ဆာအဲလက်စ်ရဲ့ ၂၇ နှစ် တာ အတွင်း အိမ်ကွင်း ရှုံးပွဲကို ကာလတို အတွင်း လိုက်မှီသွားတဲ့ မန်ယူ နည်းပြ ၈ ဦး
မန်ချက်စတာ ယူနိုက်တက်ဟာ ဂန္တဝင် နည်းပြကြီး ဆာအဲလက်စ် ဖာဂူဆန် ခေတ်အလွန် ကာလ အိမ်ကွင်းရှုံးပွဲ မှတ်တမ်းမှာ တုန်လှုပ်စရာကောင်းအောင် မြင့်မားလာနေပါတယ်။
လက်ရှိ နည်းပြ တန်ဟက် ကိုင်တွယ်နေတဲ့ ယူနိုက်တက်ဟာ နောက်ဆုံး အိမ်ကွင်းရှုံးပွဲအဖြစ် တနင်္ဂနွေနေ့ည တုန်းက ခါးသီးတဲ့ မြို့ခံပြိုင်ဘက် မန်စီးတီးကို ၃-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပါတယ်။

ထို အိမ်ကွင်းရှုံးပွဲမှာ ဆာအဲလက်စ်ဖာဂူဆန် ခေတ်အလွန်တွင် မန်ချက်စတာ ယူနိုက်တက်ရဲ့ ပရီးမီးယားလိဂ် အိမ်ကွင်း ၃၄ ပွဲမြောက် ရှုံးပွဲလည်း ဖြစ်ပါတယ်။
ဒီပမာဏဟာ ယူနိုက်တက်ကို ဆာအဲလက်စ်ဖာဂူဆန် ကိုင်တွယ်တဲ့ ၂၇ နှစ်တာ ကာလအတွင်း ပရီးမီးယားလိဂ် အိမ်ကွင်း ရှုံးပွဲပမာဏနှင့် အတူတူ ဖြစ်ပါတယ်။
ဆာအဲလက်စ် ဖာဂူဆန် ခေတ်အလွန် ၁၀ နှစ်တာကာလအတွင်းတွင် ယူနိုက်တက်ဟာ နည်းပြ ၈ ဦးလက်ထက်တွင် ပရီးမီးယားလိဂ် အိမ်ကွင်းပွဲ ၃၄ ပွဲအထိ ရှုံးနိမ့်လာတာပါ။
ဖာဂူဆန်ဟာ ယူနိုက်တက် နည်းပြ ၂၇ နှစ်တာကာလအတွင်းတွင် ပရီးမီးယားလိဂ်အိမ်ကွင်း ၄၀၅ ပွဲကိုင်တွယ်ခဲ့ရာတွင် ၃၄ ပွဲရှုံးနိမ့်ခဲ့ပါတယ်။
ဆာအဲလက်စ် ဖာဂူဆန် အနားယူပြီးနောက် ယူနိုက်တက်နည်းပြ ၈ ဦးတို့ဟာ ပရီးမီးယားလိဂ်အိမ်ကွင်း ၁၉၆ ပွဲကိုင်တွယ်ခဲ့ရာမှာ ၃၄ ပွဲ ရှုံးနိမ့်ထားပါတယ်။