ခြေနည်းနည်းကျနေတဲ့ မန်စီးတီးကို မန်ယူ ဘယ်လို အနိုင်ကန်ရမလဲ နည်းလမ်းပြောပြပေးသွားတဲ့ ဂယ်ရီနဗီး

မန်ချက်စတာ ယူနိုက်တက် နောက်ခံလူဟောင်းကြီး ဂယ်ရီ နဗီးက အသင်းဟောင်း မန်ယူအသင်းဟာ မနက်ဖြန် တနင်္ဂနွေနေ့ မန်ချက်စတာဒါဘီမှာ မန်စီးတီးကို အနိုင်ယူနိုင်ဖို့ ဘယ်လို ကစားရမလဲ အကြံပြုသွားပါတယ်။

မန်ချက်စတာနှစ်သင်းဟာ ယခုအပတ် တနင်္ဂနွေနေ့ အိုးထရက်ဖို့ဒ်မှာ ယခုရာသီ ပထမဆုံး မန်ချက်စတာဒါဘီပွဲစဉ်အဖြစ် တွေ့ဆုံယှဉ်ပြိုင်သွားမှာဖြစ်ပြီး မန်ယူနိုက်တက်နဲ့ မန်စီးတီးတို့ဟာ ရပ်တည်မှုအပိုင်းမှာ ကွာဟနေတာ ဖြစ်ပါတယ်။

အဲရစ် တန်ဟက်ရဲ့အသင်းဟာ ရာသီအစ ၉ ပွဲကနေ ၅ ပွဲအနိုင်ရခဲ့ပြီးနောက် ရမှတ် ၁၅ မှတ်နဲ့ အဆင့် ၈ နေရာမှာ ရပ်တည်နေပြီး မန်ချက်စတာစီးတီးကတော့ အမှတ်ပေးဇယားဦးဆောင်သူ စပါးစ်ထက် ၁ ပွဲလျော့ ၅ မှတ်အကွာ ဒုတိယနေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ဂလာတာဆာရေးကို ချန်ပီယံလိဂ်မှာ ၃-၂ နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၃ ပွဲစလုံးကို အနိုင်ရရှိခဲ့ပြီး ပုံမှန်ခြေစွမ်း ပြန်လည်ရရှိနေတာဖြစ်ပါတယ်။

ယခုအပတ် မန်စီးတီးနဲ့ ပွဲမတိုင်ခင် ဂယ်ရီ နဗီးက “ကျွန်တော် အင်္ဂါနေ့ည ကိုပင်ဟေဂင်ပွဲကို သွားကြည့်ခဲ့တယ်။ ယူနိုက်တက်က ပထမပိုင်းမှာ ဆိုးရွားနေခဲ့ပေမယ့် ဒုတိယပိုင်းမှာ ပိုကောင်းခဲ့တယ်။ ခြေစွမ်းပိုင်းက မကောင်းပါဘူး။ သူတို့တွေ ကောင်းကောင်း မကစားနိုင်ခဲ့ဘူး။

အဲဒီတော့ ကျွန်တော်တို့ ဒါက ဒါဘီပွဲပဲ။ သူတို့တွေ ဒီအတွက် အသင့်ဖြစ်နေလိမ့်မယ်လို့ပဲ ပြောရမှာပဲ။ ယူနိုက်တက် အတွက် တနင်္ဂနွေနေ့မှာ မိနစ် ၂၀ လောက် ကောင်းကောင်း ကစားနိုင်ရင်ကို သူတို့မှာ စစ်မှန်တဲ့ အခွင့်အရေးရှိတယ်လို့ ကျွန်တော် အမြဲတမ်း ပြောမှာပါ။

ဘာလို့လဲဆိုတော့ ပရိသတ်အုပ်နဲ့ အိုးထရက်ဖို့ဒ်ကွင်းထဲမှာ ရှိနေမယ့်ခံစားချက်တွေကြောင့်ပါ။ ဒါက မနှစ်က ဖြစ်ပျက်ခဲ့ပြီးပါပြီ။

သူတို့တွေ ၁-၀ နဲ့ ရှုံးနိမ့်နေရာကနေ ၂-၁ နဲ့ အနိုင်ရသွားခဲ့တယ်။ မန်ချက်စတာယူနိုက်တက်က တနင်္ဂနွေနေ့မှာ စီးတီးကို ဘောလုံးပိုင်းအရ အသာရပြီး အနိုင်ရသွားစရာအကြောင်းမရှိပါဘူး။ ဘာလို့လဲဆိုတော့ သူတို့က အဲဒီအဆင့်အတန်းမှာ ရှိမနေလို့ပါ။

ဒါပေမယ့် စီးတီးကလည်း အခု ခြေနည်းနည်းကျနေပါတယ်။ အဲဒီတော့ စိတ်ဝင်စားစရာကောင်းလာမှာပါ။ ယူနိုက်တက်က အိုးထရက်ဖို့ဒ်မှာ သူတို့ကစားတဲ့ပုံစံနဲ့အတူ မန်စီးတီးရဲ့ အကောင်းဆုံးပုံစံကို ပြန်ပြီးလည်း ယူဆောင်ပေးနိုင်ပါတယ်။

ပြီးခဲ့တဲ့ရာသီကတော့ နောက်ဆုံး ၁၅ မိနစ်မှာ အံ့အားသင့်စရာဖြစ်ခဲ့တယ်။ ကျွန်တော် မျှော်မှန်းထားတာထက် ပိုပြီး မျှော်လင့်မိပါတယ်”လို့ ပြောကြားခဲ့ပါတယ်။