မန်ချက်စတာ ယူနိုက်တက် အတွက် အနိုင်ဂိုး သွင်းပေးခဲ့တဲ့ တချိန်က အပယ်ခံ မက်ဂွဲရား ရဲ့ ပွဲပြီး ပြောစကား

ညကပွဲမှာ မန်ချက်စတာ ယူနိုက်တက် အတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူပေးခဲ့တဲ့ နောက်ခံလူ မက်ဂွိုင်းရားက ကိုပင်ဟေဂင်ကို အနိုင်ရရှိခဲ့တဲ့ ချန်ပီယံလိဂ်ပွဲဟာ အသင်းအတွက် အများကြီး အဓိပ္ပာယ်ရှိခဲ့ကြောင်း ပြောကြားလိုက်ပါတယ်။

ထိုပါပွဲမှာ ယူနိုက်တက်က မက်ဂွိုင်းရားရဲ့ တစ်လုံးတည်းသော ခေါင်းတိုက်သွင်းဂိုးနဲ့ အနိုင်ရရှိခဲ့တာပါ။ ဒီပွဲမှာ ယူနိုက်တက်တို့ အနိုင်ရရှိခဲ့တယ် ဆိုပေမယ့် ပုံစံကောင်းပြသနိုင်ခဲ့ခြင်းမရှိဘဲ ကိုပင်ဟေဂင်ရဲ့ တုံ့ပြန်မှုကြောင့် ရုန်းကန်ခဲ့ရပါတယ်။

ဒါပေမယ့် ဒုတိယပိုင်းမှာ မက်ဂွိုင်းရားက လိုအပ်နေတဲ့ အနိုင်ဂိုးကို သွင်းယူပေးနိုင်ခဲ့သလို အိုနာနာကလည်း နောက်ဆုံး မိနစ် ပင်နယ်တီကို ကာကွယ်နိုင်ခဲ့ပါတယ်။

ပွဲအပြီးမှာ မက်ဂွိုင်းရားက “ဒီပွဲကိုနိုင်ခဲ့တာက အများကြီး အဓိပ္ပာယ်ရှိခဲ့ပါတယ်။ အံ့အားသင့်ဖွယ် ကာကွယ်မှုနဲ့ ဒီနိုင်ပွဲက ဆာဘော်ဘီ ချာလ်တန်နဲ့ သူ့မိသားစုကို ရည်ညွှန်းပါတယ်။ ဒီရက်သတ္တပတ်က ကျွန်တော်တို့အတွက် ခက်ခဲကြမ်းတမ်းခဲ့တဲ့ ရက်သတ္တပတ်တစ်ခုပါ”

“ဘော်ဘီချာလ်တန်လို လူမျိုးကို ဆုံးရှုံးရတာက အသင်းနဲ့ အဝတ်လဲခန်းကို အကျိုးသက်ရောက်မှုရှိစေပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ အခုလိုမျိုး နိုင်ပွဲရရှိခဲ့တဲ့အတွက် ကျေနပ်ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။

ယူနိုက်တက်ရဲ့ ဂန္တဝင်ကြီး ဘော်ဘီချာလ်တန်ဟာ ပြီးခဲ့တဲ့ စနေနေ့က ကွယ်လွန်သွားခဲ့ပြီး အခု ကိုပင်ဟေဂင်နဲ့ပွဲက အဆိုပါ ဂန္တဝင် ပုဂ္ဂိုလ်ကြီး ကွယ်လွန်ပြီးနောက်ပိုင်း အိုးထရက်ဖို့ဒ်ကွင်းမှာ ပထမဆုံး ကစားခဲ့တဲ့ ပွဲတစ်ပွဲလည်း ဖြစ်ပါတယ်။