ရက်ဖို့ဒ် ပြန်ပါလာတဲ့ ကိုပင်ဟေဂင်နဲ့ ချန်ပီယံလိဂ် ပွဲ မတိုင်ခင် မန်ချက်စတာ ယူနိုက်တက် လေ့ကျင့်ရေး လူစာရင်း ထွက်ပေါ်လာပါပြီ
မန်ချက်စတာ ယူနိုက်တက်ဟာ မနက်ဖြန် ဗုဒ္ဓဟူးနေ့ညမှာ ကိုပင်ဟေဂင် နဲ့ ချန်ပီယံလိဂ် အုပ်စု အဝေးကွင်း ပွဲစဉ် ယှဉ်ပြိုင် ကစားရဖို့ ရှိနေပါတယ်။
ဒီပွဲ အတွက် ခရီးမထွက်ခင် ပွဲကြိုလေ့ကျင့်ရေးမှာ မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူး ရက်ဖိုဒ့် ပြန်လည် ပါဝင်လာခဲ့တာ တွေ့ရပါတယ်။

ဖူလ်ဟမ်ပွဲ မတိုင်ခင် ထိခိုက်ဒဏ်ရာကြောင့် ပရီးမီးယားလိဂ်ပွဲကို လွဲချော်ခဲ့ပေမယ့် ဒိန်းမတ်ကလပ်နဲ့ ပွဲကြို လေ့ကျင့်ရေးမှာ ရက်ဖိုဒ့်ကို ပြန်မြင်လာရတာပါ။ သူ့ကို ပွဲထွက်ကနေ ထုတ်သုံးမလား မသိရသေးပေမယ့်လို့ ကွင်းဖွင့် လေ့ကျင့်ရေးမှာ ပြန်မြင်ရတာကတော့ သတင်းကောင်းပဲ ဖြစ်ပါတယ်။
ကိုပင်ဟေဂင်နဲ့ ပွဲမတိုင်ခင် မန်ချက်စတာ ယူနိုက်တက် ရဲ့ လေ့ကျင့်ရေး လူစာရင်း ကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်။
- ဂိုးသမား – အိုနာနာ၊ ဘယ်ရင်ဒီယာ၊ ဟက်တန်။
- ခံစစ် – မက်ဂွဲရား၊ အီဗန်၊ ဘစ်ဆာကာ၊ ဒါလော့၊ လင်ဒီအော့၊ ဗာရန်း၊ ရီဂွယ်လွန်။
- ကွင်းလယ် – တော်မီနေး၊ ဗန်ဒီဘိခ်၊ အမရာဘတ်၊ မောင့်၊ ဟာနီဘယ်၊ ဖာနန်ဒက်စ်၊ အဲရစ်ဆန်။
- တိုက်စစ် – ရက်ဖိုဒ့်၊ အန်တိုနီ၊ ဟွိုင်လန်း၊ မာရှယ်၊ ဖော်ဆန်၊ ဂနာချို၊ ပယ်လီစတွီ။
ဖူလ်ဟမ်ပွဲမှာပဲ အဖျားကြောင့် ပွဲနေ့ လူစာရင်းမှာ မပါခဲ့တဲ့ ခံစစ်မှူး လင်ဒီအော့ကိုလည်း ဒီပွဲကြိုမှာ ပြန်မြင်ထားရတယ်။ လူငယ်ကြယ်ပွင့် ကိုဘေး မိုင်နူး ကိုတော့ လေ့ကျင့်ရေးမှာ မြင်ရခြင်း မရှိပါဘူး။
ကာဆီမီရိုနဲ့ မာတီတက်စ်လို ကာလရှည် ဒဏ်ရာရထားတဲ့ ကစားသမားတွေ လေ့ကျင့်ရေး မဝင်နိုင်သေးသလို လုရှောကလည်း ဒဏ်ရာကနေ ပြန်သက်သာလာဖို့ ကြိုးစားနေရဆဲ ဖြစ်ပါတယ်။ နည်းပြကို တောင်းပန်ဖို့ ငြင်းဆန်ထားတဲ့ ဆန်ချိုကိုလည်း လူစာရင်းထဲ ပြန်ပါလာဖို့ အလှမ်းဝေးနေဆဲ ဖြစ်ပါတယ်။