မတည်ငြိမ်တဲ့ ပရီးမီးယားလိဂ် ကလပ်တွေကြောင့် ကြားက လစာ ၂ဆ တန်းတိုးသွားတဲ့ ဆောက်ဂိတ်
အင်္ဂလန် ဘောလုံးအဖွဲ့ချုပ်ဟာ လက်ရွေးစင် အသင်းနည်းပြ ဆောက်ဂိတ်ကို လက်ရှိလစာရဲ့ နှစ်ဆဖြစ်တဲ့ တစ်နှစ် လုပ်ခ ပေါင် ၆သန်းနဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ ကမ်းလှမ်းလိုက်ပြီလို့ သိရပါတယ်။
ဆောက်ဂိတ်ဟာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲအထိ အသင်းနဲ့ စာချုပ် ချုပ်ဆိုထားပေမယ့် အက်ဖ်အေကတော့ ပရီးမီးယားလိဂ်ထံ ပြန်သွားဖို့ ဆောက်ဂိတ် ဆုံးဖြတ်သွားမှာကို စိုးရိမ်နေပါတယ်။ ပရီးမီးယားလိဂ် ကလပ်တွေကလည်း ရလဒ်တွေ မတည်ငြိမ်ရင် နည်းပြ အပြောင်းအလဲ လုပ်တာ မြန်ဆန်လွန်းတာကြောင့် ဆောက်ဂိတ်ကိုလည်း ချိတ်ဆက်လာမှာ အက်ဖ်အေက စိတ်ပူလာခဲ့တာပါ။
စာချုပ်သစ်အတွက် ဆွေးနွေးမှုတွေကို တနင်္လာနေ့မှာကစားရမယ့် ဆန်မာရီနိုနဲ့ နောက်ဆုံးပွဲအပြီးမှာ ပြုလုပ်မှာဖြစ်ပြီး အက်ဖ်အေအမှုဆောင်အရာရှိ ဘူလင်ဂမ်က ဆောက်ဂိတ်ကို အင်္ဂလန်နည်းပြအဖြစ် ဆက်ရှိစေချင်တယ်လို့ ဆိုထားပါတယ်။
ဒါပေမဲ့ ဆောက်ဂိတ်ကတော့ အင်္ဂလန်အသင်း ခြေစစ်ပွဲအောင်မြင်ပြီးချိန်မှသာ သူ့အနာဂတ်ကို စဉ်းစား ဆွေးနွေး သွားမယ်လို့ ဆိုထားပြီး အက်ဖ်အေက ဆောက်ဂိတ်ကိုသာ ဆုံးရှုံးရရင် ဘရိုက်တန်နည်းပြ ပေါ်တာကို အစားထိုး ခန့်အပ်ဖွယ်ရှိနေပါတယ်။
ဆောက်ဂိတ်ဟာ အင်္ဂလန်နည်းပြအဖြစ် တစ်နှစ်လုပ်ခ ပေါင် ၁.၈သန်းနဲ့ စတင်လုပ်ဆောင်ခဲ့ပြီးနောက် ကမ္ဘာ့ဖလားပြိုင်ပွဲ အပြီးမှာ တစ်နှစ်လုပ်ခ ပေါင် ၃သန်းနဲ့ လစာတိုးသွားပါတယ်။ စာချုပ်သစ်မှာတော့ အက်ဖ်အေက အင်္ဂလန်နည်းပြဘ၀ လစာအများဆုံးရခဲ့တဲ့ အီတလီလူမျိုး ဖေဘီယိုကာပယ်လိုရဲ့လစာအတိုင်း ဆောက်ဂိတ်ကို တစ်နှစ် လုပ်ခ ပေါင် ၆သန်းအထိ တိုးပေးဖို့ ကမ်းလှမ်းထားပါတယ်။
ဆောက်ဂိတ်ဟာ သူ့ရဲ့တစ်ခုတည်းသော ကလပ်အသင်း နည်းပြအတွေ့အကြုံဖြစ်တဲ့ လွန်ခဲ့တဲ့ ၁၂နှစ်က မစ်ဒယ်ဘရော့ နည်းပြရာထူးကိုသာ တာဝန်ယူဖူးတာ ဖြစ်ပြီး ၎င်းက တစ်ချိန်ချိန် ပရီးမီးယားလိဂ်မှာ နည်းပြအဖြစ် ပြန်လည် တာဝန်ယူလိုနေပါတယ်။

