ရက်ကလစ် အားကိုးနဲ့ ဇန်နဝါရီမှာ ကစားသမားတွေ ထပ်ဝယ်ဖို့ မန်ယူ နည်းပြ တန်ဟက် ပြင်ဆင်နေ

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီလထဲ ရှယ်ယာ ၂၅% ဝယ်ယူပြီး ပိုင်ရှင် အဖွဲ့ဝင်ဖြစ်လာမယ့် ဆာ ဂျင် ရက်ကလစ်ထံ က အသုံးစရိတ် ရလာခဲ့ရင် နည်းပြတန်ဟက်က လာမယ့် ဇန်နဝါရီမှာ လူခေါ် အင်အားဖြည့်တင်း ချင်နေပါတယ်။

ဗြိတိန်ရဲ့ အချမ်းသာဆုံး သန်းကြွယ် သူဌေးကြီးဟာ မန်ချက်စတာ ယူနိုက်တက် ရှယ်ယာ ၂၅% ကို ဝယ်ယူပြီးရင် ဘောလုံး ဆိုင်ရာ ထိန်းချုပ်မှုတွေအတွက် ညိနှိုင်းသွားမှာပါ။

ရက်ကလစ်ဟာ ကွင်းတွင်း၊ ကွင်းပြင် နှစ်ခုလုံးမှာ ရင်းနှီးမြုပ်နှံမှုသစ်တွေ ထည့်ဝင်ပေးဖွယ်ရှိပြီး အားကစား ဒါရိုက်တာသစ် မရခဲ့ရင်တောင နည်းပြတန်ဟက်ကို ဇန်နဝါရီမှာ ထောက်ပံ့မှု ပြုလုပ်ပေးဖွယ် ရှိပါတယ်။

နည်းပြ တန်ဟက်ဟာ သူ့လူစာရင်းမှာ ၂ နေရာက လူသစ်အားဖြည့်ဖို့ လိုအပ်တယ်လို့ ယုံကြည်နေပြီး ဇန်နဝါရီမှာ အင်အားဖြည့်လိုနေပါတယ်။

ပထမနေရာက အစွန်လူဖြစ်ပြီး လုရှောနဲ့ မာလာစီယာတို့ ကစားနိုင်ခြင်း မရှိပေမယ့် ညာခြမ်းကို အဓိက အားဖြည့် လိုနေပါတယ်။ ဘစ်ဆာကာဟာ ယူနိုက်တက်ရဲ့ အားနည်းချက် ဖြစ်လာနေပြီး ဒါလော့က အစွန် နှစ်နေရာလုံး ကစားနိုင်တာမို့ ပိုပြီး အန္တရာယ်ကြီးစွာ စိန်ခေါ်နိုင်မယ့် နည်းစနစ်ပိုင်း ခံစစ်သမားကို တန်ဟက်က အလိုရှိပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ လေဗာကူဆင် ခံစစ်သမား ဖရန့်ပေါင်ကို မျက်စိကျထားပြီး ဇန်နဝါရီမှာ သူ့ကို ရဖို့ကတော့ ခက်ခဲပါတယ်။

ဒါ့အပြင် နည်းပြတန်ဟက်က တောင်ပံသမား အသစ်ရဖို့လည်း မျှော်လင့်နေတယ်။ လက်ရှိ တောင်ပံသမားတွေဖြစ်တဲ့ ရက်ဖိုဒ့်၊ အန်တိုနီ၊ ဂနာချိုတို့အပေါ် တန်ဟက်က စိတ်ကျေနပ်မှု မရှိပါဘူး။ ၎င်းတို့ အားလုံးပေါင်းမှ သွင်းဂိုး ၁ ဂိုးပဲ ရသေးတာကို လက်မခံနိုင်ဖြစ်နေပါတယ်။

ယူနိုက်တက်ဟာ အသုံးစရိတ်အတွက် ဆန်ချိုကို ဇန်နဝါရီမှာ ရောင်းချနိုင်ပြီး တန်ဟက် အလိုရှိတဲ့ ၂ နေရာအတွက် ကင်းထောက်မှုတွေ လုပ်နေတာ ဖြစ်ပါတယ်။