ဒဏ်ရာ မရှိဘဲ ပေါ်တူဂီ လက်ရွေးစင် အသင်းကနေ နှုတ်ထွက်လာတဲ့ ဒါလော့၊ မန်ယူအသင်း ဖြေရှင်းချက် ထုတ်ပြန်
မန်ချက်စတာ ယူနိုက်တက် အစွန် နောက်ခံလူ ဒါလော့ ဟာ ပုဂ္ဂိုလ်ရေး အကြောင်းပြချက်ကြောင့် ပေါ်တူဂီအသင်း လူစာရင်းကနေ နှုတ်ထွက်ခဲ့တယ်လို့ သိရပါတယ်။
အသက် ၂၄ နှစ်သားဟာ ဒီရာသီယူနိုက်တက်အတွက် အရေးပါတဲ့ ကစားသမား တစ်ဦးအဖြစ် ပါဝင်နေပြီး ပြိုင်ပွဲစုံ ၁၇ ပွဲ အထိ ပါဝင်ကစားထားကာ ၁ ဂိုး သွင်းယူထားနိုင်ခဲ့ပါတယ်။ ဒါလော့ဟာ ပေါ်တူဂီအသင်း အတွက်လည်း အရေးပါတဲ့သူဖြစ်ပြီး အသင်းအတွက် ၈ ပွဲမှာ ၆ ပွဲအထိ ပါဝင်ကစားပေးထားခဲ့တာဖြစ်ပါတယ်။

မာတီနက်ဇ်ရဲ့အသင်းမှာ ဒါလော့ အရွေးချယ်ခံရတာက အံံ့သြစရာတော့ မဟုတ်တာဖြစ်ပါတယ်။ ပေါ်တူဂီအသင်းဟာ ဥရောပပြိုင်ပွဲဝင်ခွင့်ရရှိထားပြီးဖြစ်ကာ ပွဲစဉ် ၈ ပွဲစလုံးကို အနိုင်ရထားကာ ၃၂ ဂိုးသွင်း ၊ ၂ ဂိုးသာ ပေးထားခဲ့ရပါတယ်။
နိုဝင်ဘာနိုင်ငံတကာရက်သတ္တပတ်အတွင်း ဒါလော့တ်ဟာ နိုင်ငံအသင်းအတွက် ပါဝင်ကစားမှာမဟုတ်ပဲ ယူနိုက်တက် ဘက်ကတော့ ဒါလော့ဟာ ပုဂ္ဂိုလ်ရေး အကြောင်းပြချက်ကြောင့် နုတ်ထွက်ခဲ့တယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
“ယူနိုက်တက် ကြယ်ပွင့် ဒါလော့တစ်ယောက် လာမယ့်ယူရို ၂၀၂၄ အတွက်ကစားမယ့် ပေါ်တူဂီအသင်းလူစာရင်းကနေ နှုတ်ထွက်ခဲ့ပါတယ်။ မာတီနက်ဇ်နဲ့ စကားပြောပြီးနောက် ဒါလော့က ပုဂ္ဂိုလ်ရေးအကြောင်းပြချက်နဲ့အတူ နှုတ်ထွက်ခဲ့တာပါ။
ဒါလော့အစား ပေါ်တိုညာနောက်ခံလူ မာရီယိုက အစားဝင်မှာဖြစ်ပါတယ်။ အခြားတစ်ဖက်မှာတော့ ဒါလော့ရဲ့ အသင်းဖော် ဖာနန်ဒက်စ်ကတော့ နိုင်ငံအသင်းလူစာရင်းမှာ ပါဝင်နေဆဲပါ” လို့ မန်ချက်စတာ ယူနိုက်တက်ဘက်က ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
ဒါလော့ဟာ ဒီရာသီယူနိုက်တက်အသင်းရဲ့ညာနောက်ခံလူအဖြစ် တာဝန်ယူနေပေမယ့် ဝမ်ဘစ်ဆာကာ ပြန်လာချိန် မှာတော့ ဘယ်နောက်ခံလူအဖြစ်လည်း ကစားပေးနေတာဖြစ်ပါတယ်။ ဝမ်ဘစ်ဆာကာဟာ စနေနေ့တုန်းက လူတန်တောင်းနဲ့ပွဲကို လွဲချော်ခဲ့ပြီး ဒါလော့က ညာနောက်ခံလူအဖြစ်သာ ကစားခဲ့ရပါတယ်။