မန်ချက်စတာ ဒါဘီမှာ မန်ယူအသင်း ရှုံးနိမ့်သွားရတဲ့ အဓိက အကြောင်းအရင်းကြီး ၂ ရပ်

အာဆင်နယ် နည်းပြဟောင်းကြီး အာဆင်ဝင်းဂါးက မန်ချက်စတာယူနိုက်တက်ရဲ့ စည်းလုံးညီညွတ်မှုနဲ့ ယုံကြည်မှု ကင်းမဲ့နေမှုက တနင်္ဂနွေနေ့ မန်စီးတီးကို ၃-၀ နဲ့ ရှုံးနိမ့်ခဲ့မှုရဲ့ နောက်ကွယ်က ကြီးမားတဲ့ အချက် ၂ ချက်ဖြစ်ခဲ့တယ်လို့ ယုံကြည်နေပါတယ်။

အာဆင်ဝင်းဂါးက “နှစ်သင်းကြားက ကွာဟချက်က ပွဲကြာလေလေ ကြီးလာလေလေ ဖြစ်ခဲ့တယ်လို့ ကျွန်တော် ပြောရပါလိမ့်မယ်။ အဆုံးမှာတော့ မန်ချက်စတာယူနိုက်တက်လို ကြီးမားတဲ့အသင်းအတွက် ခင်ဗျား စိတ်မကောင်း ဖြစ်ခဲ့မိမှာပါ။ ဘာလို့လဲဆိုတော့ အသင်းမှာ ဘာမှ မျှော်လင့်စရာမရှိနေလို့ပါ။

မန်ချက်စတာယူနိုက်တက်က အများကြီး ခံစားခဲ့ရတယ်လို့ ကျွန်တော် ယုံတယ်။ ပထမဆုံးအနေနဲ့ ..

သူတို့တွေ ဘယ်နေရာမှာ တိုးတက်အောင် လုပ်နိုင်မလဲဆိုတာ ကျွန်တော် မမြင်ပါဘူး။ ဒီအသင်းက ယုံကြည်ချက်၊ အရည်အသွေးနဲ့ ဒီနေ့မှာဆိုရင် စိတ်ဝိဉာဉ်တောင် ပျောက်ဆုံးနေခဲ့တယ်။ အဲဒါက မန်ယူနိုက်တက်ဆီကနေ အရမ်းကောင်းတဲ့ တိုက်ပွဲဝင်စိတ်ဓာတ်မဟုတ်ခဲ့ဘူးလို့ ကျွန်တော် ပြောရပါလိမ့်မယ်။

အရည်အသွေးပိုင်းနဲ့ ကစားသမားတွေ တစ်ဦးချင်းစီရဲ့အရည်အသွေးပိုင်းမှာပေါ့။ ဒီနေ့မှာ သူတို့တွေ ခံစစ်ကနေ တိုက်စစ်ကို စတင်ရာမှာ အရမ်းကို ဆိုးရွားခဲ့တယ်လို့ ကျွန်တော် ခံစားခဲ့ရပါတယ်။

သူတို့တွေ တိုက်စစ်ကို ပေးပြီး ကစားနိုင်ခြေရှိတဲ့အချိန်မှာတောင် ဂိုးသမားကို အကြိမ်ပေါင်းများစွာ ဘောလုံးပြန်ပေး ခဲ့တယ်။ ကျွန်တော်ကတော့ အဲဒီကနေ စလွဲနေတာလို့ပဲ ပြောရမှာပဲ။ ပြီးတော့ ခင်ဗျား ကြောက်ရွံ့မှုကို နောက်ကွယ်မှာ ခံစားနေရတဲ့အခါမှာ ဘောလုံးမလိုချင်တာကြောင့် တစ်သင်းလုံးက မရေမရာနဲ့ ယုံကြည်မှု ပျောက်ဆုံးခဲ့တယ်။

သူတို့ရဲ့ ဒီနေ့ အကြီးမားဆုံးပြဿနာရဲ့ ဒုတိယပိုင်းက တိုက်စစ်မှူးနဲ့ ခံစစ်ကစားသမားတွေကြား အကွာအဝေးက ကြီးမားနေခဲ့တာလို့ ပြောရပါလိမ့်မယ်။ တိုက်စစ်မှူးတွေက ပြိုင်ဘက်ကစားသမားတွေကို ပိတ်ဆို့ပြီး ဖိအားပေးဖို့ လုပ်နေတဲ့အခြေအနေမှာ ခံစစ်ကစားသမားတွေက ကွင်းလယ်စည်းရဲ့အနောက် မီတာ ၂၀ မှာရှိနေခဲ့ပါတယ်။

ခင်ဗျား ဒီလို အကွာအဝေးက ကြီးမားနေတဲ့အခါမှာ မန်စီးတီးလိုအသင်းဆီကနေ ဘောလုံးပြန်ရဖို့က မဖြစ်နိုင်ပါဘူး။ တစ်ဦးချင်းအရည်အသွေး ကွာခြားခဲ့ပြီးနောက် အသင်းက လုံလောက်တဲ့ ကျစ်လစ်မှုမရှိခဲ့ပါဘူး။”လို့ ပြောကြားခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ မန်ချက်စတာစီးတီးကို ယှဉ်နိုင်ဖို့ ရုန်းကန်ခဲ့ရပြီး အထူးသဖြင့် ဒုတိယပိုင်းမှာ တော်တော်လေး ဆိုးရွားခဲ့ပြီးနောက် တန်ဟက်ရဲ့အသင်းဟာ ယခုရာသီ ပရီးမီးယားလိဂ် ၁၀ ပွဲမှာ ၅ ပွဲအထိ ရှုံးနိမ့်ခဲ့ပြီဖြစ်ပါတယ်။