အိုနာနာ၊ ဆန်ချို၊ ရစ်ချက်အာနိုးလ်၊ မက်ဂွိုင်းယားတို့နဲ့ နောက်ဆုံးရ မန်ချက်စတာ ယူနိုက်တက် ထူးခြား သတင်းများ
မန်ယူ ဂိုးသမား အိုနာနာ က ကင်မရွန်းလက်ရွေးစင် အသင်းနဲ့ အတူ ပါဝင်ဖို့ ဆုံးဖြတ် လိုက်တာကြောင့် မန်ချက်စတာ ယူနိုက်တက် အနေနဲ့ ကစားသမားကို မတားနိုင်တော့ဘဲ ခွင့်ပြုရဖို့ ရှိနေပါတယ်။
လာမယ့် ဇန်နဝါရီမှာ ဆန်ချို ကို အငှား ခေါ်ယူဖို့ ဂျူဗင်တပ်က ချိတ်ဆက်ခဲ့ပေမယ့် မန်ချက်စတာ ယူနိုက်တက်က ငြင်းဆန် ပယ်ချလိုက်ပြီး အပြီး ရောင်းဖို့သာ အလိုရှိကြောင်း တုန့်ပြန်ခဲ့ပါတယ်။
ရစ်ချက် အာနိုးက မန်ချက်စတာ ယူနိုက်တက်ရဲ့ စီအီးအို ရာထူးကနေ ဒီလကုန်မှာ နှုတ်ထွက်မှာ ဖြစ်ပါတယ်။ ဒါဟာ ယူနိုက်တက် ရှယ်ယာရှင်သစ် ဖြစ်လာတဲ့ ဆာ ဂျင် ရက်ကလစ်ရဲ့ ပြုပြင်ပြောင်းလဲရေး အစီအစဉ်ရဲ့ ခြေလှမ်း အစ လည်း ဖြစ်ပါတယ်။

အာနိုးလ်ဟာ မန်ယူ အသင်းနဲ့ ၁၆ နှစ်ကြာ အတူလက်တွဲခဲ့ဖူးသူ တစ်ယောက်ဖြစ်ပြီး ၎င်းရဲ့ အဓိက စွမ်းဆောင်ချက် တွေက ကွင်းတွင်း စီမံခန့်ခွဲမှုတွေအပြင် ကွင်းပြင်ပ ဝင်ငွေ ရှာဖွေနိုင်မှုတွေကြောင့် ဂလေဇာမိသားစုက အာနိုးလ်ကို အချိန်အတန်ကြာ တာဝန်ဆက်လက်ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။
မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ၎င်းတို့ကွင်းလယ်ကစားသမား ကာဆာမဲရိုး အတွက် အပြောင်းအရွှေ့တံခါး ဖွင်လှစ်လိုက်ပြီ ဖြစ်ကြောင်း သတင်းများ ထွက်ပေါ်လာခဲ့ပါတယ်။
မန်ယူအသင်း ဂန္တဝင် ကစားသမားဟောင်း ဆာဘောဘီ ချာလ်တန်ရဲ့ လွန်ခဲ့တဲ့ ၁၉၆၆ ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ် အတွင်း ဝတ်ဆင်ခဲ့တဲ့ ဂျာစီကို ပေါင် ၅၉၀၀၀ နဲ့ ရောင်းချနိုင်ခဲ့ကြောင်း သတင်းရရှိပါတယ်။
မန်ယူအသင်း တိုက်စစ်မှူးဟောင်း ဒွိုင်ယော့ခ်ကတော့ ပုံမှန်ပွဲထွက်ခွင့်ပြန်လည် ရရှိလာခဲ့တဲ့ အသင်းနောက်ခံလူ မက်ဂွိုင်းယားရဲ့ စိတ်ဓါတ်ပိုင်း သန်မာမှုကို ချီးကျူးပြောဆိုသွားခဲ့ပါတယ်။