နိုင်ငံအသင်းဖော်၊ ငယ်သူငယ်ချင်း ဖြစ်ပေမယ့် ချန်ပီယံလိဂ်မှာ ထိပ်တိုက်တွေ့မှာ ဖြစ်လို့ စကားနိုင်လုနေတဲ့ မန်ယူနဲ့ ကိုပင်ဟေဂင် ကစားသမား ၂ဦး
မန်ချက်စတာယူနိုက်တက်ဟာ အင်္ဂါနေ့ည အိုးထရက်ဖို့ဒ်မှာ ကိုပင်ဟေဂင်ကို လက်ခံယှဉ်ပြိုင်သွားရမှာဖြစ်ပြီး တန်ဟက်ရဲ့အသင်းက အုပ်စုအဖွင့် ၂ ပွဲစလုံးကို ရှုံးနိမ့်ခဲ့တာကြောင့် ဒီပွဲစဉ်မှာ မဖြစ်မနေ အနိုင်ကစားသွားဖို့ လိုအပ်နေပြီဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက်ဟာ ၂ပွဲ ကစားပြီးချိန် ၂ ပွဲလုံး ရှုံးထား တာကြောင့် အုပ်စုအောက်ဆုံးမှာ ရပ်တည်နေရတာ ဖြစ်ပါတယ်။
စာရွက်ပေါ်မှာတော့ ဒိန်းမတ်ချန်ပီယံတွေနဲ့ ကစားရမယ့်ပွဲဟာ သရဲနီတွေအတွက် အလွယ်ကူဆုံးပွဲစဉ် ဖြစ်နေတာ ဖြစ်ပေမယ့် ပြီးခဲ့တဲ့လအနည်းငယ်က ဖြစ်ခဲ့တဲ့အရာတွေကြောင့် ဘာမဆို ဖြစ်သွားနိုင်တာဖြစ်ပါတယ်။

ကိုပင်ဟေဂင် တိုက်စစ်မှူး အဲလီးယပ်စ် အချူရီ ဥရောပထိပ်သီးအသင်းကြီးနဲ့ ယှဉ်ပြိုင်ကစားရမယ့် အခွင့်အရေးကို စောင့်မျှော်နေရုံမကဘဲ လက်ရွေးစင်အသင်းဖော် ဟန်နီဘယ်နဲ့ ရင်ဆိုင်ကစားရမှာကိုလည်း စိတ်လှုပ်ရှားနေ ပါတယ်။
ဟန်နီဘယ်နဲ့ အချူရီတို့ဟာ တူနီးရှား လက်ရွေးစင်အသင်းမှာ သူငယ်ချင်းတွေဖြစ်ကြပြီး အသက် ၂၄ နှစ်အရွယ် ကစားသမားက မန်ယူနိုက်တက်ကြယ်ပွင့်ဟာ အင်္ဂါနေ့ည အိုးထရက်ဖို့ဒ်က ချန်ပီယံလိဂ်ပွဲမတိုင်ခင် ၎င်းကို သတိပေးစကားပြောဆိုခဲ့တယ်လို့ ထုတ်ဖော်ပြောကြားခဲ့တာဖြစ်ပါတယ်။
“ကျွန်တော့်အတွက်တော့ ကြီးမားတဲ့အခိုက်အတန့်ဖြစ်လာမှာဖြစ်ပြီး ကျွန်တော့်ကစားသမားဘဝရဲ့ အကြီးမားဆုံး အခိုက်အတန့်တွေထဲက တစ်ခုဖြစ်လာမှာပါ။ ကျွန်တော် အာရုံစိုက်နေဖို့နဲ့ ကျွန်တော့်ခေါင်းထဲကို ဘာအနှောင့်အယှက်မှ အဝင်မခံပါဘူး။
ကျွန်တော်က ပရော်ဖက်ရှင်နယ်ဖြစ်ပြီး အိုးထရက်ဖို့ဒ်ကို သွားပြီး အသင်းအတွက် အကောင်းဆုံးရလဒ်ရအောင် ကူညီပေးသွားမှာပါ။ ကျွန်တော် ဟန်နီဘယ်ကို ငါတို့တွေ အနိုင်ကစားသွားမှာလို့ ပြောခဲ့တယ်။
ကျွန်တော်တို့ ပွဲအပြီးမှာ ရှပ်ချင်းလဲကြမယ်လို့ ထင်ပါတယ်။ ဘာလို့လဲဆိုတော့ သူက ကျွန်တော့်သူငယ်ချင်းမို့လို့ပါ။ ကျွန်တော်တို့အတွက် အရမ်းကောင်းတဲ့အခိုက်အတန့်ဖြစ်လာမှာပါ။ ကျွန်တော် အုပ်စုအဆင့်အတွက် မဲခွဲမှုအပြီး ဟန်နီဘယ်ကို ဖုန်းခေါ်ခဲ့ပြီး နိုင်ငံတကာအားလပ်ရက်အတွင်းမှာလည်း ကျွန်တော်တို့ ပွဲအကြောင်း စကားပြောခဲ့တယ်။
အဲဒီတော့ ဒီပွဲက စိတ်လှုပ်ရှားစရာကောင်းလာမှာပါ။သူက ကျွန်တော့်ကို အေးဆေးကစားဖို့နဲ့ သူတို့ ကစားသမားတွေကို မသတ်ဖို့ ပြောခဲ့တယ်။ ကျွန်တော် သတ်သင့်ရင် သတ်ရမှာပဲ ဒါမှမဟုတ် အနည်းဆုံးတော့ သတ်ဖို့ ကြိုးစားရမှာပဲလို့ ပြောခဲ့တယ်။
သူ့ကို လက်ရွေးစင်အသင်းမှာ ကောင်းကောင်းသိခဲ့ပြီး ကျွန်တော်တို့ ၂ ယောက်စလုံး ပြင်သစ်မှာ ကြီးပြင်းခဲ့တယ်။ အဲဒီတော့ ကျွန်တော်တို့မှာ တကယ်ကောင်းမွန်တဲ့ ဆက်ဆံရေးရှိပါတယ်”လို့ ပြောကြားခဲ့ပါတယ်။