ပရိသတ်လေး ငိုသွားစေတဲ့ ရော်နယ်ဒို၊ ဒါလော့ကို ခေါ်ချင်တဲ့ မော်ရင်ညိုနဲ့ ယနေ့ မန်ယူ သတင်းတိုများ
မန်ချက်စတာယူနိုက်တက်ကွင်းလယ်လူ ဗန်ဒီဘိခ်က သူ့အပေါ် ဆက်ဆံပုံတွေနဲ့ပတ်သက်ပြီး မေးခွန်းထုတ်ထားကြောင်း အင်္ဂလန် သတင်းတွေမှာ ဖော်ပြထားပါတယ်။ ဗန်ဒီဘိခ် အနေနဲ့ ဇန်နဝါရီမှာ အသင်းပြောင်းဖွယ် ရှိနေတာပါ။
အိုင်ယာလန် ဝ-၀ ပေါ်တူဂီပွဲစဉ်မှာ ပေါ်တူဂီတိုက်စစ်မှူး စီရော်နယ်ဒိုရဲ့လုပ်ရပ်တစ်ခုဟာ ချီးကျူးခံနေရပါတယ်။ ပွဲအပြီး မှာ စီရော်နယ်ဒိုအနေနဲ့ ကလေးငယ်မိန်းကလေး ပရိသတ်တစ်ဦးကို သူ့ရဲ့ဂျာစီပေးခဲ့တာပါ။ ထိုကလေးငယ်လေးဟာ ပျော်လွန်းလို့ မျက်ရည်တွေတောင် ဝဲခဲ့တာ တွေ့ရပါတယ်။

မန်ယူ ဗဟို နောက်ခံလူ လင်ဒီလော့ဖ် က ရလဒ်ဆိုးတွေကို ကျော်ဖြတ်ဖို့ အသင်းသားတွေ အားလုံး အစွမ်းကုန် ကြိုးစားနေကြောင်း ပြောဆိုခဲ့ပါတယ်။
ဒါ့အပြင် နည်းပြ ဆိုးလ်ရှားရဲ့ အနာဂတ် အကြောင်းကို အမေးခံလိုက်ရချိန်မှာတော့ ပြန်လည်မဖြေကြားခဲ့ပဲ ရလဒ်ဆိုးတွေ အဆုံးသတ်နိုင်ရေး အတွက် အသင်းဖော်တွေကို အခုထက် ပိုပြီး ကြိုးစားအားထုတ်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။
စီးရီးအေ ကလပ် ရိုးမားနည်းပြ မော်ရင်ဟိုအနေနဲ့ မန်ချက်စတာ ယူနိုက်တက်နောက်ခံလူ ဒါလော့ကို ခေါ်ယူဖို့ ပစ်မှတ်ထားနေကြောင်း အီတလီသတင်းဌာန က ဖော်ပြထားပါတယ်။ မန်ယူမှာ ရုန်းကန်နေရတဲ့ ဒါလော့ကိုရိုးမားက ဇန်နဝါရီမှာအငှားနဲ့ ခေါ်ယူလိုနေတာ ဖြစ်ပါတယ်။
ိနိုင်ငံတကာ သီတင်းပတ် အပြီး ယှဉ်ပြိုင်ကစားမဲ့ ပွဲစဉ်တွေမှာ ရလဒ်မကောင်းဘူးဆိုရင် မန်ချက်စတာ ယူနိုက်တက် အနေနဲ့ နည်းပြ ဆိုးလ်ရှားကို ရာထူးကနေ ထုတ်ပယ်တော့မှာဖြစ်ကြောင်း သတင်းထွက်နေပါတယ်။

မန်စီးတီးကွင်းလယ်ဖန်တီးရှင် ဒီဘရိုင်းကတော့ သူတို့အနေနဲ့ ပြီးခဲ့တဲ့တစ်ပတ်က ယှဉ့်ပြိုင်ခဲ့တဲ့ မန်ချက်စတာ ဒါဘီ ပွဲမတိုင်ခင် လေ့ကျင့်ချိန် ၁၀ မိနစ်ခန့်သာ ရခဲ့ကြောင်း၊ များသောအားဖြင့် နည်းပြဂွါဒီယိုလာအနေနဲ့ပြိုင်ဘက်က ဘယ်လို ကစားမလဲဆိုတာ သိရှိနေကြောင်း ဖွင့်ဟခဲ့ပါတယ်။
ဝက်စ်ဟမ်းအသင်းဟာ မန်ယူ ပစ်မှတ်ထားနေတဲ့ ကွင်းလယ်လူ ဒီလန်ရိုက်ကို ရောင်းချသွားမှာ မဟုတ်ကြောင်း သိရပါတယ်။ မန်ယူဟာ ပေါ့ဂ်ဘာရဲ့ နေရာမှာ အစားထိုးဖို့အတွက် ၂၂ နှစ်အရွယ်အင်္ဂလန်ကြယ်ပွင့်ကို ပစ်မှတ်ထားနေပါတယ်။