နိုင်ကို နိုင်မှ ရမယ့် ကိုပင်ဟေဂင်နဲ့ ပွဲ ကန်ဖို့ ထွက်ခွာသွားခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် ၂၃ ဦး လူစာရင်း

မန်ချက်စတာ ယူနိုက်တက်ဟာ အုပ်စု အေမှာ ၃ ပွဲ ကစားပြီးချိန် ၁ ပွဲသာ နိုင်သေးပြီး ၃ မှတ်နဲ့ အဆင့် ၃ နေရာမှာသာ ရှိနေပါတယ်။ ဒါကြောင့် ဒီည ပွဲစဉ်မှာ ဒိန်းမတ်ကလပ် ကိုပင်ဟေဂင်ကို အနိုင် ကစားဖို့ အရေးကြီး လိုအပ်နေပါတယ်။

ဒီည ကိုပင်ဟေဂင် အသင်းနဲ့ ရင်ဆိုင်ဖို့ ဒိန်းမတ်မြေသို့ ခရီး ထွက်ခွာသွားတဲ့ မန်ချက်စတာ ယူနိုက်တက် ၂၃ ဦး လူစာရင်း ထွက်လာပါပြီ။ ဒီ စာရင်းမှာ တိုက်စစ်မှုး မားကပ် ရက်ဖို့ဒ်လည်း ပါဝင်သွားပါတယ်။

ပြီးခဲ့တဲ့ ဖူလ်ဟမ်နဲ့ပွဲမှာ ရက်ဖို့ဒ် တစ်ယောက် ကြံ့ခိုင်မှု မပြည့်လို့ ပါဝင် မကစားနိုင်ခဲ့ပါဘူး။ ဒါပေမယ့် အင်္ဂါနေ့က ကာရင်တန် ထရိန်နင်မှာ ပြန်လေ့ကျင့်ရေး ဆင်းခဲ့ပြီး ချန်ပီယံလိဂ် အဝေးကွင်းပွဲ အတွက် လိုက်ပါသွားပြီ ဖြစ်ပါတယ်။

လင်ဒီလော့ဖ်ကလည်း အရင်ပွဲမှာ ဖျားနေလို့ မပါဝင်နိုင်ခဲ့ပေမယ့် အခု ပွဲ လူစာရင်းမှာ ပြန်ပါလာပါတယ်။ လူငယ် ကြယ်ပွင့် ကိုဘေး မိုင်နူးကတော့ U19 အသင်းနဲ့ ပူးပေါင်းရမှာ ဖြစ်လို့ အသင်းကြီးနဲ့ ထရိန်နင်မှာရော ခရီးစဉ်မှာ အတူ လိုက်ပါသွားခြင်း မရှိပါဘူး။

ကိုပင်ဟေဂင်နဲ့ ပွဲ အတွက် ခရီးထွက်သွားတဲ့ မန်ချက်စတာ ယူနိုက်တက် ၂၃ ယောက် လူစာရင်းကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်။

Goalkeepers: Onana, Bayindir, Heaton.

Defenders: Dalot, Evans, Lindelof, Maguire, Reguilon, Varane, Wan-Bissaka.

Midfielders: Amrabat, Eriksen, Fernandes, Hannibal, McTominay, Mount.

Forwards: Garnacho, Antony, Forson, Hojlund, Martial, Pellistri, Rashford.

တန်ဟက်ရဲ့ အသင်းကြီး လူစာရင်းမှာ လိုက်ပါသွားတဲ့ လူငယ် ကစားသမား ကတော့ အိုမာရီ ဖော်ဆန် ဖြစ်ပါတယ်။ ၎င်းက ရာသီကြို အမေရိကန် ခရီးစဉ်တုန်းကလည်း ပါဝင်ခဲ့သူပါ။