မန်ယူမှာ အီဗန်စ်ကြောင့် ဗာရန်း ဘယ်လောက် ခံရခက်၊ ခံစားနေရမလဲ သုံးသပ်စကား ဆိုလိုက်တဲ့ ရီယို ဖာဒီနန်
နည်းပြ အဲရစ် တန်ဟက်ရဲ့ ပွဲထွက်လူစာရင်းထဲမှာ ဂျွန်နီ အီဗန်စ်ကို နေရာပေးချင်နေတာကြောင့် ချန်လှပ် ခံခဲ့ရမှုကြောင့် ရာဖေးလ် ဗာရန်းရဲ့ ခေါင်းထဲမှာ ရှုပ်ထွေးပြီး အတော် ခံရခက်နလိမ့်မယ်လို့ ရီယိုဖာဒီနန်က သုံးသပ် ပြောဆိုခဲ့ပါတယ်။
ပြင်သစ်နောက်ခံလူဟာ ကြံ့ခိုင်မှုပြည့်ဝနေတဲ့အချိန်မှာဆိုရင် အသင်းရဲ့ အဓိကပွဲထွက်ကစားသမားတွေထဲက တစ်ဦးဖြစ်ခဲ့တာ ကြာခဲ့ပြီဖြစ်ပေမယ့်လည်း ပြီးခဲ့တဲ့ရက်သတ္တပတ်တွေမှာ ဝါရင့်နောက်ခံလူ ဂျွန်နီ အီဗန်စ်၊ လင်ဒီလော့ဖ်နဲ့ အရင်တုန်းက အသင်းလူစာရင်းထဲက ထုတ်ခံခဲ့ရတဲ့ မက်ဂွိုင်းယားကိုတောင် ဗာရန်းအစား ပွဲထွက်ခွင့် ပေးခဲ့တာဖြစ်ပါတယ်။

ဗာရန်း အနေနဲ့ တန်ဟက်နဲ့ ပြဿနာတက်ခဲ့တာဖြစ်နိုင်တယ်လို့ ပြောဆိုမှုတွေ ရှိခဲ့ပေမယ့်လည်း ဒတ်ချ်လူမျိုးနည်းပြကတော့ ရီးရဲလ်မက်ဒရစ်ဂန္တဝင်ကစားသမားနဲ့ ဘာပြဿနာမှမရှိဘူးလို့ ငြင်းဆန်ခဲ့ပြီး နည်းဗျူဟာအရ ဆုံးဖြတ်ချက် သက်သက်သာဖြစ်တယ်လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့်လည်း ဖာဒီနန်က တန်ဟက် ပြောတာကို မယုံကြည်ဘဲ ဗာရန်း ဟာ အသက် ၃၅ နှစ်အရွယ် နောက်ခံ ကစားသမားကြောင့် နေရာပျောက်ဆုံးရတဲ့အတွက် ဘယ်လို ဖြစ်နေမလဲဆိုတာကို ရှင်းပြခဲ့ပါတယ်။
“ကျွန်တော်တို့ ဗာရန်း ဘာဖြစ်နေလဲဆိုတာ မသိပါဘူး။ သူ အရန်ခုံပေါ်မှာရှိနေတယ်ဆိုရင် ခင်ဗျား သူ ကြံ့ခိုင်မှု ပြည့်ဝနေတယ်လို့ ခင်ဗျား တွေးမှာပဲ။ ကျွန်တော့်စိတ်ထဲမှာ ခင်ဗျား အရန်ခုံပေါ်မှာရှိနေတဲ့အချိန်မှာ ကစားနိုင်တယ်။ ဘာလို့လဲဆိုတော့ ပထမဆုံးမိနစ်မှာ တစ်စုံတယောက်က ဒဏ်ရာရသွားရင် ခင်ဗျား ဝင်ကစားရမှာပါ။
အဲဒီတော့ ခင်ဗျားက ခရီးလိုက်ထွက်ပြီး အရန်ခုံပေါ်မှာ ထိုင်နေဖို့အတွက် လုံလောက်တဲ့ကြံ့ခိုင်မှုမျိုးရှိရင် ခင်ဗျား ကစားလို့ရတယ်။ အဲဒီတော့ ဘာကြောင့် သူ့ကို ပေးမကစားလဲဆိုတဲ့အကြောင်းအရင်းကို ကျွန်တော် မသိပါဘူး။
ဒါပေမယ့် ကျွန်တော် သိတာက ဗာရန်း က အိပ်ရာကနိုးလာပြီး အဲဒီကိစ္စကို ခေါင်းထဲကနေ ထွက်သွားအောင် ခါယမ်းမိမှာပါ။
ဘာလို့လဲဆိုတော့ သူက ငါက ချန်ပီယံလိဂ်ဖလား ၅ လုံးရယူနိုင်ခဲ့တယ်။ အဲဒီ ဖလား ၅ လုံးစလုံးရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းအဖြစ် ကစားခဲ့တယ်။ ငါက ကမ္ဘာပေါ်က အကောင်းဆုံးကစားသမားတွေနဲ့ ကစားခဲ့တယ်။ ဒါပေမယ့် ငါ မန်ချက်စတာ ယူနိုက်တက်ကို ရောက်လာပြီး ဂျွန်နီ အီဗန်စ်က ငါ့ကိုကျော်ပြီး ပွဲထွက်ခွင့်ရနေတယ်လို့ တွေးမှာမို့လို့ပါ။
အီဗန်စ်ကို မလေးမစားပြောတာမဟုတ်ပါဘူး။ အီဗန် လုပ်ခဲ့တာတွေကို ထားပါဦး။ အီဗန်စ်က ဗာရွမ်းရဲ့စိတ်ထဲမှာ ဘယ်တုန်းကမှ ရှိနေစရာ အကြောင်းမရှိပါဘူး။ သူ ဘယ်တုန်းကမှ အီဗန်စ်က သူ့နေရာ ယူသွားမယ်လို့ တွေးမိခဲ့မှာမဟုတ်ပါဘူး။”လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။