ဒီအပတ် ဖူလ်ဟမ်နဲ့ တွေ့မှာ ဆိုပေမယ့် မန်ယူပဲ ရှုံးဦးမယ် လို့ ကြိုတင် ခန့်မှန်းချက် ထုတ်သွားတဲ့ ဆရာကြီး ပေါမာဆန်

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဒီတပတ်မှာ ပရီးမီးယားလိဂ် ပွဲစဉ် အဖြစ် ဖူလ်ဟမ်ကို အဝေးကွင်း သွားရောက် ရင်ဆိုင်ရဖို့ ရှိနေပါတယ်။

ဒီပွဲမတိုင်ခင်မှာ မန်ယူအသင်းက ပြီးခဲ့တဲ့ ၂ပွဲဆက်တိုက် အိုးထရက်ဖို့ဒ်မှာ ၃-ဝ နဲ့ချည်း ဂိုးပြတ် ရှုံးထားတာကြောင့် နည်းပြ တန်ဟက်ရဲ့ အနာဂတ်ကလည်း သတင်းမျိုးစုံ လှုပ်ခတ်နေပြီ ဖြစ်ပါတယ်။

ဘောလုံးပွဲ သုံးသပ်ဆရာကြီး တစ်ဦး ဖြစ်တဲ့ ဂန်းနားဟောင်းကြီး ပေါမာဆန်က ဖူလ်ဟမ်နဲ့ ယူနိုက်တက် ပွဲ အတွက် ပွဲကြို သုံးသပ်ချက် အခုလို ထုတ်လာပါပြီ။

ပေါမာဆန်ရဲ့ ပွဲကြို ခန့်မှန်းချက်

ဒီပွဲက ပွဲကြီးတစ်ပွဲဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက်က လန်ဒန်မှာဆိုရင် သိပ်ပြီး ရလဒ်မကောင်းတတ်ပါဘူး။ ဒီလို ပြောရတာက ကျနော် မန်ချက်စတာ ယူနိုက်တက်အတွက် တကယ်ကို စိတ်ပူနေလို့ပါ။ သူတို့ရဲ့ ပလန်က ဘာလဲ နည်းပြတန်ဟက် လက်အောက် သူတို့ ဘယ်နေရာကို သွားလိုနေတာလဲ ကျနော် မသိတော့ပါဘူး။

ယူနိုက်တက်က ကစားပုံ မကောင်းသလို ပွဲတွေကို ဆက်တိုက် အရေးနိမ့်နေတယ်။ သူတို့ ယုံကြည်မှု လုံးဝ ကျဆင်း နေပါတယ်။ ယူနိုက်တက်မှာ အင်အားတွေ ပြိုကွဲနေပြီး ကွင်းထဲမှာတော့ ခေါင်းဆောင် မရှိပါဘူး။ ဒါမျိုး ယူနိုက်တက်ကို မမြင်ရတာ ကြာနေပါပြီ။

ဒီရာသီ ပွဲအချို့ကို ယူနိုက်တက်တို့ အနိုင်ရထားပေမယ့် သူတို့ ခြေစွမ်းက မကောင်းပါဘူး။ သူတို့ဟာ အဆင့် ၅ နေရာက အက်စတွန်ဗီလာနောက်ကို ၇ မှတ် ပြတ်ကျန်နေတာက တကယ်ကို အံ့အားသင့်ဖွယ်ပါပဲ။

ကစားသမားတွေအပေါ် တန်ဟက်ရဲ့ ဆက်ဆံပုံကိုလည်း ကျနော်တော့ သဘောမကျမိဘူး။ နည်းပြအလုပ်မှာ ကိုင်တွယ်ပုံ ကိုင်တွယ်နည်းကလည်း အရေးကြီးပါတယ်။

သူက အတော်လေး ဖိအားဝင်နေပြီး အဲ့ဒါကပဲ အခြေအနေကို ပိုဆိုးစေမှာပါ။ ကျနော်တော့ ဖူလ်ဟမ် အနိုင်ဘက်ပဲ ရှိချင်ပါတယ်။

ပေါမာဆန်ရဲ့ ခန့်မှန်းရလဒ်

ဖူလ်ဟမ် ၁-ဝ မန်ချက်စတာ ယူနိုက်တက်

ပွဲကတော့ မနက်ဖြန် စနေနေ့ည ၇ နာရီ အချိန်မှာ ယှဉ်ပြိုင်ကြမှာပါ။