ဒီည မန်ယူ-နယူးကာဆယ် ကာရာဘောင်းပွဲ မတိုင်ခင် ထူးခြားသတင်း၊ ဖြစ်နိုင်ဖွယ် လိုင်းအပ်၊ ထိပ်တိုက်တွေ့ဆုံမှုများနဲ့ ခန့်မှန်းရလဒ်
နည်းပြ တန်ဟက်ရဲ့ မန်ချက်စတာယူနိုက်တက်ဟာ ဒီည ဗုဒ္ဓဟူးနေ့ညမှာ ကာရာဘောင်း စတုတ္ထအဆင့် – ၁၆ သင်း ရှုံးထွက်ပွဲစဉ်အဖြစ် နယူးကာဆယ်ကို အိုးထရက်ဖို့ဒ် ကွင်းမှာ လက်ခံယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။
ဒီပွဲမတိုင်ခင် နှစ်ဘက် ကစားသမားတွေ အခြေအနေ၊ ဖြစ်နိုင်ဖွယ် ပွဲထွက်လူစာရင်းနဲ့ ယခင် ထိပ်တိုက်တွေ့တဲ့ ရလဒ်များကို စုစည်း ဖော်ပြပေးပါမယ်။
နှစ်ဖက်အသင်း သတင်းများ

မန်ချက်စတာယူနိုက်တက်ဘက်မှာ အာရွန် ဝမ်-ဘစ်ဆာကာ၊ မာလာစီယာ၊ လုခ်ရှောတို့ ပါဝင်ကစားပေးနိုင်မှာမဟုတ်ဘဲ ကက်စမီရို၊ မာတီနက်ဇ်တို့လည်း ပါဝင်ကစားပေးဖို့ မသေချာပါဘူး။
နယူးကာဆယ်ဘက်မှာလည်း ဂျေကော့ဘ် မာဖီ၊ အဲလီးယော့တ် အန်ဒါဆန်၊ ဟာဗီး ဘန်းစ်တို့ ပါဝင်နိုင်မှာမဟုတ်ဘဲ ဆဗင် ဘော့တ်မန်း၊ အလက်ဇန်းဒါး အီဆက်ခ်၊ လူးဝစ္စ မိုင်လေတို့လည်း မရေမရာဖြစ်နေပါတယ်။
ဖြစ်နိုင်ဖွယ် ပွဲထွက်လူစာရင်း
မန်ချက်စတာယူနိုက်တက်-အိုနာနာ၊ မက်ဂွိုင်းယား၊ အီဗန်၊ ဒါလော့တ်၊ လင်ဒီလော့ဖ်၊ အဲရစ်ဆင်၊ အမ်မရာဘတ်၊ ရက်ရှ်ဖို့ဒ်၊ ဖာနန်ဒက်စ်၊ မက်တော်မီနေး၊ ဟော့ဂျ်လန်း။
နယူးကာဆယ်-ပုပ်၊ ထရစ်ပီယာ၊ လက်စဲလက်စ်၊ ရှား၊ ဘန်း၊ ဂျိုလင်တန်၊ ဂီမာရေးစ်၊ လောင်းစတက်ဖ်၊ ဂေါ်ဒွန်၊ အယ်လ်မီရွန်၊ ဝီလ်ဆင်။
ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံးပွဲရလဒ်များ
ဒီနှစ်သင်းကြား ၂၆ ကြိမ်တွေ့ဆုံခဲ့ရာမှာ မန်ချက်စတာယူနိုက်တက်က ၁၆ ကြိမ်နိုင် ၆ ကြိမ်သရေ နယူးကာဆယ်က ၅ ကြိမ်အနိုင်ရခဲ့ပါတယ်။ နောက်ဆုံးကစားခဲ့တဲ့ ၅ ပွဲမှာ မန်ချက်စတာယူနိုက်တက်က ၃ ပွဲနိုင် ၂ ပွဲရှုံးခဲ့ပြီး နယူးကာဆယ်က ၂ ပွဲနိုင် ၂ ပွဲသရေ ၁ ပွဲရှုံးခဲ့ပါတယ်။
ပွဲခန့်မှန်းချက်
အိမ်ရှင် ယူနိုက်တက်တို့ လွယ်မှာ မဟုတ်ပေမယ့် အိမ်ကွင်းမှာ ရှုံးထွက်ဖလား တစ်လုံး လမ်းကြောင်း အတွက် အားကုန်ရုန်းကာ ကပ်နိုင်သွားမယ် လို့ ထင်ပါတယ်။
ခန့်မှန်းပွဲပြီးရလဒ်။ ။ မန်ယူ ၁-၀ နယူးကာဆယ်