကြိုတင် သုံးသပ် ခန့်မှန်းထားပါတယ်။

ဆက်တန် ပွဲကြို သုံးသပ်ချက်
ကျွန်တော် ဒါချည်းပဲ ထပ်ခါတလဲလဲ ပြောမိနေတယ် ဆိုတာ သိပါတယ်။ ဒါပေမယ့် ကျွန်တော်က မန်ချက်စတာ ယူနိုက်တက်ကိုရော ဂိုးသမား အိုနာနာကိုရော အားရကျေနပ်မှု မရှိပါဘူး။
ပြီးခဲ့တဲ့ ၂ပတ်လောက်တုန်းကတော့ သူတို့က ဘရန့်ဖို့ဒ်နဲ့ ပွဲမှာ နောက်ကျ ဂိုးတွေ သွင်းပြီး ပြန်လာနိုင်ခဲ့တယ်။ မဟုတ်ရင် သူတို့ မန်နေဂျာ အဲရစ်တန်ဟက်က နိုင်ငံတကာ သီတင်းပတ်မှာ ဖိအားတွေအောက် အတော် ရောက်နေခဲ့လောက်ပါတယ်။
အင်္ဂါနေ့က အင်္ဂလန်အတွက် မားကပ် ရက်ဖို့ဒ် ဂိုးသွင်းခဲ့တာကလည်း အရေးကြီးပါတယ်။ ကလပ်အတွက်ရော နိုင်ငံ အတွက်ပါ ၉ ပွဲဆက် ဂိုးပေါက် ပျောက်နေခဲ့ရာကနေ အခုလို အချိန်ကောင်းမှာ ဂိုးပြန်သွင်းနိုင်ခဲ့တာက သူ့အတွက် ယုံကြည်မှုတွေ တက်သွားစေမှာပါ။
ရှက်ဖီးလ် ယူနိုက်တက်ကတော့ ပြောရခက်ပါတယ်။ သူတို့ နိုင်ပွဲရအောင် ကြိုးစားလိမ့်မယ်။ ဒါပေမယ့် တန်ဟက်ရဲ့ အသင်းက အသာရသွားမယ် ထင်ပါတယ်။ ဒါမှ နောက်တစ်ပတ် မန်ချက်စတာ ဒါဘီပွဲမတိုင်ခင် သူတို့ စိတ်ဓာတ် တက်သွားမှာပါ။
ခရစ်ဆက်တန် ရဲ့ ခန့်မှန်းရလဒ်
ရှက်ဖီး ဝ-၂ မန်ချက်စတာ ယူနိုက်တက်