တိုက်စစ်မှုး ပစ်မှတ်သစ် ၂ဦး၊ ဂွမ်ဒိုဇီ၊ ဘာလိုဂန်၊ ရမ်ဒေးလ် တို့နဲ့ ယနေ့ အာဆင်နယ် သတင်းများ

အာဆင်နယ် ကစားသမားဟောင်း ကီဗင်ကမ်းဘဲလ်က အဓိက ကွင်းယလ်လူ သောမတ်ပါတေး ဒဏ်ရာပြဿနာ ရှိနေချိန်မှာ နိုင်ငံတကာ ရက်သတ္တပတ်ဝင်လာတာက ချိန်သားကိုက်ဖြစ်ကြောင်း၊ မိမိတို့အနေနဲ့ လီဗာပူးနဲ့ပွဲမှာ သောမတ် ပါတေးကို လိုအပ်ကြောင်း ဆိုခဲ့ပါတယ်။

မာဆေးမှာ အငှားကစားနေတဲ့ အာဆင်နယ်လူငယ်ကြယ်ပွင့် ဂွမ်ဒိုဇီကမာဆေးမှာ ရေရှည် ဆက်နေသွားလိုကြောင်း ဖွင့်ဟလိုက်ပြီး သူ့အနေနဲ့ မာဆေးမှာ ပျော်ရွှင်နေပြီး လက်ရှိ အသင်းအတွက်သာ အာရုံစိုက်ထားကြောင်း ဆိုခဲ့ပါတယ်။

အင်္ဂလန်နည်းပြဆောက်ဂိတ်က အာဆင်နယ် လူငယ်ကြယ်ပွင့် စမစ်ရိုဝီအနေနဲ့ လေ့ကျင့်ရေးကွင်းမှာ သူ့ အရည်အသွေးကို သက်သေပြထားပြီးဖြစ်ကြောင်း၊ ရိုဝီ အနေနဲ့ အယ်လ်ဘေနီးယားနဲ့ပွဲမှာတောင် အင်္ဂလန် အတွက် ပွဲဦးထွက် ကစားနိုင်ချေရှိကြောင်း ဆိုခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ ဆက်ဆူအိုလို တိုက်စစ်ကစားသမား ဘာရာဒီကို ခေါ်ယူဖို့ ကြိုးပမ်းလျက် ရှိနေပါတယ်။ ၂၇ နှစ် အရွယ် ကစားသမားဟာ ဆက်ဆူအိုလိုမှာ ခြေစွမ်းကောင်းတွေ ပြသနေသူပါ။

အင်္ဂလန်ယူ -၂၁ နည်းပြ ကာလေက အာဆင်နယ် လူငယ်တိုက်စစ်မှူး ဘာလိုဂန်အတွက်တော့ ယူ-၂၃ အဆင့် ဟာ အလွန် လွယ်ကူလွန်းနေကြောင်း၊ အာဆင်နယ် နည်းပြ အာတီတာအနေနဲ့ ဘာလိုဂန်ကို အဆင့်မြင့်တဲ့ ပြိုင်ပွဲတစ်ခုခုကို အငှားနဲ့ စေလွှတ်ပြီး စမ်းသပ်သင့်ကြောင်း တိုက်တွန်းခဲ့ပါတယ်။

ဂိုးသမား ရမ်ဒေးလ်အနေနဲ့ လက်ရှိပုံစံကို ရေရှည်ဆက်ထိန်းနိုင်ဖို့ လိုအပ်ကြောင်း အာဆင်နယ် ကစားသမားဟောင်း ဝင်တာဘန်းက ထောက်ပြလိုက်ပါတယ်။

ဒါ့အပြင် ရမ်ဒေးလ်ဟာ နောက်တန်းတွေကို ကောင်းကောင်း ဦးဆောင်နိုင်သူ ဖြစ်ပြီး အံ့ဖွယ်လက်စွမ်းကို ပြသ ထားကြောင်း၊ အာဆင်နယ်နောက်တန်းနဲ့ ဂိုးသမား ရမ်ဒေးလ်တို့ဟာ တစ်သားတည်း ဖြစ်နေကြောင်းကိုပါ ၎င်းက မှတ်ချက်ပြုခဲ့ပါတယ်။

အာဆင်နယ်အနေနဲ့ ဖီအိုရင်တီးနားတိုက်စစ်မှူး ဗလာဟိုဗစ်ကို ခေါ်ယူဖို့ မဖြစ်နိုင်ပြီးနောက် ဂျူဗင်တပ် တိုက်စစ် သမား ကူလူ ဆက်စကီးဘက်ကို ဦးလှည့်လာခဲ့ပြီ ဖြစ်ပါတယ်။ ကူလူ ဆက်စကီးဟာ ပါးမားမှာ အငှား ထွက်ကစားနေခဲ့ပြီး ဂျူဗီက သူ့ကို ဇန်နဝါရီမှာ ရောင်းထုတ်ဖွယ် ရှိနေပါတယ်။

အာဆင်နယ် ကွင်းလယ်လူ အိုဒီဂတ်က ဝက်ဖို့ဒ်နဲ့ပွဲမှာ အူဘာမီယန် ဝင်ရှုပ်လို့ သူ့ရဲ့သွင်းဂိုး ပယ်ဖျက်ခံလိုက်ရတာ မချင့်မရဲ ဖြစ်မိကြောင်း ဝန်ခံလိုက်ပါတယ်။ ထိုဂိုးဟာ အလွန်ကောင်းမွန်စွာ ဂိုးဝင်သွားခဲ့ကြောင်း၊ ဒါပေမယ့် အသင်း အနိုင်ရခဲ့ကြောင်း ဖွင့်ဟခဲ့ပါတယ်။

အာဆင်နယ် အသင်း နောက်ခံလူ တိုမီယာစု ဟာ ကမ္ဘာ့ဖလား ခြေစစ်ပွဲမှာ ဂျပန် အသင်း အတွက် ပွဲချိန်ပြည့် ပါဝင်ကစားပေးခဲ့ပြီး ဗီယက်နမ် အသင်းကို ၁-၀ နဲ့ အနိုင် ရရှိအောင် စွမ်းဆောင် ပေးခဲ့ပါတယ် ။ တိုမီယာစု ဟာ ဂျပန် အသင်းမှာ ဗဟိုခံစစ် ဘယ်ခြမ်းမှာ ကစားခဲ့တာ ဖြစ်ပါတယ် ။