မန်ချက်စတာ ယူနိုက်တက် ထံ ပြန်လာမယ်လို့ ဒီဂီယာက သဲလွန်စ ပေးလိုက်တာလား
ဂိုးသမား ဒီဂီယာကတော့ လာမယ့် ဇန်နဝါရီမှာ အသင်းဟောင်း မန်ချက်စတာယူနိုက်တက်ထံကို ပြန်လာနိုင်တဲ့ အကြောင်း လူမှုကွန်ရက်ပေါ်မှာ နောက်ထပ် သဲလွန်စပေးလာခဲ့ပါတယ်။
အသက် ၃၂ နှစ်အရွယ် ဂိုးသမားဟာ ပြီးခဲ့တဲ့ဇူလိုင်လမှာ မန်ချက်စတာယူနိုက်တက်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးခဲ့ပြီးနောက် အိုးထရက်ဖို့ဒ်က ၁၂ နှစ်ကြာ ကစားသမားဘဝကို အဆုံးသတ်ခဲ့ပြီး လက်ရှိအချိန်အထိ အသင်းလက်မဲ့ဖြစ်နေတာဖြစ်ပါတယ်။

နွေမှာ အသင်းကနေ ထွက်ခွာကြောင်း ဝမ်းနည်းကြေကွဲဖွယ် ထုတ်ပြန်ကြေညာချက်ထဲမှာတော့ ဒီဂီယာ က စိန်ခေါ်မှု အသစ်တွေကို ပတ်ဝန်းကျင်အသစ်မှာ ရှာဖွေသွားချင်တဲ့ ဆန္ဒကို ထုတ်ဖော်ပြောကြားခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့်လည်း မန်ချက်စတာယူနိုက်တက်က ယခုနွေရာသီမှာ အင်တာမီလန်ကနေ ခေါ်ယူခဲ့တဲ့ အန်ဒရီ အိုနာနာဟာ ဒီဆောင်းရာသီ အာဖရိကဖလားပြိုင်ပွဲ ကစားရဖို့ ရှိနေတာကြောင့် စပိန်ဂိုးသမားဟာ အသင်းကို ကာလတိုစာချုပ်နဲ့ အံ့အားသင့်ဖွယ် ပြန်လည်ပြောင်းရွှေ့နိုင်တယ်လို့ အင်္ဂလန်သတင်း က ဖော်ပြခဲ့ပါတယ်။
အသက် ၂၇ နှစ်အရွယ် ဂိုးသမားဟာ ကင်မရွန်းအသင်းသာ အာဖရိကဖလားပြိုင်ပွဲ နောက်ပိုင်း အဆင့်တွေအထိ ယှဉ်ပြိုင်နိုင်မယ်ဆိုရင် ၈ ပွဲအထိ လွဲချော်နိုင်ပြီး ဒဟေးယားကို မကြာသေးမီက မန်ချက်စတာမှာ မြင်တွေ့ခဲ့ရပြီး ဘရူနို ဖာနန်ဒက်စ်နဲ့ အတူ ရိုက်ကူးထားတဲ့ ဓာတ်ပုံကို တင်ခဲ့ပြီးနောက် အိုးထရက်ဖို့ဒ်ကို ပြန်လည်ပြောင်းရွှေ့နိုင်တယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။
ကြာသပတေးနေ့မှာ ဒဟေးယားက အဲဒီ ကောလာဟလတွေကို တွစ်တာ မှာ စဉ်းစားနေတဲ့ မျက်နှာပုံစံ အီမိုဂျီကို တင်ခဲ့ပြီးနောက် မီးလောင်ရာလေပင့်လုပ်ခဲ့တာ ဖြစ်ပါတယ်။
စပိန်ဂိုးသမားဟာ ၎င်းရဲ့ လူမှုကွန်ရက်ပေါ်မှာ နောက်ထပ်ဓာတ်ပုံတစ်ပုံကို တင်ခဲ့ပြီး အခွင့်အရေးရလာရင် ကစားဖို့အတွက် ကိုယ့်ကိုကိုယ် ထက်မြက်နေအောင် လုပ်နေတယ်ဆိုတာ အသိပေးခဲ့တာဖြစ်ပါတယ်။
ယမန်နေ့ အင်စတာဂရမ်မှာ တင်ခဲ့တဲ့ စတိုရီထဲမှာ ဒဟေးယားက ဂိုးဖမ်းလက်အိတ်တစ်စုံ၊ ဘောလုံးကန်ဖိနပ်၊ ဘောလုံးတစ်လုံးနဲ့အတူ ကောင်းမွန်နေတယ်လို့ ခံစားရတယ်ဆိုတဲ့ ကပ်ရှင်နဲ့အတူ တင်ခဲ့တာဖြစ်ပါတယ်။