မန်ယူကို သွေးမကြောင်ဖို့ ဥပမာကြီး တစ်ခုဖြင့် ထောက်ပြ တိုက်တွန်းသွားတဲ့ အီရန်ရိုက်

အိုလီဂန်နာဆိုးရှားဟာ မန်ချက်စတာ ယူနိုက်တက်မှာ မန်နေဂျာတစ်ယောက်အနေနဲ့ သူ့ရဲ့ နောက်ဆုံးအချိန်ကို ရောက်ရှိခဲ့ပြီလို့ ပရီးမီးယားလိဂ် တိုက်စစ်သမားဟောင်းကြီး အီယန်ရိုက်က ယုံကြည်နေပါတယ်။

သရဲနီတွေဟာ ခက်ခဲတဲ့ရာသီအစကို ကြုံတွေ့ခဲ့ရပြီး မန်စီးတီးနဲ့ လီဗာပူးတို့ကို အပြတ်အသတ် ရှုံးနိမ့်ခဲ့တဲ့နောက် နော်ဝေသားဟာ ကြီးမားတဲ့ ဖိအားတွေအောက်ကို ရောက်ရှိနေတာပါ။ မန်နေဂျာ အပြောင်းအလဲလုပ်ဖို့ အလားအလာ မရှိသေးပေမယ့် ဖာဒီနန် အပါအဝင် ဝေဖန်ရေးဆရာ များစွာက ဆိုးရှားနေရာ အစားထိုးသင့်ပြီလို့ ထောက်ပြနေကြတာ ဖြစ်ပါတယ်။

“ ဝေဖန်သုံးသပ်သူတိုင်းက အတူတူပဲ ပြောကြတယ်။ ယူနိုက်တက်က ဦးတည်ချက်မရှိဘူး။ စုစည်းမှုမရှိဘူး။ ကစားသမားကောင်းတွေနဲ့ ဘာမှ အဆီအငေါ် မတည့်ဘူး။ သူတို့တွေ မှန်မှန်ကန်ကန် နေရာတကျလုပ်နိုင်ရင် ပြိုင်ဘက်တွေကို အနိုင်ယူနိုင်လိမ့်မယ်။ ဒါပေမယ့် ယူနိုက်တက်မှာ ဖွဲ့စည်းထားတဲ့ လူတိုင်းက ယူနိုက်တက်နဲ့ ဆန့်ကျင်နေတယ်။

ကျွန်တော်တို့ လက်စတာမှာ မြင်ခဲ့ရသလို၊ လီဗာပူး အေးအေးဆေးဆေး လုပ်ပြနေတာကို မြင်ခဲ့ရသလိုမျိုး အားလုံးက သူတို့ကို ကြီးမားတဲ့ ပြဿနာ ဖြစ်စေလိမ့်မယ်။ ဒါတွေက ရိုးရိုးရှင်းရှင်းပဲ ဖြစ်နေတယ်။ ဘာလို့လဲဆိုတော့ နည်းပြက သူလုပ်နိုင်စွမ်း နောက်ဆုံးအဆင့်ကို ရောက်သွားလို့ပါပဲ။

ကျွန်တော် ယူနိုက်တက် ကစားသမားဟောင်းတွေကို ကြည့်မိတယ်။ ရီယို ဖာဒီနန်၊ ရွိုင်ကိန်းတို့ပေါ့။ အခု ကျွန်တော်တို့တွေ ဟိုဟိုဒီဒီ ကြားလာရတယ်။ သူတို့က ‘ဒီကစားသမားက သိပ်မကောင်းဘူး၊ မလုံလောက်ဘူး’ လို့ဝေဖန်ကြတယ်။ ဒါကို ကျွန်တော်တို့ ပေါ့ပေါ့တန်တန် ပြောနေတာပါ။ တကယ်တမ်းမှာ ဒီနည်းပြက သူလုပ်နိုင်စွမ်း ကုန်သွားခဲ့ပါပြီ”လို့ ရိုက်က မှတ်ချက်ပေးခဲ့တာပါ။

ရိုက်ဟာ ဇန်နဝါရီတုန်းက ကလပ်ဂန္တဝင် လမ်းပတ်နဲ့ လမ်းခွဲခဲ့တဲ့ ချယ်ဆီးရဲ့ ဆုံးဖြတ်ချက်ကို ထောက်ပြခဲ့ပါသေးတယ်။ လမ်းပတ်ဟာ ဆိုးရွားတဲ့ ပုံစံတွေကြောင့် နောက်ဆုံးမှာ သောမတ်စ်တူချယ်နဲ့ အစားထိုးခံခဲ့ရတာပါ။ ဂျာမန်သားဟာ လေးလအတွင်း ချယ်ဆီးကို ချန်ပီယံလိဂ်ဖလား အောင်မြင်အောင် ကူညီပေးခဲ့တာ ဖြစ်ပါတယ်။

“ချယ်ဆီးက သူတို့ဂန္တဝင် လမ်းပတ်နဲ့တုန်းက ဘယ်လိုလုပ်ခဲ့တယ်ဆိုတာ ကျွန်တော် ဆက်ပြောမယ်။ ဒါက ရိုမန်အေဘရာမိုဗစ်နဲ့ ဆိုင်တယ်။ သူက ဘာကိုမှ ဂရုမစိုက်ဘူး။ ဖြစ်သင့်သလို ဖြစ်မလားဘူးလို့ သူထင်ရင် ထုတ်ပစ်တာပဲ ” လို့ ရိုက်က နှိုင်းယှဉ်ပြသွားခဲ့ပါတယ်။