သူ မပါပေမယ့် စီးတီးအသင်းဖော်တွေက မန်ယူကို အနိုင် ကစားမှာ ယုံကြည်တယ် ကြုံးဝါးသွားတဲ့ မန်စီးတီး အသင်းသား
မန်စီးတီး အသင်း နောက်ခံကစားသမား အကန်ဂျီကတော့ ဒီအပတ် အိုးထရက်ဖို့ဒ်မှာ ကစားကြမယ့် မန်ချက်စတာဒါဘီ မှာ မန်ယူအသင်းကို အနိုင်ကစားဖို့ အသင့်ဖြစ်နေကြောင်း ကြုံးဝါးပြောဆိုသွားခဲ့ပါတယ်။
အကန်ဂျီကတော့ ပွဲပယ်ပြစ်ဒဏ်ကြောင့် မန်ချက်စတာဒါဘီပွဲစဉ်ကို လွဲချော်ရမှာ ဖြစ်ပေမယ့် အသင်းဖော်တွေကို အားပေးစကား ပြောဆိုသွားခဲ့ပြီး ပြီးခဲ့တဲ့ ရာသီတွေတုန်းကလို မြို့ခံပြိုင်ဘက် အသင်းကို အနိုင်ယူဖို့ ယုံကြည် စိတ်ချနေကြတာ ဖြစ်ပါတယ်။

အကန်ဂျီက “ ဒီပွဲက ကြမ်းတမ်းပြီး ပွဲကြီးပွဲကောင်း တစ်ပွဲဖြစ်လာဦးမှာပါ၊ ဒါပေမယ့် ကျွန်တော်ကတော့ ကျွန်တော့် အသင်းဖော်တွေကို ယုံကြည်စိတ်ချထားပြီးသားပါ၊ ဒီပွဲအတွက် ကျွန်တော်တို့ အသင့်ဖြစ်နေသလို ၃ မှတ်ပြည့် ရယူဖို့အတွက်လည်း ယုံကြည်နေပြီးသားပါ၊ ”ဆိုပြီး ပြောဆိုသွားခဲ့တာ ဖြစ်ပါတယ်။
ကြားရက်က ယန်းဘွိုှုင်းအသင်းကို အနိုင်ရခဲ့တဲ့ပွဲမှာ မန်စီးတီး အသင်းအတွက် သွင်းဂိုးတစ်ဂိုး သွင်းယူပေးခဲ့တဲ့ အကန်ဂျီဟာ ပရီးမီးယားလိဂ်မှာတော့ တစ်ပွဲပယ် ပြစ်ဒဏ်ချမှတ်ခံထားရပြီး လာမယ့် ဘုန်းမောက်ပွဲစဉ်မှသာ အသင်းအတွက် ပြန်လည် ကစားပေးခွင့်ရမှာ ဖြစ်ပါတယ်။
မန်စီးတီးအသင်းဟာ လက်ရှိ အမှတ်ပေးဇယား အဆင့် ၂ မှာ ရပ်တည်နေတဲ့ အသင်းဖြစ်ပြီး အကယ်၍ မန်ယူအသင်းကိုသာ အနိုင်ကစားနိုင်ခဲ့ပါက ထိပ်ဆုံးမှ စပါးအသင်းကို ဆက်လက် ဖိအားပေးထားနိုင်မှာ ဖြစ်ပါတယ်။
တဖက်မှာ မန်ချက်စတာ ယူနိုက်တက် ကလည်း မန်စီးတီးကိုသာ အနိုင်ကစားနိုင်ရင် စီးတီးနဲ့ ၃ မှတ် အကွာထိ နီးကပ်လာမှာ ဖြစ်ပါတယ်။