ZG
အဂၤလန္ ေဘာလုံးအဖြဲ႕ခ်ဳပ္ဟာ လက္ေ႐ြးစင္ အသင္းနည္းျပ ေဆာက္ဂိတ္ကို လက္ရွိလစာရဲ႕ ႏွစ္ဆျဖစ္တဲ့ တစ္ႏွစ္ လုပ္ခ ေပါင္ ၆သန္းနဲ႔ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုဖို႔ ကမ္းလွမ္းလိုက္ၿပီလို႔ သိရပါတယ္။
ေဆာက္ဂိတ္ဟာ ၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲအထိ အသင္းနဲ႔ စာခ်ဳပ္ ခ်ဳပ္ဆိုထားေပမယ့္ အက္ဖ္ေအကေတာ့ ပရီးမီးယားလိဂ္ထံ ျပန္သြားဖို႔ ေဆာက္ဂိတ္ ဆုံးျဖတ္သြားမွာကို စိုးရိမ္ေနပါတယ္။ ပရီးမီးယားလိဂ္ ကလပ္ေတြကလည္း ရလဒ္ေတြ မတည္ျငိမ္ရင္ နည္းျပ အေျပာင္းအလဲ လုပ္တာ ျမန္ဆန္လြန္းတာေၾကာင့္ ေဆာက္ဂိတ္ကိုလည္း ခ်ိတ္ဆက္လာမွာ အက္ဖ္ေအက စိတ္ပူလာခဲ့တာပါ။
စာခ်ဳပ္သစ္အတြက္ ေဆြးေႏြးမႈေတြကို တနလၤာေန႔မွာကစားရမယ့္ ဆန္မာရီႏိုနဲ႔ ေနာက္ဆုံးပြဲအၿပီးမွာ ျပဳလုပ္မွာျဖစ္ၿပီး အက္ဖ္ေအအမႈေဆာင္အရာရွိ ဘူလင္ဂမ္က ေဆာက္ဂိတ္ကို အဂၤလန္နည္းျပအျဖစ္ ဆက္ရွိေစခ်င္တယ္လို႔ ဆိုထားပါတယ္။
ဒါေပမဲ့ ေဆာက္ဂိတ္ကေတာ့ အဂၤလန္အသင္း ေျခစစ္ပြဲေအာင္ျမင္ၿပီးခ်ိန္မွသာ သူ႔အနာဂတ္ကို စဥ္းစား ေဆြးေႏြး သြားမယ္လို႔ ဆိုထားၿပီး အက္ဖ္ေအက ေဆာက္ဂိတ္ကိုသာ ဆုံးရႈံးရရင္ ဘ႐ိုက္တန္နည္းျပ ေပၚတာကို အစားထိုး ခန္႔အပ္ဖြယ္ရွိေနပါတယ္။
ေဆာက္ဂိတ္ဟာ အဂၤလန္နည္းျပအျဖစ္ တစ္ႏွစ္လုပ္ခ ေပါင္ ၁.၈သန္းနဲ႔ စတင္လုပ္ေဆာင္ခဲ့ၿပီးေနာက္ ကမာၻ႔ဖလားၿပိဳင္ပြဲ အၿပီးမွာ တစ္ႏွစ္လုပ္ခ ေပါင္ ၃သန္းနဲ႔ လစာတိုးသြားပါတယ္။ စာခ်ဳပ္သစ္မွာေတာ့ အက္ဖ္ေအက အဂၤလန္နည္းျပဘ၀ လစာအမ်ားဆုံးရခဲ့တဲ့ အီတလီလူမ်ိဳး ေဖဘီယိုကာပယ္လိုရဲ႕လစာအတိုင္း ေဆာက္ဂိတ္ကို တစ္ႏွစ္ လုပ္ခ ေပါင္ ၆သန္းအထိ တိုးေပးဖို႔ ကမ္းလွမ္းထားပါတယ္။
ေဆာက္ဂိတ္ဟာ သူ႔ရဲ႕တစ္ခုတည္းေသာ ကလပ္အသင္း နည္းျပအေတြ႕အႀကဳံျဖစ္တဲ့ လြန္ခဲ့တဲ့ ၁၂ႏွစ္က မစ္ဒယ္ဘေရာ့ နည္းျပရာထူးကိုသာ တာဝန္ယူဖူးတာ ျဖစ္ျပီး ၄င္းက တစ္ခ်ိန္ခ်ိန္ ပရီးမီးယားလိဂ္မွာ နည္းျပအျဖစ္ ျပန္လည္ တာဝန္ယူလိုေနပါတယ္။