ဘီဘီစီ ဆက်တန်ကတော့ ဖူလ်ဟမ် – မန်ချက်စတာ ယူနိုက်တက် ပွဲ ဘယ်လိုအဖြေထွက်မလဲ ကြိုတင် ဟောကိန်းထုတ်ပါပြီ

နည်းပြ တန်ဟက်ရဲ့ မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ ဒီတပတ်မှာ ပရီးမီးယားလိဂ် ပွဲစဉ် အဖြစ် ဖူလ်ဟမ်ကို အဝေးကွင်း သွားရောက် ရင်ဆိုင်ရဖို့ ရှိနေပါတယ်။ ပွဲကစားမယ့် အချိန်က မနက်ဖြန် စနေနေ့ည ၇ နာရီ ဖြစ်ပါတယ်။

ဘီဘီစီ သတင်းဌာနမှ ပင်တိုင် သုံးသပ်သူ ဖြစ်တဲ့ ခရစ်ဆက်တန် က ဖူလ်ဟမ်နဲ့ မန်ချက်စတာ ယူနိုက်တက် ပွဲ အတွက် ကြိုတင် သုံးသပ် ခန့်မှန်းချက် ထုတ်ထားပြီ ဖြစ်ပါတယ်။

ဘီဘီစီ ဆက်တန်ရဲ့ ပွဲကြို သုံးသပ်ချက်

အသင်း ရလဒ် မကောင်းနေတာတွေ အတွက် မန်ချက်စတာ ယူနိုက်တက် ပိုင်ရှင်ကို သွားပြီး အပြစ်တင်လို့ မရပါဘူး။ အဲရစ်တန်ဟက်က မနှစ်ကနွေမှာ အိုးထရတ်ဖိုဒ့်ကို ရောက်လာကတည်းက အသုံးစရိတ် ပေါင် ၄၁၁ သန်း သုံးထားပါတယ်။ အဲ့လောက် ပမာဏ သုံးထားတဲ့ ကလပ်တစ်သင်းဟာ အခုထက်တော့ ပိုကောင်းသင့်ပါတယ်။

ကျနော် တန်ဟက်ကို သဘောကျပါတယ်။ မနှစ်က သူ အကောင်းဆုံး လုပ်ပြထားတာပါ။ ဒါပေမယ့် အခုတော့ သူ ကြီးမားတဲ့ ဖိအားတွေအောက် ရောက်နေပါပြီ။

မနှစ်တုန်းက ဖူလ်ဟမ် အိမ်ကွင်းမှာ ယူနိုက်တက်တို့ အနိုင်ရခဲ့ပေမယ့် အဲ့နောက်ပိုင်း လန်ဒန်မှာ တန်ဟက်ရဲ့ အသင်းက အခြေအနေ မကောင်းပါဘူး။

အားလုံးကို ခြုံငုံ သုံးသပ်မယ်ဆိုရင် ယူနိုက်တက် အရှုံးပဲလို့ ကျနော် ခန့်မှန်းသင့်တာပါ။ ဒါပေမယ့် ဖူလ်ဟမ်ကလည်း မနှစ်ကလို မကောင်းပါဘူး။ အထူးသဖြင့် တိုက်စစ်ညံ့တာကြောင့် ဒီပွဲက သရေပွဲပဲ ဖြစ်သွားပါလိမ့်မယ်။

ယူနိုက်တက်ဟာ နောက်အပတ်မှာ ကိုပင်ဟေဂင်နဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး အိုးထရတ်ဖိုဒ့်မှာ လူတန်တောင်နဲ့လည်း ကစားရပါမယ်။ ရလဒ်က ထင်သလို ဖြစ်မလာရင် တန်ဟက်တော့ တကယ်ကို နာပါတော့မယ်။

ခရစ်ဆက်တန်ရဲ့ ခန့်မှန်းရလဒ်

ဖူလ်ဟမ် ၁-၁ မန်ချက်စတာ ယူနိုက်တက်။