ဗာရန်း ခြေကျနေတာကို ထောက်ပြပြီး လက်ရှိ မန်ယူမှာ ဘယ် ခံစစ်မှုးတွေက အကောင်းဆုံးလဲပါ ညွှန်ပြပေးလိုက်တဲ့ ပေါလ်စခိုး

မန်ချက်စတာ ယူနိုက်တက် ကွင်းလယ် ကစားသမားဟောင်းကြီး ပေါလ်စခိုး ကတော့ လက်ရှိ အသင်းမှာ ဘယ် နောက်ခံ ကစားသမားက အကောင်းဆုံးလဲ ဆိုတာ ထောက်ပြ သတိပေးမှု ပြုလုပ်လာပါတယ်။

စခိုးက နည်းပြ တန်ဟတ် အနေနဲ့ အသင်းနောက်ခံလူ ဗာရန်းကို မှီခိုအားကိုး မနေသင့်ကြောင်း လည်း ထောက်ပြ ပြောဆိုသွားခဲ့ပါတယ်။

လက်ရှိမှာ မနယ်ူ အသင်းနောက်ခံလူ မာတီနက်ဇ် ဒဏ်ရာ ရရှိနေမှုနဲ့အတူ ဗာရန်းရဲ့ ကြံ့ခိုင်မှု ပြဿနာတွေကြောင့် မန်ယူအသင်းနောက်တန်းပိုင်းကို မက်ဂွိုင်းယား နဲ့ အီဗန်တို့က ဦးဆောင်နေရပြီး ပေါလ်စခိုး ရဲ့ အမြင်အရ မက်ဂွိုင်းယားနဲ့ အီဗန်တို့က ဗာရန်းတို့ထက် ပိုမို ကောင်းမွန်နေပါတယ်။

ဗာရန်းဟာ ပြီးခဲ့တဲ့ရာသီတုန်းက အသင်းရဲ့ အဓိက နောက်ခံလူအဖြစ် ပါဝင် ကစားခွင့် ရခဲ့ပေမယ့် လက်ရှိ ရာသီမှာတော့ အသင်းထံ ရောက်ရှိလာခဲ့တဲ့ အီဗန်ကြောင့် ပုံမှန်ပွဲထွက်ခွင့် မျှဝေပေးနေရပြီး အီဗန်ဟာ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ၄ ပွဲစလုံး ပွဲထွက်ခွင့် ရရှိထားပါတယ်။

ပေါလ်စခိုးက “ တန်ဟတ် က အခုလောလောဆယ် မက်ဂွိုင်းယားနဲ့ အီဗန်တို့ကို နောက်ခံဗဟိုမှာ ပုံမှန် အသုံးပြုနေပါတယ်၊ သူတို့ ၂ ယောက်စလုံးကလည်း ဘောလုံးနဲ့အတူ ရှိနေချိန်မှာ တော်တော်လေးကို ထူးချွန်မှု ရှိကြပါတယ်။

ဂါလာတာစာရေးနဲ့ ပွဲမှာ ဗာရန်း ဘယ်လို ကစားခဲ့သလဲဆိုတာကို ခင်ဗျားတို့လည်း မြင်တွေ့ခဲ့ကြရမှာပါ၊ လက်ရှိ အသင်းမှာက ကာဆာမဲရိုးနဲ့ ဗာရန်းတို့က ချန်ပီယံလိဂ်ကို ၅ ကြိမ် အထိ ရယူထားနိုင်သူတွေပါ။

ဒါပေမယ့် အဲ့ဒီ ၂ ယောက်စလုံးအပေါ် တန်ဟတ်ဂ် အပြည့်အ၀ မယုံကြည်ခဲ့ပါဘူး၊ ဒါ့ကြောင့်လည်း အီဗန်ကို သူ ပြန်ခေါ်ခဲ့တာပါ၊ ” ဆိုပြီး ပြောဆိုသွားခဲ့ပါတယ်။

မန်ယူအသင်းဟာ နောက်ဆုံး ပရီးမီးယားလိဂ် ၁၁ ပွဲမှာ သွင်းဂိုး ၁၆ ဂိုးအထိ ခွင့်ပြုထားရသလို ချန်ပီယံလိဂ် ၄ ပွဲ မှာလည်း သွင်းဂိုး ၁၁ ဂိုးအထိ ခွင့်ပြုထားရတာကြောင့် အသင်းနောက်တန်းပိုင်းကို မဖြစ် မနေ ပြန်လည် ပြင်ဆင်ဖို့ လိုအပ်နေပါတယ်။

လာမယ့်ဆောင်းရာသီ ဈေးကွက်အတွင်း နောက်ခံလူသစ် တစ်ယောက် ထပ်မံခေါ်ယူဖို့ နည်းပြ တန်ဟတ် တစ်ယောက် ပြင်ဆင်နေတာလည်း တွေ့ရပါတယ်။