ကြာသပတေးနေ့ နံနက်ခင်း နောက်ဆုံးရ ဘောလုံးသတင်းတိုများ စုစည်းမှု
ချဲလ်ဆီးအသင်းရဲ့ ဂိုးသမား၂ ဦးဖြစ်တဲ့ မန်ဒီနဲ့ ကီပါတို့ကတော့ အသင်းလိုက်စွမ်းဆောင်ရည် ကောင်းမွန်မှုတွေကြောင့် အခုလို စူပါဖလား ချန်ပီယံဖြစ်ခဲ့တာဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။
နည်းပြ အာတီတာရဲ့ အာဆင်နယ်အသင်းအနေနဲ့တော့ ကာရာဘောင်ဖလားရဲ့ ဒုတိယအဆင့်ပွဲစဉ်မှာ ဝက်စ်ဘရွန်းအသင်းနဲ့ ယှဉ်ပြိုင် ကစားသွားရမှာဖြစ်တယ်လို့ သိရပါတယ်။
ချဲလ်ဆီးနည်းပြ တူချယ်ကတော့ ပင်နယ်တီအဆုံးအဖြတ်မှာ မန်ဒီ နေရာ ကီပါကို လူစားလဲလှယ်ခဲ့တာနဲ့ပတ်သက်ပြီး ကီပါ ဆီမှာ ကိန်းဂဏန်းတွေအရ ပင်နယ်တီကာကွယ်မှု ပိုများနေတာကြောင့် အခုလို ဆုံးဖြတ်ခဲ့ရတာဖြစ်ပြီး ဒါကို ကစားသမားတွေကိုလည်း အသိပေးပြီးသားဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။
ဒေါ့မွန် CEO ဝက်ဇ်ကီကတော့ မက်ဆီလို ကစားသမားမျိုးကို ပီအက်စ်ဂျီအသင်း ခေါ်ယူနိုင်ခဲ့တာက အခြားအသင်းတွေအတွက် တရားမျှတမှု မရှိဘူးလို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။
အက်သလက်တီကိုအသင်းအနေနဲ့ အသင်ရဲ့ ဗဟိုခံစစ်မှုးတစ်ဦးဖြစ်တဲ့ ဆာဗစ်ကို လာမယ့် ၂၀၂၄ ခုနှစ်အထိ အသင်းမှာ ဆက်လက် ထိန်းထားနိုင်မယ့် စာချုပ်သစ် တစ်ရပ် ချုပ်ဆိုနိုင်ခဲ့တယ်လို့ သိရပါတယ်။
ပီအက်စ်ဂျီနောက်ခံလူ ရာမို့စ်ကတော့ အယ်လ်ကလက်စီကိုရဲ့ မဟာပြိုင်ဘက်ဖြစ်ခဲ့တဲ့ မက်ဆီတစ်ယောက် ပီအက်စ်ဂျီအသင်းကို ရောက်ရှိ လာတာကို သူ့အနေနဲ့ ကြိုဆိုကြောင်း အင်စတာဂရမ်မှာ ရေးသားပြောဆိုသွားခဲ့ပါတယ်။

ZG
ခ်ဲလ္ဆီးအသင္းရဲ႕ ဂိုးသမား၂ ဦးျဖစ္တဲ့ မန္ဒီနဲ႔ ကီပါတို႔ကေတာ့ အသင္းလိုက္စြမ္းေဆာင္ရည္ ေကာင္းမြန္မႈေတြေၾကာင့္ အခုလို စူပါဖလား ခ်န္ပီယံျဖစ္ခဲ့တာျဖစ္တယ္လို႔ ထုတ္ေဖာ္ေျပာဆိုသြားခဲ့ပါတယ္။
ခ်ဲလ္ဆီးနည္းျပ တူခ်ယ္ကေတာ့ ပင္နယ္တီအဆုံးအျဖတ္မွာ မန္ဒီ ေနရာ ကီပါကို လူစားလဲလွယ္ခဲ့တာနဲ႔ပတ္သက္ၿပီး ကီပါ ဆီမွာ ကိန္းဂဏန္းေတြအရ ပင္နယ္တီကာကြယ္မႈ ပိုမ်ားေနတာေၾကာင့္ အခုလို ဆုံးျဖတ္ခဲ့ရတာျဖစ္ၿပီး ဒါကို ကစားသမားေတြကိုလည္း အသိေပးၿပီးသားျဖစ္တယ္လို႔ ထုတ္ေဖာ္ေျပာဆိုသြားခဲ့ပါတယ္။
ေဒါ့မြန္ CEO ၀က္ဇ္ကီကေတာ့ မက္ဆီလို ကစားသမားမ်ိဳးကို ပီအက္စ္ဂ်ီအသင္း ေခၚယူႏိုင္ခဲ့တာက အျခားအသင္းေတြအတြက္ တရားမွ်တမႈ မရွိဘူးလို႔ ထုတ္ေဖာ္ေျပာဆိုသြားခဲ့ပါတယ္။
အက္သလက္တီကိုအသင္းအေနနဲ႔ အသင္ရဲ႕ ဗဟိုခံစစ္မႈးတစ္ဦးျဖစ္တဲ့ ဆာဗစ္ကို လာမယ့္ ၂၀၂၄ ခုႏွစ္အထိ အသင္းမွာ ဆက္လက္ ထိန္းထားႏိုင္မယ့္ စာခ်ဳပ္သစ္ တစ္ရပ္ ခ်ဳပ္ဆိုႏိုင္ခဲ့တယ္လို႔ သိရပါတယ္။
နည္းျပ အာတီတာရဲ႕ အာဆင္နယ္အသင္းအေနနဲ႔ေတာ့ ကာရာေဘာင္ဖလားရဲ႕ ဒုတိယအဆင့္ပြဲစဥ္မွာ ၀က္စ္ဘ႐ြန္းအသင္းနဲ႔ ယွဥ္ၿပိဳင္ ကစားသြားရမွာျဖစ္တယ္လို႔ သိရပါတယ္။
ပီအက္စ္ဂ်ီေနာက္ခံလူ ရာမို႔စ္ကေတာ့ အယ္လ္ကလက္စီကိုရဲ႕ မဟာၿပိဳင္ဘက္ျဖစ္ခဲ့တဲ့ မက္ဆီတစ္ေယာက္ ပီအက္စ္ဂ်ီအသင္းကို ေရာက္ရွိ လာတာကို သူ႔အေနနဲ႔ ႀကိဳဆိုေၾကာင္း အင္စတာဂရမ္မွာ ေရးသားေျပာဆိုသြားခဲ့ပါတယ္။