ကစားသမားတွေ သူခိုင်းတဲ့ အတိုင်း လိုက် မကစားလို့ ရှုံးခဲ့တာ ဖြစ်ကြောင်း နည်းပြ တန်ဟက် ပြောပြီ
အိုးထရက်ဖို့ဒ်မှာ မြို့ခံပြိုင်ဘက် မန်စီးတီးအသင်းကို ၃-ဝ နဲ့ ခါးသီးစွာ ရှုံးနိမ့်ခဲ့တဲ့ ပွဲ အပြီး မန်ချက်စတာ ယူနိုက်တက် နည်းပြ တန်ဟက်တော့ ကစားသမားတွေကို ပြန် လက်ညှိုးထိုး ပြစ်တင်မှု ပြုလုပ်သွားခဲ့ပါတယ်။
နည်းပြ တန်ဟက် ကတော့ သူ လုပ်ထားတဲ့ ပွဲ အစီအမံအတိုင်းသာ ကစားရင် ယူနိုက်တက်က ကောင်းနေခဲ့ပြီး ကစားသမားတွေကြောင့် ပွဲပလန် ပျက်သွားလို့ မဟန်ခဲ့တာ ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

” ပွဲချိန် ပထမပိုင်းမှာ ကျွန်တော်တို့ game plan အတိုင်း လုံးဝကို စည်းကမ်းရှိရှိ လိုက် ကစားနိုင်ခဲ့တယ်။ အဲဒီမှာ ဘယ်လောက် အောင်မြင်ခဲ့လဲ ကောင်းခဲလဲ ခင်ဗျားတို့ မြင်ကြမှာပါ။
ဒုတိယပိုင်းမှာကျ ကျွန်တော်တို့ တစ်ဂိုးရှုံး အနေအထား ဖြစ်နေတာကြောင့် တိုက်စစ်ပိုလိုက်နိုင်တဲ့ ကစားသမားတွေ ထည့်ဖို့ ဆုံးဖြတ်ခဲ့လိုက်တယ်။ အဲဒီမှာပဲ game plan အတိုင်း မကစားနိုင်တော့ဘဲ အမှား လုပ်မိတယ်။
ပွဲပလန်တွေအတိုင်း မကစားလို့ အခြေအနေက ခပ်မြန်မြန်ပဲ ပြောင်းသွားပြီး ၂-ဝ ဖြစ်သွားရော။ တကယ်ကို ခက်ခဲလွန်းတဲ့ ပွဲပါ။ ဒါပေမယ့် ပထမပိုင်းမှာ ကျွန်တော်တို့ သူတို့ကို ဘယ်လို ရင်ဆိုင် ကစားခဲ့သလဲ ဆိုတာ မမေ့လိုက်ကြပါနဲ့။ ” လို့ တန်ဟက်က ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
နည်းပြတန်ဟက်က ယူနိုက်တက် ပင်နယ်တီ ပေးလိုက်ရတာကလည်း ပွဲကို အပြောင်းအလဲ ဖြစ်သွားစေခဲ့ပြီး အသင်းက အဲဒီနောက်ပိုင်းမှာ ကျဆင်းသွားတာ ဖြစ်ကြောင်း ဆင်ခြေစကားလည်း ဆိုခဲ့ပါသေးတယ်။