မန်စီးတီးက မန်ယူကို ဂိုးဒါဇင်ဝက်နီးပါး ဂိုးသွင်းမယ် ဟောကိန်းထုတ်လာတဲ့ ဘီဘီစီ ဆရာကြီး ခရစ်ဆက်တန်
မန်ချက်စတာ ယူနိုက်တက် ဟာ ဒီတပတ် ပရီးမီးယားလိဂ်မှာ မန်စီးတီး နဲ့ အိုးထရက်ဖို့ဒ်မှာ ထိပ်တိုက်တွေ့ကြမှာ ဖြစ်ပါတယ်။ ပွဲချိန် ကတော့ တနင်္ဂနွေနေ့ည ၁ဝ နာရီ အချိန်မှာ ယှဉ်ပြိုင် ကစားကြမှာ ဖြစ်ပါတယ်။
ဘောလုံးပွဲတွေ အပတ်စဉ် သုံးသပ်နေကြ ဖြစ်တဲ့ ဘီဘီစီ သတင်းဌာနမှ ပင်တိုင် သုံးသပ်သူ ခရစ်ဆက်တန်က မန်ချက်စတာ ဒါဘီ ပွဲ အတွက် အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။

ခရစ်ဆက်တန်ရဲ့ ပွဲကြို သုံးသပ်ချက်
မန်ချက်စတာ ယူနိုက်တက်က ကောင်တာ တိုက်စစ် ကစားတာ သိပ်ကို ကောင်းပါတယ်။ ဒီကစားပုံက စီးတီးနဲ့ပွဲမှာ အံကိုက် ဖြစ်မှာပါ။
ဒါပေမယ့် ယူနိုက်တက်က သာမာန်အသင်းလို ဖြစ်နေပြီး ဘယ်လို ဖြစ်လာမလဲ မှန်းရခက်နေပါတယ်။ ကျွန်တော်တို့ အနေနဲ့ နောက်ဆုံး ကစားထားတဲ့ ၃ ပွဲ နောက်ကို ကျော်ပြီး ကြည့် ရပါမယ်။ ယူနိုက်တက်က ပွဲတွေကို အားရစရာ သိပ် မရှိလှဘဲ နိုင်လာခဲ့တာပါ။
စီးတီးကတော့ ထက်မြက်နေတယ်။ ကျွန်တော့ အမြင်မှာ သူတို့က အနှေးနဲ့ အမြန် ပြိုင်ဘက်ကို ချေမှုန်း ပစ်တော့မယ့် ဟန်နဲ့ပဲ။ သူတို့ရဲ့ အညှာအတာ မရှိ ထက်မြက်တဲ့ အကောင်းဆုံးခြေသာ ပြန်ရမယ် ဆိုရင် ဒီ တနင်္ဂနွေကတော့ ဂိုး အရမ်း ပြတ်သွားမယ်။
ဘောလုံးရာသီ မစတင်ခင်တုန်းက ယူနိုက်တက်ဟာ စီးတီးနဲ့ နီးကပ်လာနိုင်မလား ပြောဆိုကြတာတွေ ရှိတယ်။ အခုထိ မြင်သမျှကတော့ သူတို့က မိုင်ပေါင်းများစွာ ဝေးကွာနေပါတယ်။ ဒီပွဲမှာ ပိုပြီး သိသာသွားမယ်လို့ ကျွန်တော် ထင်တယ်။
ယူနိုက်တက်ကို တစ်ဂိုးလောက်တော့ ပေးမယ်ဗျာ။ ဘာဖြစ်လို့လဲ ဆိုတော့ ပွဲချိန်ဝက် နားပြီးရင် သူတို့က ခြိမ်းခြောက်နိုင် တတ်တယ်။ စီးတီးကတော့ ဒါကို အေးဆေး ကျော်ဖြတ်သွားမှာပဲ။
အချက်အလက် တချို့ကြောင့် ဒီရာသီ အာလင်းဟာလန်းရဲ့ ခြေစွမ်း အပေါ် မကောင်းပြောကြတာတွေ ရှိတယ်၊ ကျွန်တော်ကတော့ ဒါတွေကို သဘောမတူဘူး။
ဟာလန်းက အခုထိ ဂိုးတွေ သွင်းနေတုန်းပဲလေ။ ပရီးမီးယားလိဂ်မှာလည်း ၉ ဂိုး သွင်းပြီး ဂိုးအများဆုံး သွင်းသူ ဖြစ်နေတယ်။ သူက မယုံနိုင်စရာ ပါရမီထူးတွေ ရှိသူပါ။ ဒီပွဲမှာ သူ ကြီးကြီးမားမား လုပ်မပြနိုင်ဘူး ဆိုရင်တော့ ကျွန်တော် အံံသြမိမှာပဲ။
ခရစ်ဆက်တန်ရဲ့ ခန့်မှန်းရလဒ်
မန်ချက်စတာ ယူနိုက်တက် ၁-၅ မန်စီးတီး။