စနေနေ့ အိုးထရက်ဖို့ဒ်မှာ ကန်မယ် မန်ယူ – လူတန်ပွဲ ဘယ်လိုရလဒ် ထွက်မလဲ ပေါမာဆန်ကြီး ဟောကိန်း ထုတ်လိုက်ပါပြီ
မန်ချက်စတာ ယူနိုက်တက်ဟာ ဒီအပတ် ပရီးမီးယားလိဂ်မှာ တန်းတက် လူတန်တောင်း အသင်းနဲ့ တွေ့ဆုံနေပါတယ်။
ပွဲကတော့ မနက်ဖြန် စနေနေ့ ည ၉ နာရီခွဲ အချိန် အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ဧည့်ခံ ကစားမှာ ဖြစ်ပါတယ်။
ဘောလုံးပွဲတွေ သုံးသပ်နေကြ ဝါရင့် ဆရာကြီး ဖြစ်တဲ့ ဂန်းနားဟောင်းကြီး ပေါမာဆန်က မန်ချက်စတာ ယူနိုက်တက်နဲ့ လူတန်တောင်း အသင်းတို့ ပွဲ ဘယ်လို ဖြစ်မလဲ အခုလို သုံးသပ် ခန့်မှန်းချက် ထုတ်လာပြီ ဖြစ်ပါတယ်။

ပေါမာဆန် ရဲ့ ပွဲကြို သုံးသပ်ချက်
ပြီးခဲ့တဲ့ အပတ် လီဗာပူးကို ရင်ဆိုင်ကစားတဲ့ပွဲမှာ လူတန်တောင်းက အတော်လေး ကောင်းခဲ့ပါတယ်။ သူတို့ လီဗာပူးကို ၁-၁ ကစားနိုင်ခဲ့တယ်။
အဲ့ဒီကနေ သူတို့ ယုံကြည်မှုကောင်း ရနိုင်ခဲ့မယ် ဆိုပေမယ့် ဒီပွဲကို မန်ချက်စတာ ယူနိုက်တက်တို့ သက်တောင့် သက်သာနဲ့ အနိုင်ရမှာ ဖြစ်ပါတယ်။
သရဲနီတွေ အိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး လီဗာပူးကပွဲလို အဆင့်အတန်းမျိုးကို လူတန်တောင်းတို့ ပြန်ပြီး ဖော်ထုတ်သွားနိုင်မယ် မထင်ပါဘူး။
အိမ်ကွင်းမှာ လူတန်တို့က အတော်လေး ကျစ်လစ်ပါတယ်။ အရင် နှစ်ပတ်လောက်က အက်စတွန်ဗီလာကိုလည်း အိမ်ကွင်းမှာ အနိုင်ယူခဲ့တာပါ။
ပေါမာဆန် ရဲ့ ခန့်မှန်းရလဒ်
မန်ချက်စတာ ယူနိုက်တက် ၃-ဝ လူတန်တောင်း ဖြစ်ပါတယ်။